Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Saturday, 30 March 2013

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင် (Manchineel)

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင် (Manchineel)

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။

၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။ ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်ကလည်း တော်တော်ပြင်းပါတယ်။

သူ့မှာ ပေါက်တဲ့ အသီးဟာ ပန်းသီး ပုံသဏ္ဍန်နဲ့ နီးစပ်ပြီး Manchineel Apple လို့လည်း လူသိများပါတယ်။ ယင်းပန်းသီး တစ်လုံးဟာ လူ အယောက် ၂၀ ကို သေစေနိုင်ပါတယ်။ မိုးရွာနေတဲ့အချိန် ယင်း အပင်အောက် သွားမခိုဖို့ တားမြစ်ထားပါတယ်။ မိုးရွာချိန်သွာခိုမိရင် ခန္ဓာကိုယ် အရေအပြားမှာ မီးလောင်ဒဏ်ရာလို အရေကြည်ဖု များ ပေါက် မှာ ဖြစ်ပါတယ်။ အပင်ကနေ နို့ရည် အရောင် အဆင်းရှိတဲ့ အရည်များ ကျဆင်းလို့ ဖြစ်ပါတယ်။ ပင်စည်ကိုလည်း သွားမကိုင်ဖို့ တားထားပါတယ်။ ပင်စည်ကို ကိုင်မိရင် လက်မှာလည်း အရည်ကြည်ဖု ထပါတယ်။

အပင်ကို မီးရှို့  ရင် ယင်းအပင်က အငွေ့ တစ်မျိုးထွက်ပြီး ယင်းအငွေ့က မျက်စိကန်းစေပါတယ်။ ရှုရှိုက်မိရင်လည်း မူးမေ့ပြီး အချိန်မှီ ဆေး မပေးနိုင်ရင် သေပါတယ်။ ဒါကြောင့် လူတိုင်းကြောက်တဲ့ သစ်ပင်လည်း ဖြစ်ပါတယ်။ ယင်း Manchineel (မန်ချင်းနီးလ်) သစ်ပင်များ ပေါက်ရောက်ရာ တောများသို့ မသွားရောက်ရန်လည်း တားမြစ် ထားပါတယ်။

မြေဆီလွှာအား ရေတိုက်စားခြင်းကို အဓိကကာကွယ်ပေးတဲ့ လုပ်ငန်း တစ်ခုကြောင့်လည်း ယင်းအပင်များကို မရှင်းလင်းပါဘူး။ ရှင်းလင်းရန်လည်း ခက်ခဲ အန္တရာယ်ကြီးတဲ့ အပင်များ ဖြစ်ပါတယ်။ သဘာဝအတိုင်း ပေါက်ရောက်တာ ဖြစ်တဲ့အတွက်လည်း မပျက်ဆီးစေဖို့ စောင့်ရှောင့်ထားပါတယ်။

ဒါကြောင့် Manchineel (မန်ချင်းနီးလ်) သစ်ပင်နဲ့ ပန်းသီးကို ခေတ်သစ် ဧဒင် သစ်ပင် နဲ့ ပန်းသီးလို့ တင်စားခေါ်ဝေါ်ကြကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး ဗဟုသုတ
-
http://www.yoyarlay.com/entertainment/123-discovery/34904-the-world-most-poisoned-tree-manchineel
Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>YoYarLay<< Thank
ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထား ရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင် ပဲ ဖြစ်ပါတယ်။

၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိ ကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။ ပင်လယ် ကမ်းခြေတွေ မှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်ကလည်း တော်တော်ပြင်းပါတယ်။

Sunday, 17 March 2013

ရခိုင်အရေးအခင်း Fecebook မှ ဓါတ်ပုံအမှား ထုတ်လွှင့်မူ ဘင်္ဂလာဒေခ်ျ့ The Daily star သတင်းစာကြီးက ဓါတ်ပုံများနှင့် တကွ စာမျက်နာ အပြည့် ဖွင့်ချ

(နိရဉ္စရာ)
ရခိုင်အရေးအခင်း အတွင်း မွတ်ဆလင်များအား အစုလိုက် အပြုံလိုက်သတ်ဖြတ်နေပါသည်ဟု ခေါင်းစဉ် တပ်ကာ ဓါတ်ပုံများဖြင့် နိုင်ငံတကာ အစ္စလာမ်ဘာသာဝင်များ အကြား သတင်း ထုတ်လွှင် ခဲ့မူများမှာ မှန်ကန်မူ မရှိကြောင်း ယနေ့ထုတ် The Daily star  သတင်းစာက ဓါတ်ပုံများနှင့် တကွ စာမျက်နာပြည့် ဖွင့်ချလိုက်သည်။

တရုတ်အစိုးရသစ် ရင်ဆိုင်ရမယ့်စိန်ခေါ်မှုများ

ကာကွယ်ရေးဒ၀န်ကြီးသစ်အဖြစ် ရွေးချယ်ချယ်ခံရသူ Chang Wanquan (ရှေ့တန်း-လယ်) နဲ့အတူ တရုတ်အမျိုးသားကွန်ဂရက်ကို တက်ရောက်နေသူများ။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။
ကာကွယ်ရေးဒ၀န်ကြီးသစ်အဖြစ် ရွေးချယ်ချယ်ခံရသူ Chang Wanquan (ရှေ့တန်း-လယ်) နဲ့အတူ တရုတ်အမျိုးသားကွန်ဂရက်ကို တက်ရောက်နေသူများ။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။

