Monday, March 4, 2013
မလေးရှားရှိ ဘော်နီယိုကျွန်းစုမှ ဆာဘာပြည်နယ် တွင် ဖိလစ်ပိုင်စော်ဘွား နောက်လိုက် လက်နက် ကိုင်များနှင့် မလေးရှား ရဲတပ်ဖွဲ့ဝင်တို့အကြား
မတ် ၂ ရက် ညပိုင်းက အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ရာ မလေးရှားရဲငါးဦးနှင့် လက်နက် ကိုင်နှစ်ဦးတို့ သေဆုံးခဲ့ကြောင်း မလေးရှားရဲတပ် ဖွဲ့က မတ် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မတ် ၁ ရက်က ဖိလစ်ပိုင်စော်ဘွားဟောင်း နောက်လိုက် လက်နက်ကိုင်များနှင့်မလေးရှား ရဲတပ်ဖွဲ့ဝင် တ
ယခုပဋိပက္ခမှာ မကြာသေးမီနှစ်များအတွင်း မလေးရှားရဲများ သေနတ်သမားများ၏ ချုံခိုတိုက်ခိုက် ခံရမှုများ အနက်
ဆမ်ပေါ်နာမြို့မှာ စော်ဘွားနောက်လိုက် လက်နက်ကိုင် ၁၀၀ ဦးမှ ၃၀၀ ဦးတို့ ရောက်ရှိနေသော တန်ဒိုရွာမှ ကီလိုမီတာ ၃၀၀ (မိုင် ၁၉၀) ခန့် ကွာဝေးကြောင်း သိရသည်။
ယင်းလက်နက်ကိုင်များသည် လှေများဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ရောက်ရှိလာခဲ့ပြီး ၎င်းတို့သည် ဖိလစ် ပိုင်အခြေစိုက် စော်ဘွား ဂျမာလူကီရမ်၏ နောက်လိုက်များဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
ယနေ့ခေတ် မလေးရှားရှိ ဆာဘာပြည်နယ်မှာ ဖိလစ်ပိုင် အစ္စလာမ္မစ် စော်ဘွားဆူလူ၏ ပိုင်နက်ဖြစ် သည်ဟု ဆူလူနေရာ ဆက်ခံသော ကီရမ်က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သမ္မတ ဘင်နစ်နိုအကွီနိုက ယင်းစော်ဘွားနောက်လိုက် လက်နက်ကိုင်များကို လက်နက်များချရန် တိုက်တွန်းခဲ့သည်။
Ref:AFP
Eleven Media Group
 

 
No comments:
Post a Comment