မိုးမြင့်ကျော်(မြစ်မခ)
 by Myit Makha Mediagroup on 21 Jan, 2013
 
 ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ရပ်တန့်စေရေးအတွက် 
ငြိမ်းချမ်းရေးလိုလားသော လူငယ်များမှ ငြိမ်းချမ်းရေးအလံအား ကိုင်ဆောင် ကာ 
ရန်ကုန်မြို့တော်ခန်းမရှေ့မှ ယနေ့ မနက် (၇) နာရီ အချိန်မှစ၍ 
ကချင်ပြည်နယ်လိုက်ဇာမြို့အထိ  စတင်လမ်းလျှောက် ချီတက်ကြပြီဖြစ် သည်။
 
  ကချင်ပြည်နယ် လိုက်ဇာမြို့ထိ  ၁၀ ဦးသာ ချီတက်လမ်းလျှောက်ရန် 
ရည်ရွယ်ခဲ့သော်လည်း စတင်လမ်းလျှောက်ချိန်မှ စ၍   ငြိမ်းချမ်းရေး လိုလားသူ 
အဖွဲ့စည်းအမျိုးမျိုးမှ ပြည်သူများလာရောက် ပူးပေါင်း ကာ ထောက်ကြန့်၊ 
ပဲခူးအစရှိသည့် မြို့များထိ လိုက်ပို့ကြမည့်သူများလည်း ပါရှိပြီး 
စုစုပေါင်းလူဦး ရေ ၇၀ ၀န်းကျင်ဖြင့် ငြိမ်းချမ်းရေးခရီးစတင်ခဲ့သည်။
 
No comments:
Post a Comment