Sunday, 10 March 2013

ဘင်္ဂလားပင်လယ်အော်အတွင်း အိန္ဒိယ-မြန်မာ ရေတပ်များ ပူးတွဲစစ်ရေးလေ့ကျင့်မည်

The Myanma Age
မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံသည် စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် ဘင်္ဂလားပင်လယ်အော်အတွင်း ပူးတွဲ ကင်း လှည့်ရေးနှင့် စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ရေးကို ဆောင်ရွက်သွားတော့ မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အမျိုးသားတစ်ဦး အရှင်လတ်လတ် မြေမျိုခံခဲ့ရ

အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အမျိုးသားတစ်ဦး အရှင်လတ်လတ် မြေမျိုခံခဲ့ရ
Sunday, March 10, 2013

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ တမ်ပါမြို့ရဲ့အရှေ့ဘက် 
၁၅ မိုင်ခန့်အကွာမှာရှိတဲ့ ဆင်ခြေဖုံး မြို့ကလေးဆမ်နာက အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ဂျက်ဖ်ဘု့ရှ်ဆိုသူဟာ မမျှော်လင့်တဲ့ ကြမ္မာဆိုးနဲ့ 
ရုတ်တ ရက်ကြုံခဲ့ရပါတယ်။ 

ဂျက်ဖ်ဘုရှ်ဟာ မိသားစုဝင်ငါး ဦးနဲ့အတူ တစ်အိမ်တည်းအတူနေ သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ကြာသပ တေးနေ့ည ဒေသစံတော်ချိန် ၁၁ နာရီလောက် ဂျက်ဖ်ဘု့ရှ်တစ်ဦး တည်း သူ့အိပ်ခန်းအတွင်းရှိ နေချိန် မှာ အိမ်ကိုကားဝင်တိုက်လိုက်သလို ကျယ်လောင်တဲ့အသံကြီးနဲ့အတူ ဂျက်ဖ်ဘုရှ်ရဲ့ အော်ဟစ်သံကို ကြား လိုက်ရပါတယ်။

အစ်ကိုဖြစ်သူရဲ့ အော်ဟစ် အကူအညီတောင်းခံသံကြားလိုက်ရ တဲ့ ညီဖြစ်သူ ဂျယ်ရီဘု့ရှ်ဟာ အစ် ကိုဖြစ်သူရဲ့ အိပ်ခန်းအတွင်း ပြေး ဝင်လိုက်တဲ့အခါ မြင်တွေ့ရတဲ့မြင် ကွင်းကြောင့် ခဏတာကြက်သေ
သေသွားခဲ့မိတယ်။

အိပ်ခန်းနေရာမှာ ဧရာမကျင်း ကြီးဖြစ်နေပြီး သူ့အစ်ကိုရဲ့ အိပ်ရာ 
ကလွဲလို့ ဘာမှမရှိတာ့ပါဘူး။ ဂျယ်ရီ လည်း ဘာမှစဉ်းစားမနေတော့ဘဲ တွင်းထဲခုန်ချပြီး မြေကြီးကိုတူးယက် ရှာပေမယ့် အစ်ကိုဖြစ်သူကို လုံးဝ ရှာမတွေ့ရတော့ပါဘူး။

အကျယ်၃ဝ ပေလောက်ရှိတဲ့ မြေကျွံတွင်းထဲကို ဝင်ရောက်ဖို့ အန္တရာယ် များလွန်းတာကြောင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့သားတွေဟာ ဂျက်ဖ်ဘု့ရှ်ပျောက်ဆုံးပြီး သုံးရက်အကြာမှာ ဆက်လက်ရှာဖွေ ဖို့ လက်လျှော့လိုက်ရပါတယ်။

ဂျက်ဖ်ဘု့ရှ်ရဲ့ မိသားစုနဲ့ သူတို့ အိမ်ဘေးတစ်ဖက်တစ်ချက်
နေအိမ်တွေကနေသူတွေလည်း သူတို့အိမ်တွေမှာ ဆက်မနေရဲတော့လို့
ပြောင်းရွှေ့နေကြရတယ်လို့ဆိုပါတယ်။

ဆက်ပ်နာမြို့ဝန်းကျင်ဟာ ဘူမိ ဗေဒမြေအနေအထားကြောင့် မြေ ကျွံတွင်းတွေဖြစ်ပေါ်လေ့ရှိပေမယ့် အခုလို ဘာအရိပ်အယောင်မျှမပြဘဲ လူတစ်ယောက်ကို ရုတ်တရက် မြေကြီးထဲ ပျောက်ကွယ်သွားစေတဲ့ ဖြစ်ရပ်မျိုး ယခင်က မကြုံခဲ့ရဘူးလို့ဆိုပါ တယ်။

