Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Sunday, 17 March 2013

အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ စစ်မှုထမ်း ဘ၀ ရခိုင်ပြည်နယ် အတွေ့အကြုံ (အပိုင်း - ၁)

ဦးရော်နီညိမ်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ နာယက တစ်ဦးဖြစ်တဲ့ မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးကို ၁၉၄၈ လွတ်လပ်ရေး ခါနီး အချိန်က စတင် ခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ မတည်မငြိမ်အခြေအနေတွေနဲ့ ရခိုင်ပြည်နယ်မှာ သူ တာဝန် ထမ်းဆောင်စဉ်က အတွေ့အကြုံ တွေကို ဦးရော်နီညိမ်း က မေမြန်းဆွေးနွေးပြီး ဒီသီတင်းပတ်ရဲ့“ တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကို တင်ဆက် လိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လက်ပံတောင်းတောင် အစီရင်ခံစာ”

လက်ပံတောင်းတောင် အစီရင်ခံစာ ထုတ်ပြန်သည့် မတ်လ ၁၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်၌ လွှတ်တော်ရှိ သတင်းမီဒီယာ များနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ ဆုံမေးမြန်းချက်အား ဖော်ပြလိုက်ပါသည်။

Sunday, 10 March 2013

***** အရေးပေါ်သတင်း *****

မောင်တောမြို့နယ် ငွေတောင်ရခိုင်ကျေးရွာမှ ရွာသားများသည် (၁၀-၃-၂၀၁၃)နေ့တွင် ငွေတောင် တောင်ကြားတွင် အလုပ်လုပ်ရန် သွားရောက်သွား အခါ အမည်မသိကုလားအဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခဲ့ရာ ရွာသားအချို့မှာ လွတ်မြောက်လာခဲ့သော်လည်း ရခိုင်(၂)ဦးမှာ ဖမ်းဆီးခံခဲ့ ရကြောင်းသိရသည်။ 

Friday, 22 February 2013

“ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်စစ်တွေမြို့နယ်နှင့် ပေါက်တော မြို့နယ်ရှိ နယ်မြေ ၂ ခု၊ စခန်း ၆ ခု အတွက် တိုင်းတစ်ပါးသား လူဦးရေထိန်းချုပ်ရေးဆောင်ရွက်ရန် ဒေသန္တရအမိန့်ထုတ်ပြန် ပေးရန် အစီအစဉ်ရှိ၊ မရှိ စပ်လျဉ်းသည့်မေးခွန်း” အား စစ်တွေမဲဆန္ဒနယ် မှဦးမောင်ညိုအမေးနှင့် ဗိုလ်မှူးချုပ်ကျော်ဇံမြင့် (ဒုတိယဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးဌာန) မှအဖြေ


Photo: “ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်စစ်တွေမြို့နယ်နှင့် ပေါက်တော မြို့နယ်ရှိ နယ်မြေ ၂ ခု၊ စခန်း ၆ ခု အတွက် တိုင်းတစ်ပါးသား လူဦးရေထိန်းချုပ်ရေးဆောင်ရွက်ရန် ဒေသန္တရအမိန့်ထုတ်ပြန် ပေးရန် အစီအစဉ်ရှိ၊ မရှိ စပ်လျဉ်းသည့်မေးခွန်း” အား စစ်တွေမဲဆန္ဒနယ် မှဦးမောင်ညိုကမေးမြန်းရာ-

