တချို့က အစိုးရ ရဲ့ အပြောင်းအလဲ ကို တော်တော်လေး အကောင်းမြင်နေကြတာ ဖြစ်ပါတယ်။ အရင် ထက် စာရင်တော့ လုံးဝ မပြောင်းလဲ ဘူးလို့ ပြောလို့တော့ မရတာ အမှန်ပါ။ သို့သော် ဗမာ လူထု နဲ့ NLD လို Classical Democracy လမ်းကြေားဖက် သွားနေသူများအတွက် မျော်လင့်စရာ ရှိကောင်း ရှိပါမယ်။
ဒါပေမယ့် 
တိုင်းရင်းသားများ လိုလားတောင့်တ နေတဲ့ နိုင်ငံရေး အာဏာခွဲဝေခြင်း နဲ့ 
ဆိုင်တဲ့ ဖက်ဒရယ် ဒီမို ကရေစီ စနစ်ကိုတော့ ဗမာ နိုင်ငံရေး သမားများ အနေနဲ့ 
လက်နက်မဲ့ တိုင်းရင်းသား နိုင်ငံရေး သ မားများတောင်းဆိုသံကို စိုးစဉ်းမျှ 
စဉ်းစားပြီး လိုက်လျှောမှာ မဟုတ်ပါ။ Classical Democracy ဆိုတာ အရပ် စကားနဲ့
 ပြောရရင် ရေများရေနိုင်၊ မီးများမီးနိုင် ဒီမိုကရေစီ စနစ်ကို ပြောတာပါ။
 
NLD ရဲ့ မူဝါဒ ဖြစ်တဲ့ Classical Democracy အတွက်တော့ ဖြစ်လာနိုင်စရာ ရှိပါတယ်။ သို့သော် Classical Democracy ဟာ လူနည်းစု တိုင်းရင်းသားများအတွက် လက်တွေ့ အာမခံချက် မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ အဲဒီစနစ်ဟာ လူများစု အတွက်ပဲ အလုပ်လုပ်တဲ့ စနစ်ဖြစ်လို့ပါ။ နောက်ဆုံးတော့ တိုင်းရင်းသား ပြည်နယ် များ ဆက်လက် ရပ်တည်နိုင်ဖို့တောင် မလွယ်ပါ။ လွတ်တော်မှာ ဗမာကိုယ်စားလှယ် လူများစုက လွမ်းမိုးပြီး တိုင်းရင်းသားများရဲ့ အခွင့်အရေးများ လုံးဝ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
 
အခု အစိုးရ စိုးရိမ်နေတာ နိုင်ငံတကာ ရဲ့ ပူးပေါင်း ဆောင်ရွက်မှု များ ရပ်တန့်သွားမှာကိုပါ။ Sanction ကလဲ ခဏ ရပ်ဆိုင်းထားတာပဲ ရှိသေးပြီး လုံးဝ ရုတ်သိမ်းလိုက်ခြင်း မဟုတ်သေးပါ။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု နဲ့ ချေးငွေကိစ္စများ သည်လဲ စီးပွါးရေး ဖွံ့ဖြိုးမှု အတွက် မဖြစ်မနေလိုအပ်ပါတယ်။ ဒီအရာတွေ အားလုံး အဆင်ပြေဖို့ နိုင်ငံရေး တည်ငြိမ်ပြီး စစ်အာဏာရှင် စနစ်လုံးဝ ပပျောက်သွားဖို့ ဖြစ်ပါတယ်။
 
ဒီတော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနဲ့ ခဏတာ အပစ်ရပ်လက်မှတ်ထိုး လိုက်ခြင်းက နိုင်ငံတကာ ကို အပြ ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ဒါကို သိနေတဲ့ ကေအိုင်အို က Sanction ရုတ်သိမ်းဖို့လောက်သာ မဟုတ်ပဲ၊ တိုင်းရင်းသားများ လိုလားနေတဲ့ နိုင်ငံရေး အခင်းအကျင်း တကယ် လက်တွေ့လုပ်ပါမယ် ဆိုတဲ့ ကတိကို တောင်းထားကတည်းက တခါမှ အစိုးရဖက်က ပြန်စာမလာတာ တစ်နှစ်ကျော် ရှိနေပါပြီ။ အဲဒီ တောင်းဆိုမှုကိုလဲ အစိုးရက ဗမာလူထုကို အသိမပေးပါဘူး။ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (HRW) က ပြောလိုက်ပါတယ်။ လက်ရှိအစိုးရဟာ Sanction ရုတ်သိမ်းဖို့လောက်ပဲ နိုင်ငံရေး အပြောင်း အလဲ လုပ်နေပါတယ်၊ တဲ့။
 