REF: AFP
Sunday, March 10, 2013
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ တမ်ပါမြို့ ရဲ့အရှေ့ဘက် ၁၅ မိုင်ခန့်အကွာမှာ ရှိတဲ့ ဆင်ခြေဖုံး မြို့ကလေးဆမ်နာက အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ဂျက်ဖ်ဘု့ရှ်ဆိုသူဟာ မမျှော်လင့်တဲ့ ကြမ္မာဆိုးနဲ့
ရုတ်တ ရက်ကြုံခဲ့ရပါတယ်။

ဂျက်ဖ်ဘုရှ်ဟာ မိသားစုဝင်ငါး ဦးနဲ့အတူ တစ်အိမ် တည်းအတူနေ သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ကြာသ 


Monday, 4 March 2013

OIC က ရိုဟင်ဂျာများ အခွင့်အရေး စဉ်စားဖို့ UNHCR ကို ပန်ကြား


နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအရေး ကိုယ်တွယ်ဖြေရှင်းရန် ကုလ ဒုက္ခသည်
အေဂျင်စီ UNHCR အား ကမ္ဘာ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က မေတ္တာရပ်ခံလိုက်သည်။

ဖိလစ်ပိုင်စော်ဘွား နောက်လိုက် လက်နက်ကိုင်များနှင့် မလေးရှား ရဲတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုများ ထပ်မံဖြစ်ပွား

ဖိလစ်ပိုင်စော်ဘွား နောက်လိုက် လက်နက်ကိုင်များနှင့် မလေးရှား ရဲတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုများ ထပ်မံဖြစ်ပွား
Monday, March 4, 2013

မလေးရှားရှိ ဘော်နီယိုကျွန်းစုမှ ဆာဘာပြည်နယ်တွင် ဖိလစ်ပိုင်စော်ဘွား
နောက်လိုက် လက်နက်ကိုင်များနှင့် မလေးရှား ရဲတပ်ဖွဲ့ဝင်တို့အကြား 
မတ် ၂ ရက် ညပိုင်းက အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ရာ မလေးရှားရဲငါးဦးနှင့် လက်နက်ကိုင်နှစ်ဦးတို့ သေဆုံးခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က မတ် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မတ် ၁ ရက်က ဖိလစ်ပိုင်စော်ဘွားဟောင်း နောက်လိုက် လက်နက်ကိုင်
များနှင့်မလေးရှားရဲတပ်ဖွဲ့ဝင်တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ယင်းလက်နက်ကိုင် ၁၂ ဦးနှင့် ရဲနှစ်ဦးမှာ သေဆုံးခဲ့ပြီးဖြစ်ကာ မတ် ၂ ရက်တွင် ဆမ်ပေါ်နာမြို့၌ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုပဋိပက္ခမှာ မကြာသေးမီနှစ်များအတွင်း မလေးရှားရဲများ
သေနတ်သမားများ၏ ချုံခိုတိုက်ခိုက်ခံရမှုများအနက် အကြီးမားဆုံး
ပြဿနာတစ်ခု ဖြစ်လာခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆမ်ပေါ်နာမြို့မှာ စော်ဘွားနောက်လိုက် လက်နက်ကိုင် ၁၀၀ ဦးမှ ၃၀၀ ဦးတို့ ရောက်ရှိနေသော တန်ဒိုရွာမှ ကီလိုမီတာ ၃၀၀ (မိုင် ၁၉၀) ခန့် ကွာဝေးကြောင်း သိရသည်။ 

ယင်းလက်နက်ကိုင်များသည် လှေများဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင်
ရောက်ရှိလာခဲ့ပြီး ၎င်းတို့သည် ဖိလစ်ပိုင်အခြေစိုက် စော်ဘွား
ဂျမာလူကီရမ်၏ နောက်လိုက်များဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ 

ယနေ့ခေတ် မလေးရှားရှိ ဆာဘာပြည်နယ်မှာ ဖိလစ်ပိုင် အစ္စလာမ္မစ်
စော်ဘွားဆူလူ၏ ပိုင်နက်ဖြစ်သည်ဟု ဆူလူနေရာ ဆက်ခံသော ကီရမ်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သမ္မတ ဘင်နစ်နိုအကွီနိုက ယင်းစော်ဘွားနောက်လိုက် လက်နက်ကိုင်များကို လက်နက်များချရန် တိုက်တွန်းခဲ့သည်။

ဓာတ်ပုံ - ဆမ်ပေါ်နာမြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ရဲတပ်ဖွဲ့ဝင်များ
စောင့်ကြပ်နေစဉ် (Photo - AFP)

Ref:AFP
Eleven Media Group
Monday, March 4, 2013
မလေးရှားရှိ ဘော်နီယိုကျွန်းစုမှ ဆာဘာပြည်နယ် တွင် ဖိလစ်ပိုင်စော်ဘွား နောက်လိုက် လက်နက် ကိုင်များနှင့် မလေးရှား ရဲတပ်ဖွဲ့ဝင်တို့အကြား
မတ် ၂ ရက် ညပိုင်းက အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ရာ မလေးရှားရဲငါးဦးနှင့် လက်နက် ကိုင်နှစ်ဦးတို့ သေဆုံးခဲ့ကြောင်း မလေးရှားရဲတပ် ဖွဲ့က မတ် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 