ရခိုင်ပြည်နယ် ဘင်္ဂလားပင်လယ် ရေပြင်နှင့် ဆက်စပ်တည်ရှိပြီး မြစ်ကြီးများ၊
ချောင်းများ ပေါများကာ ပင်လယ်ထွက်ပေါက်များသော ဒေသတစ်ခု
ဖြစ်ပါတယ်။ နိုင်ငံ၏ အနောက်ဘက်တစ်လျှောက် မိုင် ၂၅၀ ခန့် လူဦးရေသိပ်သည်း များပြားသော အိမ်နီးချင်းနိုင်ငံနှင့် ဆက်စပ်နေပါတယ်။ ဤသို့ ပထဝီအနေအထားများကြောင့် နယ်ချဲ့ ကိုလိုနီစနစ်အောက် ကျရောက်စဉ် ဆိုးမွေအဖြစ်လည်းကောင်း၊ လွတ်လပ်ရေးရပြီးစ နိုင်ငံ
အတည်ငြိမ် အခြေအနေများကြောင့်လည်းကောင်း၊ယခင်ခေတ် နိုင်ငံရေး
ပါတီများ၏ တာဝန်မဲ့လုပ်ရပ်များ ကြောင့်လည်းကောင်း နယ်စပ်ဒေသ
ဝန်ထမ်းအချို့၏ နိုင်ငံရေး၊ အမျိုးသားရေးခံယူချက်အားနည်း ချက်များကြောင့်လည်းကောင်း ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက် လာမှုများ အဆက်မပြတ်ရှိနေပါတယ်။ ရခိုင်ပြည်နယ် လက်ရှိလူဦးရေကို လေ့လာကြည့်ရင် အထူး သဖြင့် မောင်းတော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် စစ်တွေ၊ ပေါက်တောမြို့နယ်များတွင် တိုင်းရင်းသားမဟုတ်သော တိုင်းတစ်ပါးသား လူဦးရေမှာ ဒေသခံ တိုင်းရင်းသား များ၏ လူဦးရေများကို ကျော်လွန်ပြီး စိုးမိုးနေပါတယ်။ ကျော်လွန်လွှမ်းမိုးနေတဲ့ လူဦးရေပျံ့ပွားမှုနှုန်းမှာ စိုးရိမ်စရာဖြစ်ပြီး မဖြစ်အပ်တဲ့ လုံးဝဖြစ်သွားနိုင်တဲ့အခြေအနေရှိပါတယ်။ ရခိုင်ပြည်နယ်တွင် မလိုလားအပ်သော တည်ငြိမ်အေးချမ်းမှုများ ကင်းမဲ့သည့်အခြေအနေများ ရင်ဆိုင်ရန်အခြေအနေရှိပါတယ်။ ဤသို့သော အခြေအနေများကြောင့် အနောက်ဘက်ဒေသဖြစ်သော ရခိုင်ပြည်နယ်အပါအဝင် ပြည်ထောင်စု တစ်ခုလုံး၏ တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို မည်သို့သော အန္တရာယ်တစ်စုံတစ်ခုမျှ မကျရောက်စေရေးအတွက် အလွန်အလေးဂရုပြုရန် ကြိုးပမ်းဆောင်ရွက် ဖို့ လေးနက်စွာယုံကြည်ပါတယ်။ တိုင်းရင်းသားမဟုတ်သော တိုင်းတစ်ပါးသားများ၏ လူဦးရေကိုကန့်သတ် ထိန်းချုပ်နိုင်ရေးအတွက် နယ်စပ်ဒေသ လူမှုစစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ်အောက် နယ်မြေ ၉ ခု၊ စခန်း ၂၆ ခု ဖွင့်လှစ်ပြီး ဒေသအမိန့်ထုတ်ပြန် ဆောင်ရွက်ခြင်းဖြင့် လူဦးရေကန့်သတ်ထိန်းချုပ်ခြင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မေးခွန်းက ရခိုင်ပြည်နယ် တိုင်းတစ်ပါးသား လူဦးရေများကို ထိန်းချုပ်ရန်လိုအပ်သည့် စစ်တွေမြို့နယ် နှင့် ပေါက်တောမြို့နယ်တို့တွင် လူဦးရေထိန်းချုပ်ရေး ဆောင်ရွက်ရန် နယ်မြေ ၂ ခု၊ စခန်း ၆ ခု ထပ်မံ ဖွင့်‌လှစ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့တွင် တိုင်းတစ်ပါးသား လူဦးရေထိန်းချုပ်ရေး ဆောင်ရွက်ရန် ဒေသန္တရအမိန့်ထုတ်ပြန်ပေးရန် တင်ပြ သော်လည်း ထုတ်ပြန်ပေးခြင်းမရှိသဖြင့် နယ်မြေ ၂ ခု၊ စခန်း ၆ ခုတွင် တိုင်းရင်းသားမဟုတ်သော လူဦးရေထိန်းချုပ်ရေး ဆောင်ရွက်ရာတွင် အခက်အခဲများရှိနေပါတယ်။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မလိုလားအပ်သော ပြဿနာများမပေါ်ပေါက်စေရေးအတွက် စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်ရှိ နယ်မြေ ၂ ခု၊ စခန်း ၆ ခုအတွက် ဒေသန္တရအမိန့်ထုတ်ပေးပါရန် အစီအစဉ် ရှိ၊မရှိ မေးလိုပါတယ်။
ရခိုင်ပြည်နယ် ဘင်္ဂလားပင်လယ် ရေပြင်နှင့် ဆက်စပ်တည် ရှိပြီး မြစ်ကြီး များ၊ ချောင်းများ ပေါများကာ ပင်လယ်ထွက်ပေါက်များသော ဒေသတစ် ခု ဖြစ်ပါတယ်။ နိုင်ငံ၏ အနောက်ဘက်တစ်လျှောက် မိုင် ၂၅၀ ခန့် လူဦးရေသိပ်သည်း များပြားသော အိမ်နီးချင်းနိုင်ငံနှင့် ဆက်စပ်နေပါ တယ်။ ဤသို့ ပထဝီအနေအထား များကြောင့် နယ်ချဲ့ ကိုလိုနီစနစ်ေ အာက် ကျရောက်စဉ် ဆိုးမွေအဖြစ်လည်းကောင်း၊ လွတ်လပ်ရေး ရပြီး စ နိုင်ငံအတည်ငြိမ် အခြေအနေများေ ကြာင့်လည်းကောင်း၊ ယခင်ေ ခတ် နိုင်ငံရေး ပါတီများ၏ တာဝန်မဲ့ လုပ်ရပ်များ ကြောင့်လည်းကောင်း နယ်စပ်ဒေသ ဝန်ထမ်းအချို့၏ နိုင်ငံရေး၊ အမျိုးသားရေးခံယူချက်အား နည်း ချက်များကြောင့်လည်းကောင်း ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက် လာမှုများ အဆက်မပြတ်ရှိနေပါတယ်။

Thursday, 21 February 2013

ဂွမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးကြည်သာအမေးနှင့် ဦးထင်အောင်(ဒုတိယဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန) အဖြေ

Fri, 02/22/2013 - 10:31
မေးခွန်း အကြောင်းအရာ
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ရဲ့ ဘတ်ဂျက်ကို ရေးဆွဲနေသည့်အချိန်ဖြစ်သည့်အတွက် နိုင်ငံတော်က တင်ပြထားသော ဘတ်ဂျက်၏ နောက်ဆက်တွဲ ၃ ဇယား ၅၉ မှာ ဖော်ပြထားသည့် ကိန်းဂဏန်းကိုကြည့်ရင် ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ဓာတ်ဆီ ဂါလန်ပေါင်း ၁၃၁.၆၉၆ သန်း ထုတ်လုပ်မယ်လို့ လျာထားပြီး၊ ၂၀၁၃- ၂၀၁၄ မှာ ဂါလန်သန်းပေါင်း ၇၀၈ သန်းခန့်သာ လျော့ပြီး ထုတ်သည့် အတွက်ေ ကြာင့် ပြောင်းလဲ မှုရာနှုန်းဖြင့် ၄၀.၄ ရာနှုန်း လျော့နည်း ထုတ်မယ်လို့ နောက်ဆက်တွဲ ၃ မှာ အတိအကျဖော်ပြထားပါသည်။

Wednesday, 20 February 2013

ခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ပြည်ပနိုင်ငံသားများ လာရောက် လည်ပတ်မှုကို တားမြစ်ထားခြင်းမှ ပြန်လည် သွားလာခွင့်ပြုရန်နှင့် စပ်လျဉ်းသည့် မေးခွန်း” ဦးအောင်ထွန်းသာ အမေးနှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ရွှေ အဖြေ


Photo: “ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့  ပြည်ပနိုင်ငံသားများ လာရောက် လည်ပတ်မှုကို တားမြစ်ထားခြင်းမှ ပြန်လည် သွားလာခွင့်ပြုရန်နှင့် စပ်လျဉ်းသည့် မေးခွန်း” ဦးအောင်ထွန်းသာ (မြောက်ဦး မဲဆန္ဒနယ်) မှ မြေမြန်းရာတွင်-

ရခိုင်ပြည်နယ် မြောက်ဦး ဒေသသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စုစည်းတည်ရှိရာ သုတေသန နယ်မြေ တစ်ခု ဖြစ်ပြီး  ၁၄၃၀ ခုနှစ်မှာ စတင်ခဲ့တဲ့ မြို့ရိုး တံတိုင်းများ၊ နန်းတော်ရာ ကုန်းနှင့် သမိုင်းဝင်ဘုရား ပုထိုးစေတီများ တည်ရှိနေသော နယ်မြေ ဖြစ်ပါသည်။ ပုဂံကဲ့သို့ ကမ္ဘာလှည့်ခရီးသည်များ၊ နိုင်ငံတကာ သမိုင်းပညာရှင်များ၊ သုတေသီများ အထူးစိတ်ဝင်တစား လာရောက်သော ဒေသလည်း ဖြစ်သောကြောင့် မြောက်ဦးဒေသတိုးတက်ဖွံ့ဖြိုးရေးဟာ ရခိုင်ပြည်နယ် အတွက်သာမက ပြည်ထောင်စုကြီး တစ်ခုလုံး အတွက်လည်း အလွန် အရေးကြီးပါကြောင်း၊ ၎င်းနယ်မြေသည် ရခိုင်လူမျိုးများတို့ရဲ့ အနုပညာယဉ်ကျေးမှုနှင့် ဆက်စပ်နေသကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတစ်ခုဖြစ်တဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း အတွက် အလွန်အရေးပါနေသော နေရာတစ်ခုလည်းဖြစ်ပါသည်။ 
သို့သော် ၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်းက တစ်ကျော့ပြန် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် မြောက်ဦးဒေသသို့ ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်မှုကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ တားမြစ်ပိတ်ပင် ထားခဲ့ပါသည်။ လက်ရှိအခြေအနေ၌ မြောက်ဦးမြို့သည် ပဋိပက္ခဖြစ်ပွားရာဒေသနှင့် ဝေးကွားသည့်လျှောက် တည်ငြိမ်အေးချမ်းမှုများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း ခရီးသွားလာခွင့်ကို ကန့်သတ်ထားဆဲဖြစ်ရာ တပိုင်တနိုင် လုပ်ကိုင် ရှာဖွေစားသောက်နေကြသော ဒေသခံပြည်သူများ၊ နိုင်ငံခြားခရီးသွား ဧည့်သည်များအား ဝန်ဆောင်မှုပေးနေသော ဟိုတယ်များ၊ တည်းခိုခန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စသည့်လုပ်ငန်းများမှာ လုံးဝရပ်ဆိုင်းသွားတော့မည့် အနေအထားကို ရောက်ရှိနေရပါကြောင်း၊ အကျိုးဆက်အနေဖြင့် ယခုနှစ်သွားလာမှု ပိတ်ပင်ထားမှုကြောင့် နောင်လာမည့် နှစ် အတွက်ပါ ကြိုတင်စာရင်းပေးထားမှုများ မရှိတော့ပြီဖြစ်၍ ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များ စီးပွားရေး ကျဆင်းသကဲ့သို့ နိုင်ငံတော်အတွက်ပါ နိုင်ငံခြားဝင်ငွေလျော့နည်းလာနိုင်သည်ဖြစ်သည့်အတွက် ပဋိပက္ခဖြစ်ပွားခဲ့သော နေရာနှင့်ဝေးကွာသည့် မြောက်ဦးမြို့သို့ ပြည်ပနိုင်ငံသားများ လာရောက်မှုကို ဟန့်တားထားခြင်းမှ ပြန်လည်သွားလာခွင့်ပြုရန် ဒေသခံပြည်သူများ၊ နိုင်ငံခြားခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်များ နှင့် ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်ကြသူများ ဆန္ဒအရ “ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ပြည်ပနိုင်ငံသားများ လာရောက်လည်ပတ်မှု ကို တားမြစ်ထားခြင်းမှ ယခုနှစ်တွင် ပြန်လည်သွားလာခွင့်ပြုရန် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့်‌လတွင် ပြန်လည်ခွင့်ပြုပေးမည်” ကို သိရှိလိုပါကြောင်း မေးမြန်းသွားပါသည်။  ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ပြည်ပနိုင်ငံသားများ လာရောက် လည်ပတ်မှုကို တားမြစ်ထားခြင်းမှ ပြန်လည် သွားလာခွင့်ပြုရန်နှင့် စပ်လျဉ်းသည့် မေးခွန်း” ဦးအောင်ထွန်းသာ (မြောက်ဦး မဲဆန္ဒနယ်) မှ မြေမြန်းရာတွင်-

