မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)
 
 စစ်တွေတွင် တည်ဆောက်နေသော ကုလားတန်ရေနက်ဆိပ်ကမ်းစီမံ ကိန်းအတွက်  မြစ်ကြောင်းတူးဖော်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။
 ကုလားတန်စီမံကိန်းစစ်တွေရေနက်ဆိပ်ကမ်းတွင် ပင်လယ်ကူးသင်္ဘောများသွား လာနိုင်ရန်အ တွက်  မြစ်ကြောင်းရှင်းလင်းခြင်း ၊  သောင်တူးခြင်းလုပ်ငန်းများအား ပြီးခဲ့သည့်လမှစ၍ လုပ်ဆောင်နေခြင်းဖြစ် သည်။
 ''စစ်တွေရေနက်ဆိပ်ကမ်းမှာ
 ပင်လယ်ကူးသင်္ဘောတွေ ဆိုက်ကပ်နိုင်အောင်လို့ပါ၊ သောင်တူးသင်္ဘောကြီး တွေနဲ့ 
အခု ဆောက် လုပ်နေတဲ့ ဆိပ်ကမ်းအနီးမှာ သောင်တူးနေတယ်၊   အဲဒီသဲ တွေကို ပင်လယ်ပြင်မှာသွားချ တယ်" ဟု အဆိုပါစီမံကိန်းတွင် အလုပ်လုပ်နေ သည့် ဒေသခံတစ်ဦးက ရှင်းပြသည်။
 
 ယခုဆောက်လုပ်နေသည့်
 စစ်တွေရေနက်ဆိပ်ကမ်းမှာ ပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာရန် 
ခက်ခဲ လာနိုင်သည့်အတွက် ဆိပ်ကမ်းအနီးရှိ မြစ်ကြောင်းများအား 
သောင်တူးသင်္ဘောများဖြင့် တူးဖော်နေခြင်းဖြစ် သည်။
 ကုလားတန်မြစ်ဝမှာ သောင်ထွန်းမှုများဖြစ်နေသည့်အတွက် ပြည်တွင်းခရီးသွားအမြန်ရေယာဉ်များ ၊မော်တော် ဘုတ်များ ပင်သွားလာရန် ခက်ခဲနေသည်။
 စစ်တွေကုလားတန်ရေနက်ဆိပ်ကမ်းသည်  အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပြည်နယ်များအတွက် ကုန်စည် စီး ဆင်းရန်အတွက် ကြားခံဆိပ်ကမ်းတစ်ခုဖြစ်သည်။
 
 အိန္ဒိယနိုင်ငံကလကတ္တားမှ
 ပင်လယ်ကူးသင်္ဘောများဖြင့် ကုန်စည်များကို စစ်တွေဆိပ်ကမ်းသို့ သယ်ယူ မည် 
ဖြစ်ပြီး စစ်တွေမှတစ်ဆင့် ပလက်ဝ ၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ 
ကုန်စည်တင်ပို့မည်ဖြစ်ရာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတဆင့် 
ကုန်စည်များကို နိုင်ငံတကာသို့ တင်ပို့နိုင်ရန် 
လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။
 
 ''စစ်တွေ ရေနက်ဆိပ်ကမ်းက အိန္ဒိယနိုင်ငံ အတွင်း ကုန်စည်ပို့ဆောင်ရေးအတွက် ကြားခံစခန်းတစ်ခုပေါ့၊ ဘာ လို့ဆိုတော့  အိန္ဒိယ
 အရှေ့မြောက်ပြည်နယ်တွေကို ကုန်စည်တွေပို့တဲ့အခါ သူတို့မှာ အခက်အခဲတွေရှိ 
လို့နေမှာ ၊ ဘာလို့ဆိုတော့ အရှေ့မြောက်ပြည် နယ်တွေဟာ တောင်ထူထပ်တဲ့ 
ပြည်နယ်တွေ ဖြစ်တဲ့အတွက် ကုန်းတွင် သွားလာရခက်ခဲတယ်၊ အကုန်အကျလည်း များတယ်၊
 ဒါကြောင့်ရေကြောင်းလမ်းကို ရွေးချယ်ကြတာ နေမှာ '' ဟု 
စစ်တွေမြို့မှစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
 ပလက်ဝမှတစ်ဆင့်  ကလက်ဝ၊ စက်ပင်ပြင်မြစ်ဝ အိန္ဒိယ မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်သို့ အဝေးပြေး ကား လမ်းမကြီးအတိုင်းကုန်စည် သယ်ယူပို့ဆောင်မည်ဖြစ်သည်။
 
 အဆိုပါကုလား တန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းတွင်  အမေရိကန် ဒေါ်လာ သန်း၁၂၀ကျော် ကုန်ကျမည်ဖြစ်ရာ  ၂၀၀၈ခုနှစ် ဧပြီလအတွင်းက စာချုပ်ချုပ်ဆိုခဲ့ရာ အိန္ဒိယနိုင်ငံ Essar  ကုမ္ပဏီမှ  တာဝန်ယူ ဆောက် လုပ်နေခြင်း ဖြစ်သည်။
 
 စီမံကိန်းကို ၂၀၀၉ခုနှစ်တွင် စတင်ခဲ့ရာ ၂၀၁၃ခုနှစ် အပြီးသတ်ဆောက်လုပ်ရန် လျာထားသည်ဟု သိရသည်။
http://myitmakhamediagroup.com/detail.php?newid=3477 
 
 
No comments:
Post a Comment