Thursday, 21 February 2013

အင်္ဂါဂြိုဟ်ပေါ်တွင် တံခါး လက်ကိုင်ပုံစံ တောက်ပသော အရာဝတ္ထု တစ်ခုတွေ့ရှိ


အမေရိကန် အာကာသ အေဂျင်စီ နာဆာ(NASA) အဖွဲ့၏ အင်္ဂါဂြိုဟ် သုတေသနယာဉ် Curiosity သည် တံခါး လက်ကိုင်ပုံစံနှင့် ဆင်တူသော သတ္တုပုံစံ တောက်ပသည့် အရာဝတ္ထု တစ်ခုကို ဓာတ်ပုံ ရိုက်ယူ နိုင်ခဲ့ ကြောင်း သိရသည်။ Curiosity ယာဉ်သည် ရှေ့ခေတ်လူမှု အဖွဲ့အ စည်း၏ သက်သေ အထောက်အထား တစ်ရပ်ကို
ရယူနိုင်ခဲ့ခြင်း မဟုတ်သော်လည်း ယင်းအရာဝတ္ထု သည် လေတိုက် စားမှုကြောင့် ယခုကဲ့သို့ တံခါးလက်ကိုင် ပုံစံ ဖြစ်ပေါ်လာသော ကျောက်တုံးတစ်တုံးသာ ဖြစ်ကြောင်း သိပ္ပံပညာရှင် များက ပြောကြား ခဲ့သည်။ 

ပိရိသေသပ်စွာ ကျူးလွန်ခဲ့သည့် ဘရပ်ဆဲလ် လေဆိပ်မှ ဒေါ်လာ သန်း ၅ဝ တန် စိန် ဓားပြမှုကြီး

Thursday, 21 February 2013 09:28
နိုင်ထူး
လုံခြုံရေး အထူး တင်းကျပ်ထားသည့် ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့ရှိ နိုင်ငံတကာ လေဆိပ်တွင် ဖေဖော်ဝါရီ ၁၈ရက် ညပိုင်းက ပိပိရိရိဖြင့် ကြိုတင်ကြံစည်ထားသည့်  ဓားပြတိုက် မှုကြီးတစ်ခု ဖြစ်ပွား ခဲ့သည်။
အာဏာပိုင် များ၏ ထုတ်ပြန်ချက် အရမျက်နှာဖုံး စွပ်ထား သည့် လက်နက်ကိုင် ဓားပြများသည် ဆွစ်ဇာ လန် နိုင်ငံ ဇူးရစ်ခ်ျ မြို့သို့ထွက်ခွာမည့် လေယာဉ် တစ် စင်းပေါ်သို့ 

အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်များ

တရုတ်နိုင်ငံ။   ။၂၀၁၂ခုနှစ်အတွင်း တရုတ်နိုင်ငံ တွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်များ မှာ အောက်ပါအ တိုင်းဖြစ်သည်-
          ၂-၁-၂၀၁၂။   ။တရုတ်နိုင်ငံ မြောက်ပိုင်းရှိ Xingxia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ Hui မွတ်စလင်လူမျိုးများ အဓိကနေထိုင်သည့် Hexi မြို့ တွင် ဗလီအားဖျက်ဆီးခဲ့ သည့် ရဲတပ်ဖွဲ့ ဝင် ၁၀၀၀ ခန့် နှင့် ဒေသခံမွတ်စလင်လူ မျိုးတို့ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရှိသည်။

Monday, 18 February 2013

သီရိလင်္ကာတွင် သဘောထားတင်းမာသည့် ဗုဒ္ဓဘာသာဝင် အဖွဲ့  တစ်ခု က အစားအစားများနှင့် ကုန်ပစ္စည်းများတွင် မူဆလင်တို့၏ ဟာလာ အမှတ် တံဆိပ် ထည့်သွင်းမှု ပပျောက်ရေး ဆန္ဒပြ

Anti-Islamist Blogger တစ်ဦးသတ်ဖြတ်ခံရပြီးနောက် ၎င်း၏ဘလော့စာမျက်နှာ Sonar Bangla Blog အား ဘင်္ဂလားဒေ့ရှ်အစိုးရမှ ဖျက်သိမ်း

Anti-Islamist Blogger တစ်ဦးသတ်ဖြတ်ခံရပြီးနောက် ၎င်း၏ဘလော့စာမျက်နှာ Sonar Bangla Blog အား ဘင်္ဂလားဒေ့ရှ်အစိုးရမှ ဖျက်သိမ်း