ရခိုင်ပြည်နယ် မြောက်ဦး ဒေသသည် ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များ စုစည်းတည်ရှိရာ သုတေသ န နယ်မြေ တစ်ခု ဖြစ်ပြီး ၁၄၃၀ ခုနှစ်မှာ စတင်ခဲ့တဲ့ မြို့ရိုး တံတိုင်းများ၊ နန်းတော်ရာ ကုန်းနှင့် သမိုင်း ဝင်ဘု ရား ပုထိုးစေတီများ တည်ရှိနေသော နယ်မြေ ဖြစ်ပါသည်။ 
 

“မြန်မာနိုင်ငံတွင် သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ကို အသိအမှတ်ပြုပါသလားနှင့် စပ်လျဉ်းသည့်မေးခွန်း” အား စစ်တွေမဲဆန္ဒနယ်မှ ဦးခင်မောင်ညိုအမေးနှင့် ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း အဖြေ

ရခိုင်ပြည်နယ် ဒေသခံ ရခိုင်တိုင်းရင်းသားများနဲ့ ဧည့်သည်တစ် ဖက်နိုင်ငံမှ ကုလား ခေါ် ဘင်္ဂါလီ မျိုးနွယ်စု ပဋိပက္ခ ဖြစ်ကြရာ တွင် နှစ်ဖက်စလုံးမှ အသေအပျောက်များ၍ ပစ္စည်းဥစ္စာများ ဆုံးရှုံး နစ်နာခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ်ကပင် ရန်စခဲ့သော ပဋိပက္ခသည် အကြိမ်များစွာ ပျောက်လိုက်ပေါ်လိုက် ဖြစ်ခဲ့သည်မှာ ၂၀၁၂ ခုနှစ်အထိ သက်တမ်းရှည်ခဲ့ပါတယ်။ သမိုင်းတွင် မရှိခဲ့သည့် တရားမဝင်သော လို အပ်ဆန္ဒကြောင့် သူများပစ္စည်းကို မတရားလိုလားတောင်းဆိုမှု၊ လုယက် တိုက်ခိုက်မှု၊ 

“မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးရှိပါသလားနှင့်စပ်လျဉ်းသည့်မေးခွန်း” အားရသေတောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ အမေးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း အဖြေ

“မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးရှိပါသလားနှင့်စပ်လျဉ်းသည့်မေးခွန်း” အားရသေတောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ မေးမြန်းရာတွင်-

ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ နှစ်ပေါင်းရှည်ကြာ ဖြတ်သန်းခဲ့ရသော သမိုင်းဆိုင်ရာ ရှေးဟောင်းစေတီ ပုထိုးလက်ရာများဖြင့် ယနေ့ထက်တိုင် ပြည့်စုံကြွယ်ဝတဲ့ ဒေသ တစ်ခု ဖြစ်ပါတယ်။ ရခိုင်ဒေသဟာ ၁၈၂၄ ခုနှစ် ရခိုင်ပိုင် ရှင်မဖြူမကျွန်းကို အင်္ဂလိပ်ကိုလိုနီနယ်ချဲ့များက လက်နက်အားကိုးဖြင့် အဓမ္မလုယူခြင်းမှ စပြီးတော့ အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပေါ်ကာ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပြီး အိန္ဒိယ၊ ဘင်္ဂလား၊ စစ်တကောင်းအနေနဲ့ တစ်ဆက် တစ်စပ်တည်းလည်း ဖြစ်ခဲ့ပါတယ်။ ဒီလိုကိုလိုနီစနစ်လက်အောက်မှ ကျရောက်ရခြင်းဆိုးမွေအဖြစ်လည်းကောင်း၊ လွတ်လပ်ရေးရပြီးစ နိုင်ငံ မတည်ငြိမ်တဲ့ အခြေအနေများကြောင့် လည်းကောင်း၊ ယခင်ခေတ်အဆက်ဆက်က နိုင်ငံရေးပါတီများ၏ တာဝန်မဲ့လုပ်ရပ်များကြောင့်လည်းကောင်း၊ ဒေသဝန်ထမ်းတချို့၏ နိုင်ငံရေး၊ အမျိုးသားရေး ခံယူချက်အားနည်းမှုကြောင့်လည်းကောင်း ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားတိုင်းတစ်ပါးသားများ တရားမဝင် လာရောက်မှု စဉ်ဆက်မပြတ် ရှိနေခဲ့ပါတယ်ရှင့်။ တိုင်းရင်းသား မဟုတ်တဲ့ တိုင်းတစ်ပါးသားတို့ရဲ့ လူဦးရေ ပျံ့ပွားမှု များ၊ တရားမဝင် ဝင်ရောက်လာသူများ တိုးပွားများပြားလာတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ တည်ငြိမ်အေးချမ်းမှုကင်းမဲ့တဲ့ ပဋိပက္ခများကို ပြင်းထန်စွာရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်ရှင့်။ ၁၉၈၂ ခုနှစ် ပြည်သူ့ လွှတ်တော်ဥပဒေအမှတ် (၄) အဖြစ် ပြဋ္ဌာန်းတဲ့ မြန်မာနိုင်ငံသားဥပဒေ အခန်း(၂) ပုဒ်မ ၃ တွင် နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတစ်ခုခု၌ ၁၈၂၃ ခုနှစ်မတိုင်မီကစ၍ ပင်းရင်းနိုင်ငံအဖြစ် မှီတင်းနေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားများနဲ့ မျိုးနွယ်စုများဟာ မြန်မာနိုင်ငံသားများဖြစ်တယ်လို့ တိကျစွာပြဋ္ဌာန်းထားတာကိုလည်း တွေ့ရှိရပါတယ်ရှင်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာအပေါ်မူတည်ပြီး တော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို ပြောဆိုသုံးနှုန်းခြင်း၊ သူတို့က ဘင်္ဂါလီဆိုတဲ့အသုံးနှုန်းကို သုံးနှုန်းပြောဆိုကြခြင်းများ ပြုနေကြကြောင်းကိုလည်း တွေ့မြင်သိရှိနေရပါတယ်ရှင်။ အဲ့ဒီအခေါ်အဝေါ်ပေါ် မူတည်ပြီးတော့ မလိုလားအပ်တဲ့ ပြဿနာများနှင့်ပဋိပက္ခများ ဖြစ်ပေါ်လျက် ရှိနေတာကိုလည်း သိနေရပါတယ်ရှင်။ အဲ့ဒီအတွက်ကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်သောဝန်ကြီးဌာနကို အောက်ပါမေးခွန်းများကို မေးမြန်းလိုပါတယ်ရှင်။ (က) မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးရှိပါသလားရှင်။ (ခ) ရှိသည်ဆိုပါက မည်သူများဖြစ်ကြပါသလဲ။ (ဂ) မရှိဘူးဆိုပါက အထောက်အထားနဲ့ ညွှန်းဆိုပြောပြနိုင်ပါသလားရှင်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ် ဟာ နှစ်ပေါင်းရှည်ကြာ ဖြတ်သန်းခဲ့ရသော သမိုင်းဆိုင်ရာ ရှေးဟောင်းစေတီ ပုထိုးလက်ရာများဖြင့် ယနေ့ထက်တိုင် ပြည့်စုံကြွယ်ဝတဲ့ ဒေသ တစ်ခု ဖြစ်ပါတယ်။ ရခိုင်ဒေသဟာ ၁၈၂၄ ခုနှစ် ရခိုင်ပိုင် ရှင်မဖြူမကျွန်းကို အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့ များက လက်နက်အားကိုးဖြင့် အဓမ္မလုယူခြင်းမှ စပြီးတော့ အင်္ဂလိပ်-မြန်မာ စစ် ပွဲဖြစ်ပေါ်ကာ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပြီး အိန္ဒိယ၊ ဘင်္ဂလား၊ စစ် တကောင်းအနေနဲ့ တစ်ဆက် တစ်စပ်တည်းလည်း ဖြစ်ခဲ့ပါတယ်။ 

