Sunday 28 April 2013

ရခိုင်ပြည်နယ် ဒေသတွင်း ယာယီနေရာ ချထားရေးနှင့် ပြန်လည် ထူထောင်ရေး စည်းဝေး


နေပြည်တော်  ဧပြီ  ၂၇
 
ယမန်နေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ် ဒေသတွင်း ယာယီနေရာ ချထားရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း ကော်မတီ ညှိနှိုင်း အစည်းအဝေးကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်ကစစ်တွေ မြို့နယ် ကယ်ဆယ်ရေး စခန်းများသို့ ရောက် ရှိနေသည့် ဒုက္ခသည်များအား ၄င်းတို့၏ မူလ ဒေသများရှိ ယာယီ ကယ်ဆယ်ရေး စခန်းများ သို့ ပြောင်းရွှေ့ နေရာ ချထားရေး၊ ဒုက္ခသည်များအား ယာယီ ပြန်လည်နေရာ ချထားရာ၌ လုံးချင်းအိမ် ရာ ဆောက်လုပ်ရေးကို UNHCR နှင့် INGO လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ယူ ဆောက်လုပ်ပေးရန် အကြံပြု တင်ပြမှုများ ရှိခဲ့သော် လည်း ပြည်နယ် အစိုးရ အဖွဲ့မှ ဒုက္ခသည်များအား ပြောင်းရွှေ့နေရာ ချထားနိုင်ရန် လိုအပ်မည့် ယာယီ ကယ်ဆယ်ရေး အဆောက်အအုံများကို အိမ်ထောင်စု (၈)စု နေထိုင်နိုင်သည့် (၈)ခန်း တွဲ တန်းလျားများ ဆောက်လုပ်ခြင်းကို ပြည်နယ် အစိုးရ အဖွဲ့နှင့် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်း ကုမ္ပဏီများက တာဝန်ယူ ဆောက်လုပ်ရန်နှင့် ဒုက္ခသည်များအား မိုးမကျမီ ယာယီ နေအိမ်တန်း လျားများတွင် နေရာချထား ပေးနိုင်ရေး၊ ဒုက္ခသည်များအား မူလ ဒေသများသို့ ပြောင်းရွှေ့နေရာ ချထားရာတွင် သယ်ယူ ပို့ဆောင်ရေးနှင့် ပြန်လည်နေရာ ချထားရေးတို့ကို စနစ်တကျ ကြပ် မတ် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း မှာကြားသည်။
 
--------------------------------------  
မူရင်း---------  http://www.mwdmedia.net/2013/04/blog-post_4049.html 

No comments:

Post a Comment