Wednesday 21 November 2012

ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက် (ယာယီ)ဖွဲ့စည်း

၂၁.၁၁.၂၀၁၂ ရက်နေ့ စစ်တွေမြို့တွင် ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက်အဖွဲ့ (ယာယီ)ကို ဖွဲ့စည်း လိုက်ကြောင်းကို သိရှိရပါသည်။ အဖွဲ့အစည်းနှင့်ပါသတ်ပြီး ကြေငြာချက်တွင်

၁။ မြန်မာနိုင်ငံတွင် ကချင်၊ ကရင် ၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော တိုင်းသားလူမျိုး (၁၃၅) မျိုးဖြင့် ဖွဲ့စည်း စုပေါင်းနေထိုင်လျှက်ရှိပါသည်။

၂။ နိုင်ငံသားတိုင်တွင် မိမိတို့ တစ်မျိုးသားလုံး သွေးစည်းညီညွှတ်ရေးနှင့် ထာဝစဉ် ငြိမ်းချမ်းမှု ရှိရေး၊ စစ် မှန်သော ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီး တည်ထောင်ရာတွင် နိုင်ငံသားကောင်းပီသစွာ နိုင်ငံအပေါ် သစ္စာရှိဖြင့် မိမိတို့ ကိုယ်စွမ်း ၊ ညာဏ်စွမ်းရှိသမျှဖြင့် စုစည်းပါဝင် စည်းလုံးစွာ၊ ဆောင်ရွက်လျှက်ရှိကြရာတွင် အမျိုးသားများနှင့် အတူ အမျိုးသမီး၏ စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်လျှက်ရှိပါသည်။

၃။ ထို့ကြောင့် တိုင်ပြည်အတွင်း၊ နိုင်ငံအတွင်း အမျိုးသားရေးအတွက် အကျိုးထိရောက်စွာ ဆောင်ရွက်နိုင် ရန် အတွက် အမျိုးသမီးထု တစ်ရပ်လုံး စည်းလုံးညီညွတ်စွာရှိရန်မှာ အလွန်အရေးကြီးပါသည်။ 
 
ထို့ကြောင့် မြန်မာအမျိုးသမီးထုနှင့်အတူ ရခိုင်အမျိုးသမီးတို့ကလည်း တညီတညွှတ်တည်း ဒီမိုကရေစီ နိုင်ငံ တည်ဆောင်ရာတွင် တတပ်တအား ပါဝင်နိုင်ရန်အတွက် စုစည်းညီညွှတ်စွာ ဆက်သွယ် လုပ်ဆောင်နိုင်ရန် ရခိုင်အမျိုးသမီးများကွန်ယက် (ယာယီ)ကို ၁၈.၁၁.၂၀၁၂ ရက် တနင်္ဂနွေနေ့တွင် စတင်ဖွဲ့စည်းလိုပါသည်ဟု အမျိုးသမီးကွန်ယက်(ယာယီ)၏ ကြေငြာချက်တွင် ပါရှိပါသည်။ 
 
 
ရခိုင်အမျိုးသမီး ကွန်ယက် (ယာယီ) ဥက္ကဌ ဒေါ်ညိုအေးအား RSV မှာ စုံစမ်းမေးမြန်ကြည့်သောအခါ “ရခိုင်ပြည်နယ်၏ အမျိုးသမီးများ၏ ကျန်မာရေး၊ ပညာရေး၊ အမျိုးအကြမ်းဖက်မှုများ ကို ဖော်ထုတ်တား ဆီးကာကွယ်နိုင်ရန်၊ လူကုန်ကူးမှုကို တားဆီးကာကွယ် ကယ်ထုတ်ရန်တို့ကို ရည်ရွယ် ဖွဲ့စည်းရခြင်းဖြစ် ပါတယ်။ ကျွန်မတို့ဟာ မည်သည့်အဖွဲ့အစည်း ၊ နိုင်ငံရေးပါတီရဲ့ လက်အောက်ခံမဟုတ်ပါဘူး၊ ဒါပေမယ့် ရည် မှန်းချက်တူ၊ ရည်ရွယ်ချက်တူညီသော မည်သည့်အဖွဲ့အစည်း ၊ ကွန်ယက်နှင့်ဆို ပူးပေါင်းဆောင်ရွက် သွားမှာပါ”လို့ ပြောပြသွားပါသည်။ 
 
ရခိုင်အမျိုးသမီးကွန်ယက်နှင့် ဆက်သွယ်လိုလျှင် ဒေါ်ညိုအေး ၊ ရခိုင်ပြည်နယ် အမျိုးသမီး(ယာယီ) ဖုန်းနံပါတ် ကတော့ ၀၉၄၂၁၇၁၄၄၇၉ ကို ဆက်သွယ် မေးမြန်နိုင်ပါတယ်။

No comments:

Post a Comment