Monday, 18 February 2013

ဖက်ဒရယ် မရရင် တိုင်းရင်းသားများ လက်နက်စွန့်မည် မဟုတ် (အင်တာဗျူး)

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြှောက် ပြည်ထောင်စုနေ့ကို ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ကမှ ညီနောင် တိုင်းရင်းသားပါတီများ ဖယ်ဒရယ်ရှင်း အဖွဲ့ဝင် တိုင်းရင်းသား ပါတီတွေက ရန် ကုန်မြို့ တော်ဝင်နှင်းဇီမှာ ကျင်းပခဲ့ကြပါတယ်။ တိုင်ရင်းသားတွေ ဘာကြောင့် ပြည်ထောင် စုနေ့ ကို ဖေဖေါ် ၀ါရီလ ၁၂ ရက်နေ့မှာ မကျင်းပဘဲ ၁၆ ရက်နေ့မှာ ကျင်းပရတာပါလဲလို့ အဖွဲ့ဝင် ပါတီ တစ်ခု ဖြစ်တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကို နိရဉ္စရာက ဆက် သွယ် မေးမြန်းကြည့်တဲ့ အခါ သူက အခုလို စပြောပါတယ်။
20130216_095826

Sunday, 17 February 2013

ဒုက္ခသည်တွေ နေထိုင်ရေးအဆင်ပြေရင် နှစ်ဖက်ယုံကြည်မှုတိုးအောင် လုပ်ပေးဖို့လိုတယ်” (စစ်တွေရောက် အီရန်သံအမတ်Hossien Kamalianနှင့်တွေ့ဆုံခြင်း)


မိုးဝေ - ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup on 17 Jan, 2013



ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက်  အကူ အညီပေးရန် ဇန်နဝါရီ (၁၅) ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိလာသော အီရန်နိုင်ငံ မှသံအမတ်(Hossien  Kamalian) ဦးဆောင်သည့်  (၁၁) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်နှင့်ဘင်္ဂ လီဒုက္ခသည်စခန်းများသို့ သွားရောက်ကူညီခဲ့သည်။
၎င်းတို့၏ ခရီးစဉ်နှင့်ပတ်သက်၍ အီရန်သံအမတ် Hossien  Kamalianအား  မြစ်မခသတင်းမီဒီယာမှ သွားရောက် မေးမြန်းခွင့်ရခဲ့သည်။

ဖက်ဒရယ် မရရင် တိုင်းရင်းသားများ လက်နက်စွန့်မည် မဟုတ် (အင်တာဗျူး)

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြှောက် ပြည်ထောင်စုနေ့ကို ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ကမှ ညီနောင် တိုင်းရင်းသားပါတီများ ဖယ်ဒရယ်ရှင်း အဖွဲ့ဝင် တိုင်းရင်းသား ပါတီတွေက ရန် ကုန်မြို့ တော်ဝင်နှင်းဇီမှာ ကျင်းပခဲ့ကြပါတယ်။ တိုင်ရင်းသားတွေ ဘာကြောင့် ပြည်ထောင် စုနေ့ကို ဖေဖေါ် ၀ါရီလ ၁၂ ရက်နေ့မှာ မကျင်းပဘဲ ၁၆ ရက်နေ့မှာ ကျင်းပရတာပါလဲလို့ အဖွဲ့ဝင် ပါတီ တစ်ခု ဖြစ်တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကို နိရဉ္စရာက ဆက် သွယ် မေးမြန်းကြည့်တဲ့ အခါ သူက အခုလို စပြောပါတယ်။

Sunday, 18 November 2012

ရခိုင်ကော်မရှင်အဖွဲ့ဝင် ဦးအောင်နိုင်ဦးနှင့် မေးမြန်းခန်း

ဦးအောင်နိုင်ဦး

ဦးသန်းလွင်ထွန်း
ရခိုင်ပြည်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ လူမျိုးရေး၊ ဘာ သာရေး၊ နိုင်ငံသား၊ တိုင်းရင်းသား ပြဿနာတွေ အပြင် စီးပွားရေး၊ လူမှုရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင် ရာ ပြဿနာ ပါ ဖြစ်တဲ့အတွက် အချိန်ယူ ဖြေရှင်းရ မှာဖြစ်ကြောင်း လောလောဆယ်မှာ တည်ငြိမ်အေးချမ်းရေး သာ အဓိကဖြစ်ကြောင်း ပဋိပက္ခ စုံစမ်းရေးကော် မရှင် အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးအောင်နိုင်ဦး က ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီကို ခေတ္တရောက် ရှိနေတဲ့ ဦးအောင်နိုင်ဦးကို တွေ့ဆုံမေးမြန်းထားပါတယ်။

