အာရကန်ကိုကို-မောင်တော(မြစ်မခ)
 
 ရခိုင်ဒေသမှထွက်ရှိသော ၀ါးများကို 
ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နိုင်ခြင်းမရှိသည့်အတွက် ဈေးနှုန်းများ 
ကျ ဆင်းနေကြောင်း စစ်တွေနယ်စပ်အခြေစိုက်ဝါးကုန်သည်များထံမှ သိရသည်။
 
 ပြီးခဲ့သည့် ဇွန်လမတိုင်မီက အိမ်သုံးဝါးလုံးရေ
 ဆိုဒ်ကြီးတစ်ရာလျှင် (၂၄၀၀၀)ကျပ်၊ အသေး(၁၇၀၀၀) ကျပ် ဈေးရှိခဲ့ရာမှ 
ဝါးဈေးနှုန်းများမှာ တဖြည်းဖြည်း ကျဆင်းလာရာ ယခုလက်ရှိ အခြေအနေတွင် 
အကြီးဆိုဒ် ၀ါးလုံးရေတစ်ရာ(၁၈၀၀၀)ကျပ်နှင့် အသေး(၁၃၀၀၀)ကျပ်ဈေးအထိ 
ကျဆင်းနေခြင်း ဖြစ်ကြောင်း ၀ါးဒိုင်များက သိရသည်။
 ရခိုင်ဒေသမှ ထွက်ရှိလာသော ၀ါးများကို 
စစ်တွေနယ်စပ်မှတစ်ဆင့် နှစ်စဉ် ၀ါးလုံးရေ ပမာဏ အများအပြားတင်ပို့လျှက် 
ရှိရာ ပြီးခဲ့သည့်ဇွန်လအတွင်းက ဖြစ်ရပ်များကြောင့်  ဘင်္ဂလားဒေ့ရှ်သို့  တင်ပို့ရန်
 ရေလမ်းခရီးလုံခြုံရေးအခြေအနေများနှင့် 
တစ်ဖက်ဈေးကွက်ငွေကြေးဆိုင်ရာကိစ္စရပ်များကြောင့် 
တင်ပို့နိုင်ခြင်းမရှိဖြစ်နေကြောင်း သိရသည်။
 “ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မှုကို သက်ဆိုင်ရာက ပိတ်ထားတာမဟုတ်ပါဘူး။ ကျွန်တော်တို့  တင်ပို့မှု
 ရေလမ်းကြောင်းကို လုံခြုံရေးဆိုင်ရာအနေအထားကြောင့် ရပ်နားထားတယ် ဆိုပေမယ့်
 နောက်တော့ လုံခြုံရေးအနေအထားပေါ် မူတည်ပြီး တင်ပို့နိုင်မယ်ထင်ပါတယ်။ 
နောက်ဘင်္ဂလားဒေ့ရှေ်ဈေးကွက်မှာ ပုံသေ၀ယ်ရင်းဈေး အတိုင်းမပေးတာတို့ ။ 
ငွေကဒ်ကို လက်ငင်းစနစ်နှင့် အကြွေးမဲ့ လွဲပေးမယ်ဆိုရင် တော့ တင်ပို့မှာပါ”ဟု ရွှေမင်းဂံနယ်စပ်အခြေစိုက် ၀ါးကုန်သည်တစ်ဦးက ၀ါးတင်ပို့နိုင်ခြင်းမရှိသည့် ကိစ္စနှင့်ပတ်သက်၍ ပြောသည်။
 
 ရခိုင်ပြည်နယ် လေးမြို့၊ကစ္ဆပနဒီ၊ 
ဒါးလက်၊ကန်းထောင့်ကြီးဒေသများမှ ထွက်ရှိသည့် ၀ါးများ၏ 
(၆၅)ရာခိုင်နှုန်းခန့်အထိ စစ်တွေနယ်စပ်လမ်းကြောင်းများမှတစ်ဆင့် 
ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့တင်ပို့ ခြင်းဖြစ်ရာ ထို့သို့တင်ပို့ကြရာတွင် 
တစ်နှစ်တာကာလအတွင်း ပုံသေဈေးနှုန်းတစ်ခုသတ်မှတ်၍ 
တင်ပို့နေခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
 “ရခိုင်မှာ
 ဇွန်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်များကြောင့် ဆက်ဆံရေး စိမ်းသွားပေမယ့်
 ဘင်္ဂလားဒေ့ရှ် နှင့်ဆက်ဆံရေး ဘာမှထိခိုက်မှုမရှိပါဘူး။ အဓိက ကတော့ 
တင်ပို့မှုလမ်းကြောင်းကို စိတ်မချနိုင်သေးတာ နဲ့ မတင်ပို့နိုင်သေးတာပါ။ 
သူတို့ဘက်ကတော့ ဈေးကွက်လိုအပ်ချက်များအတိုင်း တင်ပို့ဖို့ 
ကမ်းလှမ်းနေပါတယ်”ဟု ကုန်တန်းရပ်ကွက် ဆပ်ရိုးကျချောင်းမှ ၀ါးကုန်သည် ဦးအေးကျော်က ဆိုသည်။
 ဘင်္ဂလားဒေ့ရှ်သို့တင်ပို့နိုင်ခြင်း 
မရှိသေးသော်လည်း ဒေသတွင်း အခြေခံနေအိမ်များ ဆောက်လုပ်ရာသီဖြစ်သည့် 
အချိန်ဖြစ်ခြင်း၊ ဆောင်းသီးနှံစိုက်ခင်းများအတွက် 
ဝါးပိုမိုလိုအပ်သည့်အချိန်နှင့် တိုက်ဆိုင်နေသည့်အတွက် ၀ါးဈေးနှုန်း 
ဆက်လက်ကျဆင်းလာနိုင် ဖွယ်မရှိကြောင်းကိုလည်း ဒေသခံ ၀ါးကုန်သည်တို့က 
သုံးသပ်ကြသည်။
http://myitmakhamediagroup.com/detail.php?newid=3478 
 
 
No comments:
Post a Comment