Wednesday 3 April 2013

နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲ ရွှေတိဂုံ၌ ကျင်းပမည်

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲ ကို ရွှေတိဂုံစေတီတော် အလယ်ပစ္စယံရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ကျင်းပမည်ဟု သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။

နံ့သာသွေးပွဲတော်ကို ဧပြီ ၁၂ ရက်မွန်းလွဲ ၁ နာရီတွင်လည်း ကောင်း၊ ဧပြီ ၁၃ ရက် နံနက် ၉ နာရီတွင် ဘုရားရေသပ္ပာယ်ပွဲနှင့် မွန်းလွဲ ၂ နာရီတွင် သုဝဏ္ဏဘော လုံးအားကစားကွင်း၌ သင်္ကြန် ရေလောင်းမဏ္ဍပ် ဖွင့်ပွဲကို လည်း ကောင်း ကျင်းပမည်ဖြစ်သည်။

 ”ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ရဲ့ အဓိက အနှစ်သာရက နံ့သာ သွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲ တော် ပဲ ဖြစ် တယ်။ နံ့သာသွေးပွဲအ တွက် ပထမဆုငွေ ကျပ်တစ်သိန်း၊ ဒုတိယဆုငွေ ကျပ်ငါးေ သာင်းနဲ့ တတိယ ဆု ငွေကျပ်သုံးသောင်း ချီးမြှင့်မယ်”ဟုရခိုင်စာပေနှင့် ယဉ် ကျေးမှုအဖွဲ့မှ ဒေါ်စောခင်နုက ပြောသည်။ 

ဧပြီ ၁၄ ရက်မှ ၁၆ ရက်အ ထိ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို သုဝဏ္ဏ ဘောလုံးအားကစားကွင်း ၌ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ကျင်းပမည်ဖြစ်ပြီး တစ်ဦး လျှင်ဝင်ကြေး ကျပ် ၅ဝဝကောက်ခံ သွား မည်ဖြစ်ကြောင်း ပွဲတော်ဖြစ် မြောက်ရေးကော်မတီမှ သိရသည်။ အဆိုပါ ပွဲတော်တွင် ရခိုင် ပြည်နယ် မြို့နယ်အသင်းများ၊ လူမှုရေးအသင်းများမှ ရေလောင်း မဏ္ဍပ်များ၊ လှပျိုဖြူများနှင့် ရခိုင် တေးဂီ တ ဖျော်ဖြေ ပွဲ တို့ ပါဝင်ပြီး ဆိုင်ခန်းပေါင်း ၃ဝ တို့က ရခိုင်ရိုး ရာ အစား အစာများကို ရောင်းချ သွားမည်ဖြစ်သည်။ 

ယခုနှစ် ရခိုင်ရိုးရာ သင်္ကြန် ပွဲတော်သည် ၁ဝ ကြိမ်မြောက်ပွဲ တော်ဖြစ်ပြီး ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးကာ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ဖြစ် မြောက်ရေးအဖွဲ့(ရန်ကုန်)က စီစဉ် ကျင်းပသွားမည်ဖြစ်သည်။

ထက်ထက်မိုးမြင့်

-------------------- 
ပေါ်ပြူလာ ဂျာနယ်။

No comments:

Post a Comment