Wednesday 23 January 2013

ကျောက်ဖြူတွင် အိမ်၊ ခြံ၊ မြေဈေးများ မြင့်တက်လျက်ရှိ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တည်ဆောက်လုပ်ကိုင် လျက်ရှိသည့် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် အထူးစီးပွားရေးဇုန် (စက်မှု ဇုန်) စီမံကိန်းတို့ကြောင့် ကျောက်ဖြူမြို့ပေါ်နှင့် အနီးဝန်းကျင် ကျေးရွာ များ၏ အိမ်၊ ခြံ၊ မြေ ဈေးကွက်များမှာ မကြုံစဖူး မြင့်တက် လျက်ရှိကြောင်း သိရသည်။

  ''အစပိုင်းတော့ ကျေးလက်က ပြည်သူတွေ မြို့ပေါ်တက် လာ ပြီး အိမ်၊ ခြံ၊ မြေ ဝယ်ကြတာပါ။ သဘာဝ ပိုက် လိုင်းတွေ ဖြတ်သွား မယ့်မြေ တွေ၊ လယ်ယာတွေကို ထိုက်သင့်တဲ့လျော်ကြေးတွေ ပေးလိုက်တော့ အဲဒီက ငွေထုပ်ပိုက်လာတဲ့ လယ်၊ မြေ၊ ဥယျာဉ်မြေ ပိုင်ဆိုင်သူတွေ မြို့ကို တက်ပြီး မြေဝယ်ကြတာပါ။ အဲဒီတုန်းကတော့ မြေတစ်ကွက် သိန်း ၈ဝ၊ ၁ဝဝ လောက်ပဲရှိပါတယ်။ ၂ဝဝ၉ ပတ်ဝန်းကျင်က ဖြစ်ပါတယ်'' ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဆိုသည်။
   သို့ရာတွင် ၂ဝ၁ဝ ခု ပတ်ဝန်းကျင်ကာလမှစ၍ စီးပွားရေးလုပ် ငန်းရှင်များ ကျောက်ဖြူ သို့ ရောက်ရှိ လာပြီး မြေကွက်များကို ဝယ်ယူလာ ကြကြောင်း သိရသည်။
  ''ကျောက်ဖြူမြို့ကအထွက် ကုမ္ပဏီဈေး ကျေးရွာ၊ အုန်းတော ပတ်ဝန်းကျင်က ပယ်လယ်ကမ်း နား ကျ မြေကွက်တွေဆို စိတ်ဝင်စား မှုများကြပါတယ်။ စက်မှုဇုန်တွေ ထူထောင်မယ်ဆိုတော့ နိုင်ငံခြား သားတွေ ဝင်လာမယ်။ ဒီအတွက် ဟိုတယ်တွေဆောက် လုပ်ဖို့ လည်း  စိတ်ဝင်စား နေကြတယ်။ ကျွန်တော့် အ သိတစ်ယောက်ဆိုရင် ကုမ္ပဏီဈေး ကျေးရွာ ပင်လယ်ကမ်းနားမှာ အအေး ခန်းစက်ရုံ ရှိတယ်။ သူဝယ် တုန်းက သိန်း ၅ဝဝ လောက်ပေါ့။ အခုသိန်းငါးထောင် လာပေးတယ်။ သူက ဟိုတယ် ဆောက် မယ်လို့ သိရ တယ်။ ဒါပေမယ့် သူကမရောင်းသေးဘူး။ တက်ဈေး မျှော်နေတယ်'' ဟု ကျောက်ဖြူဒေသခံတစ်ဦး ပြော သည်။
   ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့်အပြိုင် ဖြစ်ထွန်းလာမည့် စစ်တွေပင်လယ်ကူးဆိပ်ကမ်း စီမံကိန်းေ ကြာင့်လည်း ကျောက်ဖြူ- မူဆယ် ထိ ရထားလမ်းကို ဖောက်လုပ်ရန် စီမံချက်ရေးဆွဲလျက် ရှိနေပြီး တရုတ် နိုင်ငံဘက်မှ စတင်ဝင်ရောက်လာမည်ဖြစ်သဖြင့် နယ်စပ်မှ ရှမ်းတရုတ် များက ဒေသခံများနှင့် ပူးပေါင်း၍ အိမ်၊ ခြံ၊ မြေများ ဝယ်ယူမှုများ ရှိနေ ကြောင်းဖြင့်လည်း သိရ သည်။ ကျောက်ဖြူမြို့နယ်ရှိ ကုမ္ပဏီဈေး ကျေးရွာ ကမ်းခြေမှာ ကျောက်ဖြူမြို့နှင့် ၁ မိုင်ခန့်သာ ကွာဝေးပြီး သာယာလှပ သည့် ကမ်းခြေရှိသဖြင့် ကုမ္ပဏီ ဈေးကျေးရွာနှင့် စေတီယျတောင်အကြား ပင်လယ်ကွေ့မြေများကို စိတ်ဝင်စားမှု များပြားကြခြင်းဖြစ်သည်။ ထို့ အတူ စေတီယျတောင်ခြေမှ အနောက်ဘက်သို့ထွက်သည့် ကျောက်တ လုံးအကြား နတ်ကျောက်ကမ်းခြေ၊ အုန်းတော ကမ်းခြေများမှာလည်း ဟိုတယ်တည်ဆောက် ရန် နေရာကောင်းများ ဖြစ်ကြသည်။

http://www.zaygwet.com/local_news_detail.php?id=5668
ဆြာကု

No comments:

Post a Comment