Showing posts with label ကြေငြာချက်. Show all posts
Showing posts with label ကြေငြာချက်. Show all posts

Sunday, 10 March 2013

“လက်ဖက်ရည်ကြမ်းဝိုင်း”


“လက်ဖက်ရည်ကြမ်းဝိုင်း”

လရောင်ဆမ်း၍

ရွာလမ်းမြေမာ၊ ၀င်းဝင်းဝါ၏။


အုန်းထန်းပေလက်၊ တမာရွက်တို့

ရွှေစက် ရွှေပြောက်၊ ရွှေရည်သောက်၏။


တရံတခါ ၊ လေအလာတွင်

ရွာလယ်ပေါင်းကူး ၊ တံတားဦးမှ

ဆိတ်ဖလူးနံ့ ၊ ရွာလုံးပျံ့၏။


သူကြီးအိမ်မြောက် ၊ ရွာသားဆောက်သည့်

ကွန်းထောက်ခိုရာ ၊ ကွပ်ပျစ်သာတွင်

ရွာမှသက်ကျား ၊ ရွယ်အိုများတို့

စကားဆိုမြည် ၊ ၀ိုင်းကြီးစည်၏။


ဝိုင်းလယ်ခေါင်ဗွေ ၊ ကရွတ်ခွေတွင်

မြေကရားအိုး ၊ နှုတ်သီးကျိုးနှင့်။


ညှိတက်ဟောင်းနွမ်း ၊ သံလင်ပန်းဝယ်

အကြမ်းပန်းကန် ၊ နှုတ်သီးလန်နှင့်။


ဆေးသားမပီ ၊ ယွန်းဗျပ်နီ၌

ရှမ်းပြည်မြေပဲ ၊ ထန်းလျက်ခဲနှင့်။


ဤနေရာသည်

ရွာ၏အရေး ၊ ရှေ့နောက်တွေးလျက်

ဆွေးနွေးကြရာ ၊ ဘုံရိပ်သာတည့်။


ဤနေရာသည်

သူငါတို့စမ်း ၊ ဟာသခန်းဖြင့်

ကျွမ်းဝင်ကြရာ ၊ ဘုံရိပ်သာတည့်။


ဤနေရာသည်

ပညာစောကြော၊ တုံ့လှယ်ပြော၍

နှီးနှောကြရာ ၊ ဘုံရိပ်သာတည့်။


လက်ဖက်ရည်ကြမ်း ၊ တလင်ပန်းဖြင့်

စိတ်ဝမ်းလက်ညီ ၊ ရွာသစ်တည်ကာ

ကျီသစ်ပုံသွင်း ၊ အားနှင့်ရင်း၍

ဖန်းဆင်းခဲ့ကြဘူးလေပြီ။

ဗန်းမော်ညိုနွဲ့
ပန်းချီ U Mya Hann 

မူရင်း-https://www.facebook.com/myanmar.art.and.crafts?ref=stream
Re-Post By ACM 10-3-2013
အေးချမ်းမွန် Credit to >> မြန်မာ တို့ ရဲ ယဉ်ကျေးမူ အမွေ့ အနှစ်များ<< Thank

လရောင်ဆမ်း၍
ရွာလမ်းမြေမာ၊ ၀င်းဝင်းဝါ၏။
အုန်းထန်းပေလက်၊ တမာရွက်တို့
ရွှေစက် ရွှေပြောက်၊ ရွှေရည်သောက်၏။

Tuesday, 5 February 2013

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

( အမိန့်အမှတ်၊ ၆ / ၂၀၁၃)

၁၃၇၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက်

(၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်)

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

Saturday, 8 December 2012

ရခိုင်ပြည်အမျိုးသားကောင်စီအေအန်စီ၏ ဥက္ကဌက တာဝန်မှ အပြတ်အ သတ် နှုတ်ထွက်


 


သို့
ရက်စွဲ…  ၁၄ - ၁၁ - ၁၂
သဘာပတိကြီးများ၊
ဗဟိုကော်မီတီများနှင့်
အဖွဲ့ ဝင်များ

အကြောင်းအရာ။      ။ ရခိုင်ပြည်အမျိုးသားကောင်စီအေအန်စီ၏ ဥက္ကဌကတာဝန်မှ အပြတ်အသတ် နှုတ် ထွက်လိုက်ကြောင်းအသိပေးခြင်း။

Monday, 3 December 2012

လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်


မကြာမီကဖြစ်ပေါ်ခဲ့သော လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်၍
၈၈မျိုးဆက်ကျောင်းသားများက ဒီဇင်ဘာလ (၃)ရက် နေ့စွဲဖြင့် ကြေညာ ချက် တစ်စောင် ယနေ့ ထုတ်ပြန်လိုက်သည်။ အဆိုပါကြေညာ
ချက်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကို ယနေ့ညနေ ၄းဝဝနာ ရီတွင်ရန်ကုန်မြို့  ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ရုံးခန်း၌ ပြုလုပ်ပါမည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် ပြင်ဆင်ဖွဲ့စည်းခြင်း