သတ်ဖြတ်ခံရသူ  Blogger Ahmed Rajib Haider (၃၅) နှစ်သည် ဘင်္ဂလားဒေ့ရှ် အတိုက်အခံ အစ္စလာမ်မစ်အစွန်းရောက်ပါတီ Jamaat-e-Islami ခေါင်းဆောင်များ၏ ၁၉၇၁ခုနှစ် ဘင်္ဂလားဒေ့ရှ်လွတ်မြောက်ရေး စစ်ပွဲကာလအတွင်း ဘင်္ဂလားဒေ့ရှ်ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများအား ထိရောက်စွာအရေးယူပေးရန် အစိုးရအားတောင်းဆိုဆန္ဒပြသည့် ဧရာမလူထုဆန္ဒပြပွဲကြီးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။ အဆိုပါလူထုဆန္ဒပြပွဲကြီး ဖြစ်ပေါ်လာရေးအတွက် လှုံ့ဆော်ခဲ့သည့် ၎င်း၏အွန်လိုင်းလှုပ်ရှားမှုများကြောင့်  Jamaat-e-Islami ပါတီမှ ကျောင်းသားအင်အားစု၏ အဓိကရန်ငြိုးဖွဲ့ ပစ်မှတ်ထားမှုကို ခံခဲ့ရကြောင်း ၎င်း၏အစ်ကိုဖြစ်သူမှ ပြောကြားသွားပါသည်။ ၎င်း၏မိတ်ဆွေ ဘလော့ကာတစ်ဦးဖြစ်သူ  Shakil Ahmed က သတ်ဖြတ်ခံရသူအား အဆိုပါအစ္စလာမ်မစ်အစွန်းရောက်ပါတီ၏ Official Website မှ လွန်ခဲ့သည့်တစ်ပတ်ခန့်မှစတင်၍ ပါတီ၏အဓိကရန်သူအဖြစ် လွှင့်တင်ခဲ့ကြောင်း ပြောကြားသွားပါသည်။ ၎င်းလူသတ်မှုနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့မှ သတင်းတစ်စုံတရာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရှိရသည်။

Jamaat-e-Islami  ပါတီက ၁၇.၂.၂၀၁၃ ရက်စွဲဖြင့် အဆိုပါလူသတ်မှုအား ရှုံ့ချကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သော်လည်း လူသတ်မှုတွင်တာဝန်ရှိသည်ဟူသော စွပ်စွဲချက်အား ငြင်းဆန်ခြင်း၊၀န်ခံခြင်း တစ်စုံတရာမပါရှိပေ။ သတ်ဖြတ်ခံရသူနှင့် ၎င်း၏သူငယ်ချင်းများ၊ပရိတ်သတ်များနှင့် မိသားစုဝင်များသည် အဆိုပါအစ္စလာမ်မစ် အစွန်းရောက်ပါတီခေါင်းဆောင်များ၏ ပါကစ္စတန်လက်အောက်မှ ခွဲထွက်ရေးတိုက်ပွဲကာလ ၁၉၇၁ခုနှစ်အတွင်း ကျူးလွန်ခဲ့သည့် မုဒိန်းမှု၊ လူမျိုးတုန်းသတ်ဖြတ်မှုစသည့် စစ်ရာဇ၀တ်မှုများအား ပြင်းပြင်းထန်ထန်အရေးယူပေးရန် အစိုးရအားတောင်းဆိုသည့် လူထုဆန္ဒပြပွဲကြီးတွင် အသတ်မခံရမှီရက်ပိုင်းအလိုက တက်ကြွစွာပါဝင်ခဲ့ကြသည်။ အဆိုပါလှုပ်ရှားမှုကာလအတွင်း ၎င်းတို့နှင့် အစ္စလာမ်မစ်ပါတီဝင်များအကြား အွန်လိုင်းစာမျက်နှာများတွင် အချင်းပွားမှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရသည်။

Ahmed Rajib Haider ၏ဈာပနသို့ ဘင်္ဂလားဒေ့ရှ်ပြည်သူ ငါးသောင်းခန့်လိုက်ပါပို့ဆောင်ကြပြီး Jamaat-e-Islami ပါတီအားဖျက်သိမ်းပြီး ၎င်း၏ကျောင်းသားအင်အားစု Islami Chhatra Shibir အားလူသတ်မှုဖြင့်အရေးမယူမချင်းဆက်လက် ဆန္ဒပြသွားမည်ဟု ကြွေးကြော်တောင်းဆိုခဲ့ကြသည်။ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက သတ်ဖြတ်ခံရသူ ဘလော့ကာ၏နေအိမ်သို့ သွားရောက်လည်ပတ်ပြီး ၎င်းအနေဖြင့် အဆိုပါပါတီအား တရားဥပဒေအရ ဖျက်သိမ်းရန်အမိန့်ပေးသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

Haider သတ်ဖြတ်ခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အွန်လိုင်းသုံးစွဲသူများအကြား ၎င်း၏ဘလော့စာမျက်နှာပေါ်တွင် အငြင်းပွားဆဲဆိုရန်ဖြစ်မှုများ တရှိန်ထိုးမြင့်တက်လာပြီး ဒေသတွင်းရှိ ဆန့်ကျင်ဖက် အဖွဲ့အစည်းများအကြားတွင် အဓိကရုဏ်းများ ဖြစ်ပေါ်မည့် လက္ခဏာများမြင်တွေ့လာသောကြောင့် အဆိုပါဘလော့စာမျက်နှာအား အစိုးရဆက်သွယ်ရေးဌာနမှပိတ်သိမ်းလိုက်ကြောင်း အဆိုပါဌာန၏ ဒုတိယအကြီးအကဲဖြစ်သူ Giasuddin Ahmed က ပြောကြားသွားပါသည်။

