စစ်တွေမြို့ နယ်စပ်ဒေသ တိုင်းရင်းသား
လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း နဝမတန်းနှင့် ဒသမ တန်း
ကျောင်းသားများ အာစရိယပူဇော်ပွဲ အခမ်းအနား ကိုဖေဖော်ဝါရီ ၃ ရက် ညနေ ၃ နာရီခွဲက အဆိုပါ
သင် တန်းကျောင်း ခန်းမ၌ကျင်းပရာ ကျောင်းအုပ် ဆရာကြီး ဦးမောင်စိုးနှင့်
ဆရာ၊ ဆရာမများ၊ နဝမ တန်းနှင့် ဒသမတန်း ကျောင်းသားများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ကျောင်းသားများက
ကျောင်းအုပ် ဆရာကြီး ဦးမောင်စိုးနှင့် ဆရာ၊ ဆရာမ ၁၄ ဦးတို့အား လက်ဆောင်
ပစ္စည်းများဖြင့် ပူဇော် ကန်တော့ကြပြီး ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ၊
ဆရာမများက ဆုံးမ သြဝါဒ စကား ပြောကြား ခဲ့ကြောင်း သိရသည်။
http://www.mwdmedia.net/2013/02/blog-post_6026.html

No comments:
Post a Comment