Saturday, 17 November 2012

ရခိုင်ပဋိပက္ခ္ခနဲ့ ပတ်သက်တဲ့ အစိုးရလုပ်ဆောင်ချက်ကို ဘန်ကီမွန်း ကြိုဆို

2012-11-17
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခ္ခတွေနဲ့ ပတ်သက်ပြီး မြန်မာခေါင်းဆောင်တွေ ချမှတ်လုပ်ဆောင်နေတဲ့ အစီအစဉ်ဟာ မှန်ကန်တဲ့ လမ်းကြောင်းကို ဦးတည်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ကြိုဆိုလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်က အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းသို့ ရောက်ရှိနေစဉ်။

Wednesday, 14 November 2012

(VOA) မှ ဦးကျော်ဇံသာ၏ မျက်မှောက်ရေးရာ ဆွေးနွေးခန်း (ရခိုင်အရေးအခင်း)



ရခိုင် - ကမန် အကြမ်းဖက် ပဋိပက္ခ
07.11.2012
ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ကာလကြာရှည်စွာ အတူရှင်တွဲ နေထိုင်လာခဲ့တဲ့ ရခိုင် လူမျိုးတွေနှင့် တိုင်ရင်းသား ကမန်တွေကြားမှာ ဘာကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရပါသလဲ။ ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့သတင်းတပတ်က ကမန်အမျိုးသားတစ်ဦးနှင့် မေးမြန်းခဲ့သလို အခုတပတ်မှာတော့ ရခိုင်အမျိုးသား ဦးဘချမ်းဖြူ နှင့် ဦးကျော်ဇံသာက ဆွေးနွေးသုံး သပ်ပြထားပါ တယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် ပြီးခဲ့တဲ့အပတ်တုန်းက ကျနော်ရဲ့  မြန်မာ့အရေးသုံးသပ်ချက်မှာ ကျောက် နီမော်က ကမန်အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခဟာ ရခိုင်ပြည်အလယ်ပိုင်း တောင်ပိုင်းဘက်ကိုပါ နည်းနည်းကူးစက်လာမည့် သဘောတွေ့နေ ပါတယ်။ 

(ဘီဘီစီ) မြန်မာ့အရေး ကမ္ဘာ့အရေး ဆွေးနွေးခန်း ( စိတ်ဝင်စားစရာ)



နိုဝင်ဘာလ ၁၀ ရက် ၂၀၁၂- စနေနေ့ ညနေပိုင်း (ဘီဘီစီ) မြန်မာ့အရေးကမ္ဘာ့အရေး ဆွေးနွေးခန်း
မောင်တောမြို့နယ် ကြံခိုင်ရေးပါတီ အမျိုးသားလွတ်တော်အမတ်- ဦးဌေးဝင်း၊ ကမန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးတင်ငွေ၊ ရှမ်းဒီမိုကရက်တစ်ပါတီ သီပေါမြို့နယ် လွတ်တော် အမတ် ပြည်သူ့လွတ်တော်အမတ် ဦးရဲထွန်း တို့နဲ့ ဘီဘီစီ မြန်မာပိုင်းမှာ ဦးမောင်မောင်သန်းတို့ ဆွေးနွေးကြသည်။
------------------------------------------ 
BBC-ရခိုင်ပြည်နယ်မှာ အခုပေါက်တောကစပြီးတော့ - လ၀က တို့ဘာတို့က ဦးဆောင်ပြီးတော့ အဖွဲ့ ဖွဲ့ပြီးတော့ နိုင်ငံသားဟုတ်မဟုတ်ဆိုပြီးတော့ ဧည့်စာရင်းတွေ လိုက်ကြည့်နေတယ်ပေါ့နော် အဲတော့ ဒီကိစ္စနဲ့ပတ်သတ်လို့ ကနေ့အမျိုးသားလွတ်တော်မှာလည်း ပြောကြဆိုကြတယ်လို့ သိရ တယ်လေ။ ဦးရဲထွန်းတို့ အမတ်တွေအနေနဲ့ ဘာတွေသိထားလည်းခင်ဗျာ။
ဦးရဲထွန်း- ဒီအရေးအခင်းကိစ္စမှာ ငြိမ်ငြိမ်သက်သက်ဖြစ်သွားဖို့ဆိုတာကာတော့ တရားဥပဒေစိုးမိုးရေး နဲ့ ငြိမ်ဝပ်ပိပြားရေးပေါ့ အဲဒါကို ဆောင်ရွက်တဲ့အချိန်တည်းမှာဘဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ကို ကိုင်စွဲပြီးတော့စီစစ်တာတွေလုပ်မယ်ဆိုရင် နိုင်ငံသားမဟုတ်တဲ့ ခိုးဝင်နေတဲ့ လူတွေကတော့ အလျှိုလျှို ပြန်ပြေးကြလိမ့်မယ်လို့ ကျွန်တော်က ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့  ပြဿနာက တရားဥပ ဒေနဲ့အညီပေါ့ တိတိကျကျဖြစ်တယ်ဆိုရင် တော်တော်လေး အေးအေး ချမ်းချမ်းဖြစ် လိမ့်မယ်လို့ ထင်ပါတယ်။ 

UN လူ့အခွင့်အရေး အထူးကိုယ်စားလှယ် နဲ့ မြန်မာ့အရေး

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana စစ်တွေ လေဆိပ်ရောက်ရှိစဉ်...

