Tuesday 5 February 2013

ရခိုင်သမိုင်းကျောက်စာသင်တန်းအား လူငယ်များစိတ်ဝင်စား





ငြိမ်းချမ်း~

 ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြီးခဲ့လ ဒုတိယပတ်လောက်က စတင် ဖွင့်လစ်သင်ကြားလျှက်ရှိသည့် ရခိုင်သမိုင်း ကျောက်စာ ရေးတတ်၊ ဖတ်တတ် သင်တန်းကို ရခိုင်လူငယ်များ စိတ်ဝင်တစား တက်ရောက်ကြကြောင်း သိရသည်။ 

 ရခိုင်သမိုင်းကျောက်စာ ရေး၊ ဖတ် သင်တန်းကို ကောလိပ်ကျောင်းသားလို မျိုးဆက်သစ် လူငယ်တွေ အများစုတက်ရောက်ကြပြီး ပျက်ရက်မရှိတက်ရောက်ကြကြောင်းနဲ့ လူငယ်များအပြင် ရဟန်း သံဃာ များ၊  
ကျောင်းဆရာ/ ဆရာမများနှင့် ဝန်ထမ်းတချို့လည်း တက်ရောက်ကြကြောင်း သင်တန်းဆရာဖြစ်တဲ့ ဆရာ ဦးကျော်ဇံမောင်ကပြောသည်။ “လူငယ်တွေက ပျက်ရက်မရှိအောင် သင်တန်းတက်ကြတယ်။ 

စာလည်းကြိုးစားကြတယ်။ အခုဆို ကျွန်တော်တို့သင်တန်းမှာ စုစုပေါင်း ကျောင်းသား/ကျောင်းသူ တရာ  
ကျော်လောက်နဲ့ သင်ကြားနေပါတယ်” ဟု ဆရာ ဦးကျော်ဇံမောင်က ဧရာဝတီသို့ပြောသည်။ 

 ယင်း ရခိုင်သမိုင်းကျောက်စာ ရေး/ဖတ် သင်တန်းကို စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်ရှိ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်တွင် အခမဲ့ ဖွင့်လစ်သင်ကြားနေခြင်းဖြစ်သည်။ ရခိုင်ကျောက်စာတွေကို ရေးတတ်၊ ဖတ်တတ် မှ  
ရှေ့ရခိုင်လူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုများ၊ ရခိုင်မြို့ပြနိုင်ငံတော်များ စည်းကားခဲ့ပုံတွေကိုသိရှိနာလည်းပြီး  
နောက် လူငယ်တွေ နားလည်းသဘောပေါက်ပြီး အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိမ်းသိမ်စောင့်ရှောက်နိုင်မှာဖြစ် 
ကြောင်း ဦးကျော်ဇံမောင်က ပြောသည်။ 

သူက “ရခိုင်ကျောင်စာတတ်ခြင်းအားဖြင့် ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု တွေကိုလည်း သူတို့ သိခွင့်ရမယ်။ ပြီးတော့ ဒီကျောက်စာတောင် မကသေးဘူး။ ကျွန်တော်တို့ စိုင်ဒြားကျောက်စာ ကိုသင်နေပါတယ်။ 

ဒါပြီးရင် ရက္ခဝံသကျောက်စာကိုသင်မယ်။ နောက် လေးမြို့ ခေတ်ကျောက် စာသင်မယ်။ ခေတ်အဆက် ဆက်က တကယ်တမ်းကို ကျောက်စာအထောက်အထားတွေနဲ့ ရှိခဲ့တဲ့ အဲ့ဒီ ကျောက်စာတွေကိုကိုယ်တိုင်  
လေ့လာနိုင်အောင် ကိုယ်တိုင် လေ့လာပြီးတော့ ရခိုင်ပြည်နယ်ရဲ့ ရခိုင်တိုင်းရင်းသား တွေရဲ့ကျောက်စာ ရခိုင်တို့ရဲ့ မင်းစဉ်မင်းဆက်တွေဟာ ဘယ်လောက်ထိ ကြီးကျယ်ခဲ့တယ်ဆိုတာကို သူတို့သိမယ်” ဟု ရှင်းပြသည်။ 

ရခိုင်စာများကို ရခိုင်လူမျိုးတို့သည် ကျောက်စာ၊ ပရပိုက်စာ၊ ရွှေဒဂါင်္းနှင့် ငွေဒင်္ဂါး တို့တွင် ဘီစီ ၃၃၂၅ ခုနှစ်လောက်က စပြီး ရိုက်နှိုက် အသုံးပြုမှုတွေကို သမိုင်းပညာရှင်တွေက ရှာဖွေခဲ့ပြီး ရခိုင်လူမျိုးများဟာ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးစသည့် ခေတ်လေးခေတ်တွင် မြို့ပြနိုင်ငံတော်များ အဆက်ဆက် ထူထောင်နေထိုင်ခဲ့ကြီပြီး တိုးတက်ကြီးပွါး ချမ်းသာခဲ့ကြသည့် အလျှောက် ရခိုင်စာပေတွေလည်း ပိုထွန်း ကားခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရသိရသည်။ 

ရခိုင် သမိုင်းဆိုင်ရာ သင်တန်းမျိုးကို ယခင် အစိုးရ အဆက်ဆက်က ပြသခွင့် မရှိခဲ့သော်လည်း ယခု အစိုးရ သစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာ အနည်းငယ်လွတ်လပ်လာဖြစ်သည်။ ရခိုင်သမိုင်းကို ရခိုင် လူမျိုး တယောက်အနေနဲ့ ကိုယ်တိုင်ဖတ်ပြီး ကိုယ်တိုင်နားလည်ချင်တဲ့ဆန္ဒကြောင့် ကျောက်စာသင်နေရခြင်းဖြစ်  
ကြောင်း ကျောင်းသားတဦးကပြောသည်။ 

 ကျောင်းသားက ဆက်ပြောတာက “ကိုယ့် သမိုင်းကျောက်စာတွေကို ကိုယ်တိုင်ဖတ်ချင်တယ်။ နားလည်ချင်တယ်။ နောက်ပြီး ဒီလိုသင်တန်းမျိုးက အပြင်မှာ ငွေပေးပြီး တက်လို့ရတဲ့ သင်တန်းမျိုးမ ဟုတ်ဘူး။ ကံကောင်းလို့ သင်ခွင့်ရတာပါ။ ဒါကြောင့် ကြိုးကြိုးစားစားနဲ့သင်နေတာပါ။ တတ်အောင်လည်း သင်မယ်လို့ ဆုံးဖြတ်ထားတယ်”လို့သိရှိရပါတယ်။

http://blog.irrawaddy.org/2013/02/blog-post_1721.html 

No comments:

Post a Comment