အဆိုပါ (၁၅.၂.၂၀၁၃) သောကြာနေ့လူသတ်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အစ္စလာမ်မစ်အစွန်းရောက်များနှင့်ဆက်နွယ်သည့် ဒုတိယမြောက်သတ်ဖြတ်မှုဖြစ်ပြီး ၎င်းမတိုင်မှီက အွန်လိုင်းလှုပ်ရှားသူတစ်ဦးအား အမည်မသိလူသုံးဦးမှ သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

source - AFP
သတ်ဖြတ်ခံရသူ Blogger Ahmed Rajib Haider (၃၅) နှစ်သည် ဘင်္ဂလားဒေ့ရှ်အတိုက်အခံ အစ္စ လာမ်မစ်အစွန်းရောက်ပါတီ Jamaat-e-Islam i ခေါင်းဆောင်များ၏ ၁၉၇၁ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေး စစ်ပွဲ ကာလအတွင်း ဘင်္ဂ လားဒေ့ရှ်ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် စစ် ရာဇ၀တ်မှုများအား ထိရောက်စွာအရေးယူပေး ရန် အစိုးရအားတောင်းဆိုဆန္ဒပြသည့် ဧရာမလူထု ဆန္ဒပြပွဲကြီးတွင် အဓိကအခန်းကဏ္ဍမှပါဝင် ခဲ့သူဖြစ်သည်။ 
 

သီရိ လင်္ကာ နိုင်ငံတွင် မိုးရွာ သွန်းစဉ် ကောင်းကင်မှ ရွှေရောင် အဆင်းရှိ အရာ ဝတ္ထုများ ပြုတ်ကျ

သီရိ လင်္ကာ နိုင်ငံတွင် မိုးရွာ သွန်းစဉ် ကောင်းကင်မှ ရွှေရောင် အဆင်းရှိ အရာ ဝတ္ထုများ ပြုတ်ကျ

သီရိ လင်္ကာ နိုင်ငံ ဟက်တွန် တောင်တန်းများ ရှိရာ ဂါမီနီပူရာ ဒေသတွင် မိုးရွာသွန်းစဉ် ကောင်းကင်မှ ရွှေ ရောင် အဆင်းရှိသော အမျိုးအမည်မသိ အရာဝတ္ထုများ ပြုတ်ကျလာ ခဲ့ကြောင်း သိရသည်။

ဒေသ အတွင်းရှိ လူအများသည် ယင်းအရာဝတ္ထု များကို ကောက်ယူ၍ ၎င်းတို့၏ နေအိမ်သို့ ယူဆောင်သွား လျက်ရှိကြောင်း Virakesari သတင်း စာတွင် ဖော်ပြထားသည်။

အလားတူပင် ဒစ်ဘူလာ ဒေသတွင် လည်းကောင်းကင်မှ ကျောက်တုံးများ ကျရောက် လာခဲ့ပြီး ပူဝက်စ်သာ ဝါလာ ဒေသရှိ ဆာမန် သာလာရာ အရပ်တွင်လည်း ကျောက်တုံး ကဲ့သို့သော အမည်းရောင်၊ အဖြူရောင်နှင့် အဝါရောင်ရှိသော ကျောက်ခဲ များ ကောင်းကင် မှ ပြုတ်ကျ လာခဲ့ကြောင်း သိရသည်။

ကောင်းကင်မှ ကျရောက်လာသော အဆိုပါ အမျိုးအမည် မသိ အရာဝတ္ထု အချို့ကို သိမ်းဆည်း ခဲ့ကြောင်း ရဲတပ်ဖွဲ့ အရာရှိ များက အတည်ပြုခဲ့ သည်ဟု သိရသည်။

http://bit.ly/YBcRVv

Friday, 15 February 2013

ရုရှမှာ ဥက္ကာပျံတွေ လင်းထိန်ပြီး ကျ


 

 နောက်ဆုံး ရေးသားချိန် 15 ဖေဖေါ်ဝါရီလ 2013 - 15:17 GMTဥက္ကာပျံတွေ ကျလာလို့ ရုရှမှာ လူတွေ ရာနဲ့ချီ ထိခိုက်ဒဏ်ရာ ရကုန်ပါတယ်။ရုရှားနိုင်ငံ ယူ ရဲလ် တောင်ပေါ်ဒေသမှာ ဥက္ကာပျံ ကြွကျေပြီး အနည်း ဆုံး လူပေါင်း ၅၀ဝ ဒဏ်ရာ ရခဲ့ပါတယ်။ အလွန်ကြီးမားတဲ့ မီးလုံးကြီးတလုံး ရုတ်တရက် ကျ လာပြီး နေ့လည်နေ့ ခင်း အလင်းရောင်လိုမျိုးလင်း ထိန်သွားတာလည်း ဖြစ်ပါတယ်။ပေါက်ကွဲသံကြီးကလည်း သိပ်ပြင်းထန်သလို အသံက သိပ်ကျယ်လွန်း ပြင်း လွန်းလို့ ပြတင်းတံခါး တွေတောင် ကွဲကုန်ပါတယ်။

မြန်မာ နယ်စပ် အနီးတွင် တည်ရှိသော ကော့စ်ဘဇားမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြီ

မြန်မာ နယ်စပ် အနီးတွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇားမြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပတ်ခတ်နှိမ်နှင်းမူကြောင့် လူအသေအပျောက်များ ရှိပြီးနောက် ယခုအခါ ပုဒ်မ ၁၄၄ အရေးပေါ် ဥပဒေ ထုတ်ပြန် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
Coxs_Bazar
ယနေ့ နေ့လည်က ဗလီ တစ်ခုမှ ၀တ်ပြုဆုတောင်း ပွဲအပြီး လူအုပ်ကြီး တစ်ခုမှ သူတို့ခေါင်းဆောင် များ ကို ဖမ်းဆီး ပြစ်ဒဏ် စီရင်ချက်များ ချမှတ်နေမူ အပေါ် မကျေနပ်ရာမှ ဆန္ဒပြစဉ် လုံခြုံရေး တပ်ဖွဲ့ ၀င်များ၏ ပစ်ခတ်မူကြောင့် အနည်းဆုံး လူ (၆) ဦးခန့် သေဆုံးသွားသည်ဟု ဆိုသည်။

“ အခု ရရှိတဲ့ သတင်းအရ ၆ ဦးသေတယ်။ ၁၀၀ နီးပါး ဒဏ်ရာ ရတယ်လို့ ကြားရပါတယ်။ ဖြစ်တာက အစ္စလာမ်မစ် ချီဘီအဖွဲ့ကနေ ဆန္ဒပြရာမှာ RAB လို့ ခေါ် တဲ့ မူခင်း အထူးနှိမ်နှင်းရေး တပ်ဖွဲ့က ပစ်ခတ်တဲ့ အတွက် သေဆုံးသွားတာ ဖြစ်ပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

Wednesday, 6 February 2013

ဗိုလ်မင်းထောင် ဗိုလ်မင်း ကျော်သန်ဖြူ ရုတ်တရက်ကွယ်လွန်

မောင်အေး
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ရွာတော်ခေါ် ဘင်ဒရိုဘင် ခရိုင် ဗိုလ်မင်းထောင်၏ ၁၆ ဆက်မြောက် ဗိုလ်မင်းဖြစ်သူ KS ဖြူခေါ် ကျော်သန်ဖြူသည် မနေ့က  ရုတ်တရက်ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။
bandarban-16th-bomang-raja-KS-Prue-
မြန်မာ- ရခိုင် သမိုင်းများနှင့် ဆက်စပ်နေသာ ဗိုလ်မင်း KS ဖြူ (၇၈) နှစ် သည် လွန်ခဲ့သည့် ရက် ညနေပိုင်း အ နည်းငယ်ဖျားနာရာမှ ရုတ်တရက် နှလုံးရပ်ကာ ရွာတော်မြို့ မိမိနေအိမ် တွင် ယမန်နေ့ နံနက် ၅ နာရီခန့် တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယခု ကွန်လွန်သွားသည့် ဗိုလ်မင်း KS ဖြူသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ ၁၆ ဆက်မြောက် ဗိုလ် မင်း ဖြစ် လာသူ ဖြစ်သည်။

Tuesday, 5 February 2013

မာလီ အစ္စလာမ်မစ် စစ်သွေးကြွခေါင်းဆောင် ၂ ဦး ဖမ်းဆီးရမိ

04.02.2013
မာလီနိုင်ငံတွင်းက အန်စာ ဒင်း (Ansar Dine) အစွန်းရောက်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တဦး အပါအ၀င် အစ္စလာမ်စစ်သွေးကြွ အဆင့်မြင့်ခေါင်းဆောင်နှစ်ဦးကို မြောက်ပိုင်းမာလီမှာ ဖမ်းဆီးရမိ လိုက်ပါတယ်။
 

Saturday, 2 February 2013

လပေါ်တွင် တည်ဆောက်မည့် အဆောက်အဦ ပုံစံများကို ထုတ်ပြန် 

Saturday, 02 February 2013 10:34

လမျက်နှာပြင်ရှိ မြေသားများကိုသာ အသုံးပြုပြီး လပေါ်တွင် တည်ဆောက်မည့် အဆောက်အဦတစ်ခု၏ ပုံစံများကို ဗိသုကာလုပ်ငန်း Foster+ Partners က ထုတ်ပြန်ခဲ့သည်။

ယင်းအဆောက်အဦ ပုံစံကို ကမ္ဘာမြေမှ သယ်ယူသွားမည်ဖြစ်ပြီး သရီးဒီ ပရင့်တာများဖြင့် ထုတ်ထားသည့် အလွန်ကြီးမားသော အိမ်အရွယ်အစား အခွံတစ်ခုဖြင့် ဖုံးအုပ်လိုက်မည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်ကုမ္ပဏီ Monolite ၏ ယင်းပရင့်တာဖြင့် regolith ဟု လူသိများသော လပေါ်ရှိမြေကို အသုံးပြုကာ ခြောက်မီတာ အရွယ်အစားရှိ ပုံစံများ ထုတ်မည်ဖြစ်ကြောင်း သိရသည်။