နိုင်ငံတော်သမ္မတရုံးမှ
အမိန့် ကြော်ငြာစာ အမှတ်(၉၅/၂၀၁၂)
စုံစမ်းစစ်ဆေးရေးကော်မရှင် ပြင်ဆင်ဖွဲ့စည်းသည့် အမိန့် ထုတ်ပြန်လိုက်သည်။

ကော်မရှင် ဥက္ကဌမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး အဖွဲ့ဝင် စုစုပေါင်း (၁၆) ဦးပါဝင်သည်။ အတွင်းရေးမှူးမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ ဦးကျော်တင့်ဆွေ ဖြစ်သည်။
ကော်မရှင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အောက်ပါအတိုင်း ဖော်ပြ ထားသည်-

Sunday, 18 November 2012

အိမ်ဖြူတော်က ထုတ်ပြန်သည့် အမေရိကန် သမ္မတ အိုဘားမား မြန်မာလူထုကို ပြောကြားမည့် မိန့်ခွန်း မူကြမ်း

The Voice Weekly

This is Obama's speech.
NOTE: This is excerpt!!! It could be changed a bit.

FOR IMMEDIATE RELEASE:

Above all, I came here because of America’s belief in human dignity. Over the last several decades, our two countries became strangers. But today, I can tell you that we always remained hopeful about you – the people of this country. You gave us hope. And we bore witness to your courage.

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် (၂/၂၀၁၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၂/၂၀၁၂)
၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၅ ရက်
၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်

Wednesday, 14 November 2012

ပြည်ထောင်စုအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းမိန့်ကို ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါသည်။




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့

အကျဉ်းသားများလွတ်မြောက်ခွင့်ရရှိ

ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူထောင်မှတစ်ဦး၊ သံတွဲအကျဉ်းထောင်မှ တစ်ဦး၊ စစ်တွေအကျဉ်းထောင်မှ ၆ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ ၄ ဦးတို့အားနိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသားခွင့်ဖြင့် ယနေ့ နိုဝင် ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက လွှတ်ပေးလိုက်ကြောင်းသိရသည်။

Wednesday, 3 October 2012

ဗြိတိန်သံအမတ်နှင့် ရတပ ပါတီခေါင်းဆောင်များ စစ်တွေတွင် တွေ့ဆုံ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ) မှ ခေါင်းဆောင်များသည် စစ်တွေမြို့တွင် ရောက် ရှိနေသော ဗြိတိန် သံအမတ်ကြီးနှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။
တွေ့ဆုံကြသည့် စစ်တွေမှ နိုဗယ် ဟိုတည်။
“ သူတို့က ဗြိတိန်သံအမတ် အပါအ၀င် နောက်ထပ် အရာရှိ နှစ်ဦးပါ။ ညနေ ၃ နာရီခွဲမှာ စစ်တွေကို သူတို့ ရောက်ပါတယ်။ ကျွန်တော်တို့နဲ့က ညနေ ၅ နာရီခွဲမှာ စစ်တွေ နိုဗယ် ဟိုတည်မှာ တွေ့ကြပါ တယ်။ ဆွေးနွေးတဲ့ ကိစ္စကတော့ ရခိုင်မှာ ဖြစ်သွားတဲ့ အရေးအခင်း အပေါ်မှာ အဓိက ထား ဆွေးနွေးကြ တာ ဖြစ်ပါတယ်” ဟု ဆွေးနွေးရာတွင် ပါဝင်သူ ရတပ ပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

Thursday, 23 August 2012

သမတ ဦးသိန်းစိန်သ၀ဏ်လွှာနှင့် ပူတွဲပါလာသည့် ကန့်ကွက်ခံရသည့် အချက်များ


ပြည်ထောင်စုလွှတ်တော်၊ နာယကထံသို့ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ ဆိုင်ရာ ရှင်းလင်းတင်ပြချက်




၁။       နိုင်ငံတော်သမ္မတကြီး၏ ရပ်တည်ချက်သဘောထားမှာ UNHCR မဟာ မင်းကြီးနှင့် တွေ့ဆုံ စဉ် ပြောကြားချက်များတွင် အတိအလင်း ပါဝင်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းသဘောထားနှင့်စပ်လျဉ်း၍လည်း မိဘပြည်သူများ အားလုံးက တစ်ခဲနက် ထောက်ခံမှု ပေးထားပြီး ဖြစ်ပါသည်။

Monday, 20 August 2012

ပြည်သူ့လွှတ်တော်မှ နိုင်ငံတော်သမ္မတထံသို့ ပေးပို့သော သ၀ဏ်လွှာ



 နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စား လှယ်များက ကျေနပ် လက်ခံနိုင်ခြင်း မရှိသဖြင့် သက်ဆိုင်သူ များအား လုံးအတွက် ထိခိုက်နစ်နာမှုအနည်း ဆုံးဖြင့် သင့်မြတ်ပြီး တရားနည်းလမ်း ကျသော ဆောင်ရွက်ချက် များဖြစ်လာ စေရန်အ တွက် စေတနာ ကောင်းဖြင့် အကြံပြု ပေးပို့ခြင်း ဖြစ်ပါကြောင်း။