အိန္ဒိယက တည်ဆောက်နေတဲ့ စစ်တွေဆိပ်ကမ်း လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရရှိသွားခဲ့တဲ့ ရခိုင် လူငယ် တစ်ဦးဟာ ဒဏ်ရာ ရတာ ရက်ပေါင်း ၂၀ ကျော်ရှိလာပေမယ့် ခုအချိန်ထိ လျော်ကြေးငွေ တစ်စုံတစ်ရာ မရရှိသေးဘူးလို့ သိရပါတယ်။
 ချင်းပျံလမ်း ကျောင်းကြီးလမ်းရပ် ကွက် မှာ နေထိုင် တဲ့ 
မောင်နေရင်ကျော်(အသက်-၂၅နှစ်)ဟာ စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရေး 
လုပ်ငန်းခွင်မှာ အလုပ် လုပ်နေစဉ် ၂၀၁၃ ဇန္န၀ါရီလ ၁၄ ရက်နေ့က ဘိလပ်မြေ အိတ်တွေ
 ကိုယ်ပေါ်ကို ပိကျတဲ့ အတွက် ခါးရိုးကျိုးသွားတာကြောင့်  စစ်တွေဆေးရုံကို 
အရေးပေါ် တင်ပို့ခဲ့ရပါတယ်။
ချင်းပျံလမ်း ကျောင်းကြီးလမ်းရပ် ကွက် မှာ နေထိုင် တဲ့ 
မောင်နေရင်ကျော်(အသက်-၂၅နှစ်)ဟာ စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရေး 
လုပ်ငန်းခွင်မှာ အလုပ် လုပ်နေစဉ် ၂၀၁၃ ဇန္န၀ါရီလ ၁၄ ရက်နေ့က ဘိလပ်မြေ အိတ်တွေ
 ကိုယ်ပေါ်ကို ပိကျတဲ့ အတွက် ခါးရိုးကျိုးသွားတာကြောင့်  စစ်တွေဆေးရုံကို 
အရေးပေါ် တင်ပို့ခဲ့ရပါတယ်။အခုအခါ သူ့အခြေအနေ ကျန်းမာသက်သာလာတဲ့ အတွက် ဆေးရုံကနေ နေအိမ်ကို ပြန်ရောက် ရှိနေပေ မယ့် လျော်ကြေးငွေ ဖြစ်ဖြစ်၊ ထောက်ပံ့ငွေ ဖြစ်ဖြစ် တစ်စုံတစ်ရာ မရရှိတဲ့ အတွက် သူ့အတွက် ဆေးဖိုး ၀ါးခက အစ နေထိုင်ရေး ထိုင်ရေးပါ အခက်ကြုံနေရတယ်လို့ သူ့ရဲ့ မိတ်ဆွေ တစ်ဦးက နိရဉ္စရာ ကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယ Essar ကုမ္ပဏီက တည်ဆောက်နေတဲ့ စစ်တွေ ဆိပ်ကမ်း အလုပ်သ မား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမြင့်ဇော်ကို ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါ မောင်နေရင်ကျော် ကို လျော်ကြေးငွေ ပေးမယ့် အစီအစဉ် ရှိတယ်လို့ ပြောပါတယ်။
မနက်ဖန် ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ Essar ကုမ္ပဏီ ရုံးခန်းကို မောင်နေရင်ကျော်ရဲ့ မိဘတွေ ကို ခေါ်ယူထားပြီး အဲဒီ လျော်ကြေးကိစ္စ ဆွေးနွေးမယ်လို့ ဆိုပါတယ်။
ကိုမြင့်ဇော်ပြောပြတာကတော့ မောင်နေရင်ကျော် ဆေးကုစရိတ် ကျပ် (၅) သိန်းခန့် ကုမ္ပဏီက ကုန်ကျ ခံထားပြီ ဖြစ်တယ်လို့ ပြောပါတယ်။
စစ်တွေက လုပ်ငန်းခွင်တွေမှာ ထိခိုက် ဒဏ်ရာရတဲ့ အလုပ်သမားတွေအတွက် အလုပ်သမား အာမခံတွေ မရှိတဲ့ အတွက် အလုပ်သမားတွေ ထိခိုက်ဒဏ်ရာရရင် ဆေးဝါးကုသဖို့နဲ့ နားနေတဲ့ အခါ သူတို့ စားသောက်ဖို့ အတွက် အထောက်အပံ့ ရရှိရေးကတော့ အခက်အခဲ ရှိနေတာ အမှန်ဘဲလို့ သူက ပြောဆိုပါတယ်။
http://www.narinjara.com/burmese/?p=4294
 
 
No comments:
Post a Comment