Thursday, 21 February 2013 09:28
(မြ၀တီ)
နိုင်ထူး
လုံခြုံရေး အထူး တင်းကျပ်ထားသည့် 
ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့ရှိ နိုင်ငံတကာ လေဆိပ်တွင် ဖေဖော်ဝါရီ ၁၈ရက် ညပိုင်းက ပိပိရိရိဖြင့် ကြိုတင်ကြံစည်ထားသည့်  ဓားပြတိုက် 
မှုကြီးတစ်ခု ဖြစ်ပွား ခဲ့သည်။
အာဏာပိုင် များ၏ ထုတ်ပြန်ချက် အရမျက်နှာဖုံး စွပ်ထား သည့် လက်နက်ကိုင် ဓားပြများသည် ဆွစ်ဇာ လန် နိုင်ငံ 
ဇူးရစ်ခ်ျ မြို့သို့ထွက်ခွာမည့် လေယာဉ် တစ် စင်းပေါ်သို့ 
တင်ဆောင်ရန် 
ပြင်ဆင်နေသည့် မော်တော်ကား တစ်စင်းမှ ခန့်မှန်းခြေ အရ ဒေါ်လာ သန်း ၅ဝ 
တန်ဖိုးရှိ စိန် အရိုင်းတုံး များကို လုယက် ယူသွားခဲ့သည်။ ဓားပြများသည် လေယာဉ်ကွင်း ပတ်လည်၌ ကာရံထားသည့် ခြံစည်းရိုးတွင် အပေါက် ဖောက်၍ လေယာဉ်ကွင်းအတွင်းသို့ ကားများဖြင့် တရကြမ်း မောင်းနှင်လာခဲ့ပြီး ထွက်ခွာတော့မည့် 
လေယာဉ် အနီးသို့ ရောက်ရှိ လာခဲ့ကြသည်။
 ထို့နောက် ၎င်းတို့သည် လက်နက်များဖြင့် 
ခြိမ်းခြောက်၍ စိန်တုံးများကိုယူငင်သွားခဲ့ကြခြင်း ဖြစ်သည်။ ဓားပြများသည်
 သေနတ်သံတစ်ချက်မှ မဖောက်ရဘဲ မိနစ်ပိုင်းအတွင်း ပိရိသေသပ်စွာလုယက် 
နိုင် ခဲ့ခြင်းကြောင့် အာဏာပိုင်များက အံ့အားသင့်ခဲ့ ရသည်။ 
ဓားပြများသည် 
စိန်တုံးများကိုလုယက် ပြီးနောက် ၎င်းတို့ ဝင်လာသည့်လမ်းကြောင်း အတိုင်း  
ကားများ ကို မောင်းနှင်၍ အမှောင် အတွင်းသို့ ထွက်ပြေး လွတ်မြောက် 
သွားခဲ့သည်။ ဓားပြများ၏ လုပ်ဆောင်ချက်မှာ အလွန် ပိရိမှု ရှိကြောင်း လေဆိပ်မှ
 ပြောရေးဆိုခွင့် ရှိသူ ဂျန်ဗန်ဒါ ကရုဆီက ပြောကြား ထားသည်။
ယင်းနောက်တွင် ရဲတပ်ဖွဲ့ဝင် များသည် 
ဓားပြများအား လိုက်လံ ဖမ်းဆီးရာတွင် လေဆိပ် အနီး၌ မီးလောင် ပျက်စီး 
(မီးရှို့ထားသည့်) နေသည့် ကားတစ်စီးမှ အပ အခြား သဲလွန်စ များကို ရှာဖွေ 
တွေ့ရှိခဲ့ခြင်း မရှိပေ။ 
အဆိုပါ လက်နက်ကိုင် ဓားပြ အဖွဲ့တွင် အမျိုးသား 
ရှစ်ဦး ပါဝင်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာ ထားပြီး ယခုဖြစ် ပွားခဲ့သော 
ဓားပြမှုသည် နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် အထင်ရှားဆုံး ဓားပြမှုများ အနက် 
တစ်ခု အပါအဝင် ဖြစ်သည်ဟု World Diamond Centre မှ အမည် မဖော်လိုသူ တစ်ဦး က
 ပြောကြားခဲ့ သည်။ ရဲတပ်ဖွဲ့ဝင် များသည် ယခုအခါ ဓားပြမှုတွင် ပါဝင်သည့် 
အမျိုးသား များကို လိုက်လံ ရှာဖွေ ဖော်ထုတ်လျက် ရှိသည်။     ။
(မြ၀တီ)
 
 
      
No comments:
Post a Comment