Monday, 22 October 2012

ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းရေးကော်မရှင်ထံမှ အကြံပြုချက်များ မရှိသေးဟုဆို


Print
Monday, 22 October 2012 06:01

ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းရေး ကော်မရှင်ထံမှ အကြံပြုချက်များ မရရှိသေးကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နေပြည်တော် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

"အခုဆိုရင် ကြားအဖွဲ့အစည်းတစ်ခုအနေနဲ့ ၂၇ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ သွားပြီးစုံစမ်းနေပါတယ်။ ဒီအဖွဲ့လည်း တော်တော်လည်း ဦးနှောက်ခြောက်နေပုံရပါတယ်။ ဒီနေ့ အထိ ကျွန်တော့်ဆီကို အကြံပေး တာတွေ ဘာမှမလုပ်နိုင်သေးပါဘူး။ သူတို့ရဲ့ အကြံပေးချက်ပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင် အကောင်အထည် ဖော်သွားဖို့ရှိပါတယ်"ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါသည်။

Sunday, 30 September 2012

သမ္မတဦးသိန်းစိန်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံ မေးမြန်းခန်း


ဦးသန်းလွင်ထွန်း
သတင်းမီဒီယာတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ သိသင့်တဲ့ ကိစ္စတွေကို ကြော်ငြာပေးရာ ရောက်တဲ့ အတွက် ကျေးဇူးတင်တယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောဖို့ အမေရိကန် ပြည်ထောင်စုကို လာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အပြီး ဗွီအိုအေ မြန်မာ ပိုင်းက သီးသန့် တွေ့ဆုံ မေးမြန်းခဲ့စဉ်မှာ ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ 
 

Thursday, 27 September 2012

မ္မတဦးသိန်းစိန်နဲ့အတူလိုက်ပါလာတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကို မေးမြန်းချက်


ကိုဝင်းမင်း | 26.09.2012 

မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ စက်တင်ဘာလ ၂၇ ရက် ကြာသာပတေးနေ့ကျရင် မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ 
သမ္မတဦးသိန်းစိန်ဟာ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကို ရောက်ရှိလာတဲ့ မနေ့အင်္ဂါနေ့ မှာ ပဲ မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန်နိုင် ငံခြားရေး ဝန်ကြီး ကလင်တန်နဲ့ တခြား သြဇာကြီးတဲ့ အမေရိကန်ထိပ်တန်း အရာ ရှိဟောင်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

Tuesday, 25 September 2012

ရခိုင်နိုင်ငံရေးပါတီနှစ်ခု ပေါင်းစည်းရေးနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်

  Sunday, 16 September 2012 01:16   


ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ဥက္ကဌ ဒေါက်တာအေးမောင်နှင့် ရခိုင်ဒီမိုကရေ စီအဖွဲ့ ချုပ်(ALD) အတွင်းရေးမှူး ဦးမျိုးကျော်တို့အား ပါတီပေါင်းစည်းရေးနဲ့ ပတ်သက်၍ Arakan Times မှ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ(၁၅)ရက်နေ့က ဆက်သွယ်မေးမြန်းခဲ့သည်။

 Arakan Times ။ ။ (ALD) နှင့် ( RNDP )အနေနဲ့ ပါတီပေါင်းစည်းရေးကို ၂၀၁၅ မတိုင်မီ အကောင် အထည်ဖော်နိုင်ပါ့မလား။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာအေးမောင်၏ ဖြေကြားချက်။
525825 221584231295065 1438810805 nပါတီနှစ်ခုပေါင်းစည်းဖို့က အရမ်းခက်ခဲပါတယ်။ ဆွေးနွေးမှုတွေ အဆင့် ဆင့်လုပ်ရမှာဖြစ်ပါတယ်။ ကျနော်တို့ပါတီက ၂၀၁၂ ခုနှစ်၊ ဇွန်လမှာ ကျင်းပခဲ့တဲ့ ပါတီညီလာခံမစတင်မီမှာ ALD ပါတီနှင့် ပေါင်းစည်းချင်တဲ့ ဆန္ဒတစ်ခုနဲ့ ကမ်းလှမ်းခဲ့ပါတယ်။
ပါတီညီလာခံ တက်ရောက်ရန်အတွက်လည်း ALD ပါတီက ပုဂ္ဂိုလ်တစ်ချို့ကို ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် တက်ရောက်မှုမရှိတာကိုလည်း ကြားရပါ တယ်။ နောက်ပြီးတော့ ကျနော်တို့ပါတီက တရားဝင်မှတ်ပုံတင် ၍ ရွေးကောက် ပွဲဝင်ပြီး အောင်မြင်မှုတစ်ချို့ကိုရလာပါတယ်။ အခုတော့ ရခိုင်ပြည်သူတွေကလည်း ကျနော့်ပါတီနှင့် ALD ကိုပေါင်းစည်းရန် တောင်းဆိုလာကြပါတယ်။ တောင်းဆိုကြတဲ့အထဲမှာ သံဃာတော်တွေလည်းပါတယ်။