Sunday 19 August 2012

နိုင်ငံတော်သမ္မတရုံး၊ အမိန့်ကြော်ငြာစာ (အမှတ် ၅၈/၂၀၁၂) ပါ စာသားပြင်ဆင် ပြောင်းလဲကြောင်း အသိပေးခြင်း



၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ ဝက်ဘ်ဆိုက် တွင် (၁၇-၈-၂၀၁၂) ရက်နေ့၌ ထုတ်လွှင့်ထားခဲ့သော အမိန့်ကြော်ငြာစာ


(အမှတ် ၅၈/၂၀၁၂) “စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းခြင်း” ၏ စာပိုဒ် (၄) မှ  “ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံသို့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့ အရောက် တိုက်ရိုက် အစီရင်ခံ တင်ပြရမည်” စာသားအစား “ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၁၆) ရက်နေ့အရောက် တိုက်ရိုက်အစီရင်ခံ တင်ပြရမည်” ဟူ၍ ပြင်ဆင်ပြောင်းလဲထုတ်လွှင့်ထားပါကြောင်း လေးစားစွာဖြင့် အသိပေး အပ်ပါသည်။

http://www.president-office.gov.mm/briefing-room/daily-news/news1225

No comments:

Post a Comment