လပေါ်ရှိ တောင်ဝင်ရိုးစွန်းတွင် တည်ဆောက်ရန် အဆိုပြုထားပြီး ယင်းအဆောက်အဦ၌ လူလေးဦး နေနိုင်အောင် ပြုလုပ်ထားကာ ယင်းထက် ပိုနေနိုင်ရန် ထပ်မံတိုးချဲ့နိုင်သည်ဟုလည်း သိရသည်။ ၂၀၁၀ ပြည့်နှစ်တွင် ၀ါရှင်တန်ပြည်နယ် တက္ကသိုလ်မှ သုတေသနပညာရှင် အဖွဲ့တစ်ဖွဲ့က regolith ဆိုသော အရာဝတ္ထုကို တွေ့ရှိခဲ့ပြီး ယင်းထဲတွင် ဆီလီကွန်၊ အလူမီနီယံ၊ သံ၊ မဂ္ဂနီဆီယမ်အောက်ဆိုဒ်တို့ ပါဝင်နေကြောင်း တွေ့ရှိခဲ့သည်။ ယင်းပစ္စည်းကို သရီးဒီပရင့်တာများ သုံးပြီး မာခဲသော အရာဝတ္ထုများ ဖန်တီးနိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ အဆောက်အဦ တည်ဆောက်မည့် အစီအစဉ်ကို ဥရောပသမဂ္ဂ အာကာသအေဂျင်စီ အပါအ၀င် အဖွဲ့အစည်းအချို့နှင့် ပူးပေါင်းခဲ့ခြင်းကြောင့်သာ အကောင်အထည် ဖော်လာနိုင်ခြင်းဖြစ်သည်။ ယင်းအဆောက်အဦ ဆောက်မည့် အစီအစဉ်ကို စီစဉ်နေသော အမေရိကန် ကုမ္ပဏီ Deep Space Industries (DSI) သည် ၀င်ဘလေအားကစားကွင်း၊ နယူးယောက်ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ၊ ပေကျင်း လေဆိပ် စသည်တို့အပါအ၀င် အဆောက်အအုံအချို့ကို သရီးဒီပရင့်တာများဖြင့် ပုံစံထုတ်ပေးခဲ့ကြောင်း သိရသည်။    

Ref:BBC

Credit to : Eleven Media Group
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia
Saturday, 02 February 2013 10:34
လမျက်နှာပြင်ရှိ မြေသားများကိုသာ အသုံးပြုပြီး လပေါ်တွင် တည်ဆောက်မည့် အဆောက်အဦ တစ်ခု၏ ပုံစံများကို ဗိသုကာလုပ်ငန်း Foster+ Partners က ထုတ်ပြန်ခဲ့သည်။

ယင်းအဆောက်အဦ ပုံစံကို ကမ္ဘာမြေမှ သယ်ယူ သွားမည်ဖြစ်ပြီး သရီးဒီ ပရင့်တာများဖြင့် ထုတ် ထားသည့် အလွန်ကြီးမားသော အိမ်အရွယ်အစား အခွံတစ်ခုဖြင့် ဖုံးအုပ်လိုက်မည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန် ကုမ္ပဏီ Monolite ၏ ယင်းပရင့်တာဖြင့် regolith ဟု လူသိများသော လပေါ်ရှိမြေကို အသုံးပြု ကာ ခြောက်မီ တာ အရွယ်အစားရှိ ပုံစံများ ထုတ် မည်ဖြစ်ကြောင်း သိရသည်။

Thursday, 24 January 2013

အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းက ဗုဒ္ဓရုပ်ပွားတော်များ ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ် ရရှိ

အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းကဟု  မှန်းဆရသော ဗုဒ္ဓရုပ်ပွားတော် (၁၄) ဆူကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနောက်မြောက်ဘက်တွင် တည်ရှိသော Naogaon ခရိုင်အတွင်းရှိ ရှေးဟောင်း ဘုန်းတော် ကြီးကျောင်း နေ ရာ တစ်ခုက ရှာဖွေ တူးဖေါ် ရရှိခဲ့သည်။
Ancient-Bronze-status-unearthed-Bangladesh
ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသနဌာနမှ အဆိုပါ ခရိုင်အတွင်းရှိ Jagdal  ihara ကျောင်းတော် နေရာအား ပြန်လည်တူးဖေါ်စဉ် အဆိုပါ ရှေးဟောင်း  ဗုဒ္ဓရုပ်ပွားတော်များကို တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။
သုတေသနဌာနကို ကိုးကားပြီး ယနေ့ထုတ် The Independent သတင်းစာက ဖေါ်ပြရာတွင် အဆို ပါ ကြေးဖြင့် သွန်းလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော် ၁၄ ဆူကို ကျောင်းတော်၏နောက် ရေသွယ်မြောင်းတစ်ခု ထဲမှ ရှာဖွေတွေ့ရှိသည်ဟု ဖေါ်ပြသည်။

Monday, 21 January 2013

အီတလီမှ လွဲပြောင်းပေးပို့သည့် လူဦးခေါင်း ၁၈ လုံး ချီကာဂိုလေဆိပ်တွင်တွေ့



အရည်ပြားများ ကပ်နေဆဲဖြစ်သည့် လူဦးခေါင်း ၁၈ လုံးကို ချီကာဂို အိုဟဲနိုင်ငံတကာလေဆိပ်တွင် အမေရိကန် အကောက်ခွန်ဌာနမှ ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သတင်းရရှိသည်။ ထိုခေါင်းခွံများကို လွှဲပြောင်းပေးပို့ရမည့် လိပ်စာမှာ