ကတိကို လွယ်လွယ် ဖျက်တတ်တဲ့ အစိုးရမို့လို့ တတိယ ပါတီ (Third Party) များ ကြားဝင်ပေး ရန် တောင်း ဆိုရတဲ့ အကြောင်းရင်းလဲ ရှိပါတယ်။ လွတ်တော်ကနေ တတိယ ပါတီ ၀င်ဖို့ ဆုံးဖြတ်ချက်ချပြီးမှ ၀ အဖွဲ့ရဲ့ ဖိတ်ခေါ်မှု က ချက်ချင်းဆိုသလို ကြားဝင်လာတာလဲ စဉ်းစားစရာပါ။ လွတ်တော်ရဲ့ ဆုံးဖြတ်ချက် ကို ဘေးရောက်သွားအောင် စစ်တပ် နဲ့ ၀ အဖွဲ့ (တရုတ် အကြံပေးချက်နဲ့) ပူးပေါင်းကြံစည်မှု နဲ့ ဖိတ်ခေါ်လိုက် တာ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တတိယ ပါတီမှာ အမေရိကန် နဲ့ UN အဖွဲ့အစည်း၊ သို့မဟုတ်၊ ASEAN အဖွဲ့ထဲက ယုံကြည်ရတဲ့ ပုဂ္ဂိုလ်တွေ ပါလာနိုင်တာကြောင့် တရုတ် နဲ့ စစ်တပ်အတွက် စိတ်အနှောက်အယှက် ဖြစ်စရာ ရှိလာနိုင်တယ်လေ။
 
တချို့က လက်ရှိအစိုးရ လဲ ဖက်ဒရယ် ကို လက်ခံနေပါပြီတဲ့။ ၂၀၀၈ အခြေခံ ဥပဒေ ကို မပြင်ပဲ ဖက်ဒရယ် လုပ်လို့ ရတယ် ဆိုပြီး ပြောသလို ပြော ဖြစ်နေကြပါတယ်။
 
အခုထိတော့ ဖက်ဒရယ် အတွက် တကယ် လိုက်လျှောမယ်လို့ အတိအကျ ပြောလို့ မရသေးပါ။ စစ်ဗိုလ်ချုပ် များရဲ့ ပါးစပ်က လူသိရှင်ကြား ပြောကြားတာ တခါမှ မကြားဖူးသေးပါ။ ဖက်ဒရယ် ကို လက်နက်မကိုင်ထားပဲ ဗမာခေါင်းဆောင်များ လက်တွေ့ အကောင်အထည်ဖေါ်မယ်လို့ ယုံကြည်လို့ မရပါ။ သူတို့ စိုးရိမ်တာ က နိုင်ငံရေး မတည်ငြိမ်ရင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုမလာပဲ စီးပွါးရေးဖွံ့ဖြိုး မှု နှိမ့်ကျသွားမှာကို ပဲ ဖြစ်ပါတယ်။
 
အခုချိန်ထိတော့ Classical Democracy အဆင့်တောင် ရောက်ဖို့ ၂၀၁၅ အထိ စောင့်ရအုံးမှာပါ။ ဖက်ဒရယ် ဆိုတာ လက်နက်မကိုင်ထားပဲ လူများစု ဗမာ လူထုက လှိုက်လှိုက်လှဲလှဲ သဘောတူမယ်လို့ ယုံပါသလား။ တိုင်းရင်းသားများ ရှိနေတယ် လို့တောင် ထင်တော့မှာ မဟုတ်ပါ။
 
Classical Democracy ဆိုတာ မြေခွေး နှစ်ကောင် နဲ့ သိုးလေး တစ်ကောင်က ညစာ အတွက် မဲရွေး ဆုံးဖြတ်တာနဲ့ တူပါလိမ့်မယ်။

-----------  
ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြသည်။ 
 
No comments:
Post a Comment