Monday 4 March 2013

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ကုလဌာနယ်ကိုယ်စားလှယ် အာချောခမ်နှင့် ဒေသခံမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းခြင်းများပြုလုပ်ခဲ့သော်လည်း RSV မှမေးမြန်းသောမေးခွန်းများအပေါ် ဖြေဆိုခြင်းရှိ သေး

 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများ ဆိုင်ရာညှိနှိုင်းရေးမှူးနှင့် UNDP ဌာနေကိုယ်စားလှယ် Mr. Ashok Nigamနှင့် စစ်တွေမြို့ရှိဒေသခံမီဒီယာများနှင့် ယနေ့ နံနက် ၁၀း ၃၀ ခန့်အချိန်တွင် စစ်တွေ ဟိုတယ် တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်းသိရသည်။


သို့သော်လည်း RSV မှ မေးမြန်းထားသော မေးခွန်းများကို ဖြေဆိုခြင်းမရှိသေးပေ။ Mr. Ashok Nigamသည် မီဒီယာများနှင့်တွေ့ဆုံရာတွင် တစ်ချို့သောကိစ္စရပ်များသည် ပြည်နယ်နှင့်ပြည်ထောင်စု အစိုးရ တို့အပေါ် တွင် များစွာတာဝန်ရှိကြောင်းနှင့် ကုလအဖွဲ့အစည်းများအနေဖြင့် အစိုးရ၏လက်အောက်တွင် လုပ် ကိုင်နေခြင်းဖြစ် သည်ဟုပြောကြားခဲ့ကြောင်းလည်းသိရသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြောကြားရာတွင်နှစ်ဘက် ဒုက္ခ သည်များဟု မီဒီယာများ၏ ပြောဆိုခြင်းများကို ဖြေကြားခဲ့သော်လည်း ဘင်္ဂလီများ၏ နေရေးကို ဦးတည်ပြော ခဲ့ခြင်းဖြစ်မှာ သိသာထင်ရှားနေကြောင်းလည်းသိရသည်


ထိုသို့သတင်းမီဒီယာများနှင့်တွေ့ဆုံဖြေကြားရာတွင် ဘင်္ဂလီများ၏ အခက်အခဲများသည်အဓိကကျသည့် သဘောသက်ရောက်သော စကားများနှင့်လူသားချင်းစာနာထောက်ထားရမည့် အကြောင်း၊ မည်သည့်လူ သားများအဆို မိုးရေထဲတွင်မထားသင့်ကြောင်း၊ လူသားချင်းဆိုင်ရာအခွင့်အရေးများကိုတစ်ဘက် သတ် ပြောကြားခဲ့သည်ဟုလည်း ယင်းသတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခဲ့သူတစ်ဦးက ပြောပါသည်။


လူသားချင်စာနာထောက်ထားရေးဟု နာမည်ပေးထားသော်လည်း Mr. Ashok Nigamသည် မီဒီယာများ အားဖြေကြားရာတွင်တိုက်ရိုက်ဖြေကြားခြင်းမရှိခဲ့ဘဲ သွယ်ဝိုက်၍သာဖြေဆိုမှုများပြားခဲ့ကြောင်းသိရသည်။
ထိုသတင်းစာရှင်းလင်းပွဲသို့ Eleven Media, Rangone Time, မိုးမခ, Unity, RFA , ရခိုင်ပြည်နယ်သင်း ဂျာနယ်နှင့် မြန်မာ့အလင်း၊ မြ၀တီသတင်းစာတို့မှ သတင်းထောက်များတက်ရောက်ခဲ့ကြောင်းလည်းသိရ သည်။
Mr. Ashok Nigam ဖြေကြားခဲ့ရာတွင်မိုးမကျမီ ဘင်္ဂလီများ၏နေထိုင်ရေးကိုအဆင်ပြေလိုကြောင်းများနှင့် တိုင်းရင်းသားအခွင့်အရေးထက် ဘင်္ဂလီအခွင့်အရေးများကိုသာအဓိကထားဖြေကြားခဲ့ပြီး အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကိုသာ စောင့်မျှော်နေခြင်းဖြစ်သည်ဟုလည်း ဖြေကြားခဲ့ကြောင်းသိရသည်။

 ------------------------------ 
RSV-မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment