Wednesday 25 July 2012

ကျွန်တော်တို့ဟာ ညီအစ်ကိုတွေပါပဲ



Wednesday, 25 July 2012 11:21 
Written by ဇေ၀င်းနောင် 

ရန်ကုန်မြို့၌ ဇွန်လ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ကချင်ပြည်နယ် ငြိမ်း
ချမ်းရေးအတွက် ဘာသာကြီးလေးရပ်မှ ဆုတောင်းပွဲကို တွေ့ရစဉ်
မြန်မာနိုင်ငံ အနောက်ပိုင်းဟာ ကိုဆိုဗိုလို ဖြစ်လာမလားဆိုတဲ့ ဆောင်းပါးကို အွန်လိုင်းလူမှုရေး ၀က်ဘ်ဆိုက် ဖေ့စ်ဘွတ်ခ်မှာ ရေးသားသူ ကိုအောင်ဇင်လတ်ဆီက ခွင့်ပြုချက်ရယူပြီး Weekly Eleven News Journal မှာ ဖော်ပြခဲ့ပါတယ်။ စိတ်ဝင် စားစရာကောင်းတဲ့ သုံးသပ်ချက်တစ်ခုအဖြစ် ဖော်ပြခဲ့တာဖြစ်ပြီး Eleven MediaGroup ရဲ့ အာဘော်မဟုတ်ဘူးဆိုတာကိုတော့ နိဒါန်းချီထားခဲ့ပါတယ်။ ဂျာနယ်ထွက်တဲ့နေ့ (ဇူလိုင် ၂၃) မှာ တစ်ယောက်က ရုံးကို ဖုန်းဆက်ပါတယ်။ ကိုဆိုဗိုလို့ ဘာလို့ သုံးနှုန်းရတာလဲ၊ နောက်တစ်ကြိမ် ထပ်ဖြစ်အောင် လုပ်နေတာလား၊ ဒီလိုလုပ်လို့ တရားစွဲခံထားရတာမျိုးတွေရှိတာ သိတယ် မဟုတ်လားဆို တာမျိုး ပြောလာပါတယ်။ သူ့အမည်ကို မေးတော့ မဖြေပါဘူး။


၂၄ ရက်နေ့မှာလည်း ဒီကိစ္စကိုပဲ တစ်ယောက်က ဖုန်းဆက်ပါတယ်။ သူ့အမည်နဲ့ နေရပ်ကို လည်း ပြောပါ တယ်။ ဗလီဆရာတစ်ဦးဖြစ်ကြောင်းလည်း ပြောပါတယ်။ သူကတော့ ကိုဆိုဗိုနဲ့ ခိုင်းနှိုင်းတာမျိုးကို မကြိုက် တဲ့အကြောင်း၊ မွတ်စလင်ညီအစ်ကိုတွေမို့ ကူညီတယ်ဆိုတဲ့ သဘောမျိုးသုံးတာကို မကြိုက်တဲ့ အကြောင်း ကောင်းကောင်းမွန်မွန် ပြောပါတယ်။ ကိုဆိုဗိုနဲ့ပတ်သက်လို့ အခြေအနေအားလုံး မခြုံငုံမိတဲ့ သဘောဖြစ်နေတယ်လို့ သူထင်တယ်လို့ ဆိုပါတယ်။ သူထပ်ပြောတာက နိုင်ငံတော်သမ္မတကြီး ပြောတာကို လက်ခံတဲ့အကြောင်း၊ သူဟာ အစ္စလာမ်ဘာသာဝင် ဖြစ်သလို မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုတဲ့အကြောင်းပါ။ ရိုဟင်ဂျာဘက်ကနာလို့ ပြောတာမဟုတ်တဲ့ အကြောင်း၊ ဖြေရှင်းဖို့ လိုတယ်ဆို ရင်တောင် မြန်မာနိုင်ငံ သားဖြစ်လို့ နိုင်ငံဘက်ကပဲ ရပ်တည်မယ်ဆိုတဲ့အကြောင်းကိုပါ ပြောသွားခဲ့ပါတယ်။ ဒုက္ခရောက်နေတဲ့ ကိစ္စဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် သွားကူညီကြမှာ ဖြစ်တဲ့အကြောင်း၊ အစ္စလာမ်ဘာသာဝင်တွေက ရခိုင် အရေးကိစ္စ ဖြစ်တဲ့အခါမှမဟုတ် ဒုက္ခရောက်တဲ့အခါဆို အားလုံးပဲ အတူတူသွားကူညီကြပါတယ်ဆိုတဲ့ အကြောင်းတွေ ပြောသွားခဲ့ပါတယ်။

ပထမတစ်ယောက်ကတော့ မြန်မာနိုင်ငံသား ဟုတ် မဟုတ်ပြော မသွားခဲ့သလို ခြိမ်းခြောက်တဲ့သဘော မျိုး ပြောသွားခဲ့ပေမဲ့ ဒုတိယတစ်ယောက် ပြောသွားတာတော့  လက်ခံနိုင်စရာပါ။ သူမနှစ်သက်တာကို မနှစ်သက်တဲ့အကြောင်းနဲ့ သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြော သွားတာပါ။ ဒီလိုကိစ္စမျိုးမှာ မိမိ ဘယ်သူဘယ်ဝါဆိုတာ အမှန်ပြောရဲပြီး သူ့အသံကို  ရှင်းရှင်းလင်းလင်း ဖော်ပြရဲတဲ့ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်တစ်ဦးရဲ့ အသံကိုကြားရတာ ၀မ်းသာမိပါတယ်။

အဲဒီမှာ စဉ်းစားမိတာက နိုင်ငံသားဆိုတာပါ။ ကျွန်တော်တို့နိုင်ငံမှာ ဟိုးယခင်ကတည်းက နေကြတဲ့ အစ္စလာမ် ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ ရှိခဲ့ပါတယ်။ ဒီအထဲမှာ အင်္ဂလိပ်လက်အောက် မကျရောက်မီက တည်းက အခြေချခဲ့သူတွေဟာ နိုင်ငံသားတွေပါပဲ။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင် မီ ရောက်ရှိသူ မိဘနှစ်ပါးက မွေးတဲ့ တတိယမျိုးဆက်တွေဟာလည်း သမ္မတကြီးပြောသလို နိုင်ငံသားအဖြစ် သတ်မှတ်ရမှာပဲ။ ဒါကြောင့်ပဲ အိန္ဒိယတိုက်မကြီးက ဆင်းသက်လာကြသူတွေ၊ တရုတ် ပြည်မကြီးက ဆင်း သက်လာကြသူတွေထဲ ကနေ နိုင်ငံသားဖြစ်သူတွေ ရှိလာကြတာပါပဲ။ အနည်းဆုံး နှစ် ၆၀ ကျော် နှစ် ၇၀ နီးပါး ကျွန်တော်တို့ရဲ့ အဘိုး အဘွား၊ အဖေ အမေတွေနဲ့အတူ ဒုက္ခခံလာကြတဲ့ မျိုးဆက်က မွေးလာကြတဲ့ သူတွေပါ။ ဒါကြောင့် ဒီလိုလူမျိုးတွေဟာ ကျွန်တော်တို့နဲ့ တစ်နိုင်ငံတည်းသားတွေပါပဲ။
သမိုင်း အရကြည့်ရင်လည်း  အနီးစပ်ဆုံး ကိုလိုနီခေတ်နှောင်းပိုင်းနဲ့ လွတ်လပ်ရေးခေတ်ဦးမှာဆိုရင် တက သကို ဦးဆောင်ခဲ့တဲ့ ဦးရာရှစ်၊ အာဇာနည် ခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဦးရာဇတ်၊ သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်တို့လို နိုင်ငံကိုအကျိုးပြုပေးခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ပုဂ္ဂိုလ်ကြီးတွေ ရှိခဲ့ပါတယ်။

တရုတ်နွယ်ဖွားတွေမှာဆိုရင်လည်း  မြန်မာ့သမိုင်းကို တူးဆွရာမှာ ကူညီပေးခဲ့တဲ့ ကျောက်စာဝန်တော် စိန်ခို၊ မြန်မာစာရေးဆရာ သတင်းစာဆရာကြီး ဦးထင်ဖတ် (မောင်ထင်) အစရှိသဖြင့်ပေါ့။ အိန္ဒိယနွယ် ဖွားတွေမှာဆိုရင် နောက်ပိုင်းလွတ် လပ်ရေးခေတ်အထိ ထင်ရှားခဲ့တဲ့ ဖို့တ် ဂေါ်ရခါးတပ်ရင်းက စစ် သည်တွေ၊ အောင်ဆန်းသူရိယဘွဲ့ရ ဆပ်ဗဟာဒူးရိုင်း၊ မြန်မာ့လက်ရွေးစင် ဘောလုံးအကျော်အမော် ဗဟာဒူးတို့လို နိုင်ငံအတွက် အသက်စွန့်ခဲ့သူတွေ၊ နိုင်ငံ့ဂုဏ်ဆောင်ခဲ့သူတွေ အများကြီးပါ။ ဒါဟာ အနီးကပ်ဆုံး သမိုင်းနောက်ခံပါ။

ပတ်ဝန်းကျင်ကိုလည်း ကြည့်နိုင်ပါတယ်။ ကျွန်တော်နယ်မှာ နေတုန်းက ဘေးအိမ်က တရုတ်လင်မယားဟာ လူရည်ချွန်တွေပါ။ ကျွန်တော့် အဖေသူငယ်ချင်း တရုတ်နွယ်ဖွား နှစ်ဦးဆိုလည်း ဒီလိုပါပဲ။ သူတို့တွေဟာ ဆရာဝန်ဖြစ်နိုင်တဲ့ အရည်အချင်းရှိပေမဲ့ ဖြစ်ခွင့်မရခဲ့ကြဘူး။ အဲဒီခေတ်အခါက အခြေအနေအရပါ။ ဒါပေမဲ့ တစ်ခြားသော အဖေ့မိတ်ဆွေ တရုတ်နွယ်ဖွားတစ်ဦးရဲ့ သမီး၊ ကျွန်တော်နဲ့ ရွယ်တူမိန်းကလေးဆိုရင် အခု အခါမှာ ဆရာဝန်ဖြစ်နေခဲ့ပါပြီ။ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံသား အခွင့်အရေးအတိုင်း တော် ရင် တော်သလို အသက်မွေးခွင့် ရခဲ့တာပါ။ ကျွန်တော့် ဆရာတစ်ယောက်၊ မြန်မာစာပါမောက္ခ၊ အစ္စလာမ် ဘာသာဝင် (အိန္ဒိယနွယ်ဖွားလို့ ထင်ပါတယ်)ဆိုရင် စာသင်စာပြ အင်မတန်ကောင်းသလို တပည့်များအပေါ် အင်မတန်မေတ္တာထားတဲ့သူပါ။ ကျွန်တော့်ခင်တဲ့ သူငယ်ချင်းတွေထဲမှာလည်း တရုတ်နွယ်ဖွားတွေ၊ အစ္စလာမ် ဘာသာဝင်တွေ ရှိတာပါပဲ။ ဆိုးတူ ကောင်းဘက်တွေပါ။

ခြုံပြောရရင် သမိုင်းတစ်လျှောက်ကစလို့ ဒီကနေ့အထိ ကျွန်တော်တို့တစ်တွေနဲ့ ဆိုးတူကောင်း ဘက် နေ လာကြတဲ့ မြန်မာနိုင်ငံသားဖြစ်နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ တရုတ်နွယ် ဖွားတွေ ရှိတယ်ဆိုတာ မငြင်းနိုင်တဲ့အချက် ဆိုတာပါ။

