Monday 21 January 2013

အီတလီမှ လွဲပြောင်းပေးပို့သည့် လူဦးခေါင်း ၁၈ လုံး ချီကာဂိုလေဆိပ်တွင်တွေ့



အရည်ပြားများ ကပ်နေဆဲဖြစ်သည့် လူဦးခေါင်း ၁၈ လုံးကို ချီကာဂို အိုဟဲနိုင်ငံတကာလေဆိပ်တွင် အမေရိကန် အကောက်ခွန်ဌာနမှ ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သတင်းရရှိသည်။ ထိုခေါင်းခွံများကို လွှဲပြောင်းပေးပို့ရမည့် လိပ်စာမှာ



ကွတ်ကောင်တီ ဆေးပညာစစ်ဆေးရေးရုံးသို့ဖြစ်ပြီး၊ ခေါင်းခွံများကို ကြာရှည်ခံရည် ဆေးစိမ်ထားပုံရ ပြီး အနံ့မထွက်ကြောင်း၊ ရင်ခွဲရုံသို့ပို့ပြီး ခေါင်းခွံများကို စစ်ဆေးမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိ တိုနီ ဘရုစီကပြောကြားသည်။

ပူးတွဲပါ စာရွက်စာတန်းများအရ ထိုခေါင်းခွံများကို ဆေးပညာလေ့လာရေးအတွက် အသုံးပြုရန်ဟုဆို ထားသော်လည်း ပြည့်စုံစွာ ရေးသားထည့်သွင်းထားမှုများ မရှိကြောင်း ဘရုစီကဆိုသည်။

အီတလီရှိ သုတေသနရုံးက ထိုခေါင်းများကို မပုပ်မသိုးစေရန် ဆေးစီရင်ပြီးမှ ချီကာဂိုသို့ပို့ခြင်းဖြစ်သည်ဟု အထောက်အထားများအရ သိရှိရသည်။

ထိုကဲ့သို့ နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ ဆေးပညာလေ့လာစမ်းသပ် ရန်ဆိုသည့် အကြောင်း ပြချက်ဖြင့် မကြာခဏ အလောင်းများကို ဆေးစီမံပြီး ပို့လေ့ရှိသော်လည်း၊ ယခု တစ်လော ပို့ဆောင်မှုအရေအတွက် ပိုများလာသဖြင့် သံသယရှိမိကြောင်း၊ အထူးသဖြင့် တက္ကသိုလ်များနှင့် ဆေးရုံများကို လိပ်မူပြီး ပို့ဆောင်ကြကြောင်း၊ ၂၀၁၀ ခုနှစ်အတွင်းကလည်း အာကင်းဆက်ပြည်နယ် လေဆိပ် တွင် လူခေါင်းခွံ အလုံး ၆၀ ကို ဖမ်းဆီးရမိခဲ့သေးကြောင်း၊ ထိုသို့ပို့ဆောင်ခြင်းသည် ဆေးပညာလေ့လာရန် အတွက်ဟု အကြောင်းပြထားသော်လည်း နောက်ပိုင်းတွင် အခြေအနေများက ရှုပ်ထွေးလာနိုင်သောကြောင့် တိကျစွာ စစ်ဆေးပြီးမှ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

http://www.maukkha.org/index.php/news-menu/international-news-maukkha/2907-2013-01-20-09-01-17 

No comments:

Post a Comment