ဒီအခြေအနေနဲ့ မရောထွေးစေချင်တဲ့ ကိစ္စတွေကိုတော့ ပြောချင်ပါတယ်။

ပထမဆုံးက လူမျိုးရေးကိစ္စ။

ထိုင်းနိုင်ငံမှာဆိုရင် ယခင်ကတည်းကရှိပြီး ထိုင်းနိုင်ငံသား ဖြစ်ခွင့်ရနေကြတဲ့ ကရင်တိုင်းရင်းသားတွေ၊ မွန်တိုင်းရင်းသားတွေ ရှိပါတယ်။ ထိုင်းနိုင်ငံမှာနေထိုင်ကြတဲ့  လူနည်းစု တိုင်းရင်းသားစာရင်းလည်း ၀င်ပါ တယ်။ဒါပေမဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့နောက် ပြည်တွင်းစစ် ဖြစ်ပြီး ထိုင်းဘက်ကို တိမ်းရှောင်ခဲ့ကြ ရတဲ့ ကရင်များ၊ မွန်များကိုတော့ ထိုင်းက ဒုက္ခသည်များအဖြစ်ပဲ သတ်မှတ်ပါတယ်။

 နောက်မှဝင်လာသူကိုတော့ သူတို့ လက်ခံမှာ မဟုတ်ပါဘူး။ (ဒုက္ခသည် ဖြစ်နေကြရရှာတဲ့ တိုင်းရင်း သားတွေကိုတော့ ကျွန်တော်တို့နိုင်ငံ ပြန်ခေါ်ကြရမှာပါ) ဆိုလိုတာက နိုင်ငံတစ်နိုင်ငံမှာ လူမျိုးတစ်မျိုးဟာ တိုင်းရင်းသားစာရင်း ၀င်မယ်။ ရှေးကတည်းက နေခဲ့ကြလို့ နိုင်ငံသားဖြစ်ကြသူတွေလည်း ရှိမယ်။ ဒါပေမဲ့ အဲဒီလို ဒီလူမျိုးတွေ ထိုင်းနိုင်ငံထဲမှာ ဟိုးယခင်ကတည်းက ရှိခဲ့တာကြောင့် ထိုင်းနိုင်ငံထဲနောက်မှ ထပ်ဝင် လာတဲ့ ဒီလူမျိုးမှန်သမျှကို ထိုင်းနိုင်ငံသားအဖြစ် လက်ခံရမယ်လို့ ပြောလို့ မရဘူးဆိုတာပါပဲ။ မူရင်း မိခင်နိုင်ငံကပဲ ပြန်လက်ခံရပါမယ်။
နောက်တစ်ချက်က ဘာသာရေးပါ။

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ နိုင်ငံဖြစ်ပေမဲ့ အခြားဘာသာဝင်များလည်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိတဲ့ နိုင်ငံပါ။ လူများစုဖြစ်လို့ ဗုဒ္ဓဘာသာ သမ္မတနိုင်ငံလို့ အမည်တပ်မထားပါ ဘူး။ မြန် မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေ ရှေးပဝေသဏီကတည်းက နေထိုင် ခဲ့ကြတယ်။

ဗုဒ္ဓဘာသာလူများစု နိုင်ငံဖြစ်တယ်။ အဲဒါကြောင့် နောက်ပိုင်းကာလမှာမှ မြန်မာနိုင်ငံတွင်း ၀င်လာတဲ့သူတွေ ကိုပါ ဘာသာတူရင် နိုင်ငံသားဖြစ်တယ်လို့ လုပ်လို့ မရပါဘူး။ လုပ်လည်း မလုပ်ပါဘူး။ အဲဒီလိုပါပဲ မြန်မာနိုင်ငံမှာ ရှေးယခင်ကတည်းက နေထိုင်ခဲ့ကြတဲ့ အစ္စလာမ် ဘာသာဝင်များ ရှိကြတယ်။ အဲဒီ သူတွေဟာ နိုင်ငံသားများ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ရှေးယခင်ကတည်းက အဲဒီလို အခြေချသူတွေရှိခဲ့ လို့ နောက်မှ လာတဲ့ဘာသာတူ သူဟာလည်း နိုင်ငံသားဖြစ်တယ်လို့တော့ လုပ်လို့မရပါ ဘူး။ နိုင်ငံသားဖြစ်မှု ဟာ ဘာသာရေးနဲ့ မဆိုင်ပါဘူး။

နောက်တစ်ချက်ကတော့  နယ်မြေပိုင်ဆိုင်မှုနဲ့ အခြေချခဲ့မှုပါ။

မြန်မာမင်းများ ခေတ်ကောင်းစဉ်က အနောက်ဘက်မှာ အာသံ၊ မဏိပူရ၊ အရှေ့ဘက်မှာ လင်းဇင်း၊ ဇင်းမယ်၊ အယုဒ္ဓယအထိ သိမ်းပိုက်နိုင်ခဲ့တယ်။ ရခိုင်မင်းများ အားကောင်းစဉ်ကလည်း အာသံ၊ မဏိပူရဘက်အထိ ၀င်ရောက်သိမ်းပိုက်နိုင်ခဲ့ဖူးတယ်။ အဲဒါကြောင့် အဲဒီနယ်တွေဟာ မြန်မာပိုင်၊ ရခိုင်ပိုင်နယ်တွေလို့ ကျွန်တော် တို့ ပြောလို့ မရပါဘူး။ အဲဒီလိုပြောရင် အင်္ဂလိပ်က ကျွန်တော်တို့ကို ဘာပြောမလဲ၊ ဂျပန်ကရော။
ဒီအထဲ မှာပဲ ထပ်ရှင်းရမဲ့ နောက်တစ်ချက် ရှေးယခင် နေထိုင်ခဲ့တဲ့နေရာပေါ် မူတည်တယ်ဆိုတဲ့ အချက်ပါ။ မရမာကြီးတိုင်းရင်းသားတွေ အကြောင်းနဲ့ ဥပမာပေးချင်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေထဲမှာ မရမာကြီး တိုင်းရင်းသားတွေ ပါဝင်ပါတယ်။ ဒီလိုပဲ ဘင်္ဂလားဒေ့ရှ်မှာလည်း မရမာ ကြီးကို ဒုတိယအကြီးဆုံး လူနည်းစု လူမျိုးအဖြစ် သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံသားဖြစ်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေ၊ ဟိန္ဒူ ဘာသာဝင်တွေ၊ တရုတ်နွယ်ဖွားတွေအားလုံးဟာလည်း မြန်မာ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ ပတ်သက်လာတဲ့ ကိစ္စတွေမှာ အခြားသော တိုင်းရင်းသားတွေနဲ့အတူ ကိုယ်နေထိုင်ရာ၊ ကိုယ်ကြီးပြင်ရာ၊ ကိုယ်ရှင်သန်ရာ နိုင်ငံအတွက် ရပ်တည်ပါဝင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ် ... . .

ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာရှိတဲ့ မရမာကြီးတိုင်းရင်းသားဟာ မြန်မာနိုင်ငံသား၊ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မရမာကြီး တိုင်းရင်းသားဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားပါ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား မရမာကြီးတိုင်းရင်း သားဟာ မြန် မာနိုင်ငံမှာ လာနေရုံနဲ့ မြန်မာနိုင်ငံသား မဖြစ်သလို မြန်မာနိုင်ငံသား မရမာကြီး တိုင်းရင်းသားက ဘင်္ဂ လားဒေ့ရှ် သွားနေရင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မဖြစ်ပါဘူး။

နောက်ဆုံးပြောချင်တဲ့ တစ် ချက်က နိုင်ငံသားတစ်ယောက်ရဲ့ရပ် တည်ချက်ပါ။
လက်ရှိ ဒေသတွင်းမှာဆို ရင် နိုင်ငံအများအပြားနဲ့ ဆက်နွှယ်တဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ ဥပမာပေး ချင်ပါတယ်။ တောင်တရုတ်ပင်လယ်လို့ အများက သိထားတော့ ဒီပင်လယ် တောက်လျှောက်ကို ပိုင်တယ်လို့ တရုတ်အစိုးရက ရပ်တည်ပါတယ်။ အခုအငြင်းပွားနေတဲ့ သယံဇာတတွေ ရှိတယ်ဆိုတဲ့နေရာက တရုတ်ရဲ့ ပင်လယ်ထဲ အစွန်းအထွက်ဆုံး ကမ်းရိုးတန်းအစွန်းက တိုင်းမယ်ဆိုရင်တောင် သူနဲ့ အငြင်းပွားနေတဲ့ ဖိလစ် ပိုင်၊ ဗီယက်နမ်၊ စင်ကာပူ၊ ဘရူနိုင်းတို့ရဲ့ ကမ်းရိုးတန်းကနေတိုင်းတာလောက် မနီးပါဘူး။ ဒီကိစ္စမှာ ဘယ်သူ ပိုင်သင့်တယ်ဆိုတာကို ပြောချင်တာ မဟုတ်ပါဘူး။ ဒီကိစ္စမှာတရုတ် အစိုးရရဲ့ လုပ်ဆောင်မှုတွေကို မကျေ နပ်တော့ အငြင်းပွားကြတဲ့ နိုင်ငံတွေမှာ တရုတ်ကို ဆန္ဒပြကြပါတယ်။ အဲဒီ ဆန္ဒပြကြတဲ့သူတွေထဲမှာ တရုတ် လူမျိုးတွေပါ ပါတယ်။ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့လို နိုင်ငံတွေမှာ တရုတ်နွယ်ဖွားတွေ၊ တရုတ်နဲ့ ယဉ်ကျေးမှု သမိုင်းနောက်ခံအရ အတွင်းကျကျကို ဆက်စပ်ပတ်သက်မှု ရှိခဲ့ကြသူတွေ အများကြီးပါပဲ။ သူတို့ဟာ ပြည်ကြီးက သူတို့မျိုးနွယ်တွေ၊ ဆက်နွှယ်သူတွေကို ကန့်ကွက်နေကြတာ မဟုတ်ပါ ဘူး။ ပြည်ပ အစိုးရ တစ်ရပ်  ရဲ့မသင့်လျော်တဲ့မူဝါဒနဲ့ လုပ်ဆောင်မှုတွေက သူတို့နေထိုင်ကြီးပြင်းရတဲ့သူတို့ နိုင်ငံရဲ့ အချုပ် အခြာအာဏာက ထိပါးလာလို့ ဆန္ဒပြကြတာပါ။ အဖြေက ဒါပါပဲ။

မကြာသေးမီက ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ကိစ္စဟာ အချုပ်အခြာ အာဏာပိုင်မှု (sovereignty) ဆိုင်ရာ ပြဿ နာပါပဲ။ လူမျိုးရေးလည်းမဟုတ် ဘာသာရေးလည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံသားဖြစ်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ တရုတ်နွယ်ဖွားတွေရဲ့ အခွင့် အရေးအတွက် အခြားတိုင်းရင်းသားတွေက ကာကွယ်ပေးကြရပါမယ်။ ထို့အတူပဲ မြန်မာနိုင်ငံသားဖြစ်နေတဲ့ အစ္စလာမ် ဘာ သာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ တရုတ်နွယ်ဖွားတွေ အားလုံးဟာလည်း မြန်မာ့အချုပ်အခြာ အာဏာပိုင်မှု နဲ့ ပတ်သက်လာတဲ့ကိစ္စတွေမှာ အခြားသော တိုင်း ရင်းသားတွေနဲ့အတူ ကိုယ်နေထိုင်ရာ၊ ကိုယ်ကြီးပြင်ရာ၊ ကိုယ်ရှင်သန်ရာ နိုင်ငံအတွက် ရပ်တည်ပါဝင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ဟာ ညီအစ် ကိုတွေပါပဲ။
-----------------------------------------------------------------------    
(မူရင်း) http://www.news-eleven.com/index.php?option=com_content&view=article&id=14709%3A2012-07-25-04-56-04&catid=78%3A2009-11-13-06-25-17&Itemid=135#.UBC3hJSspiA.facebook

No comments:

Post a Comment