အမေရိကန် အာကာသ အေဂျင်စီ နာဆာ(NASA) 
အဖွဲ့၏ အင်္ဂါဂြိုဟ် သုတေသနယာဉ် Curiosity သည် တံခါး လက်ကိုင်ပုံစံနှင့် 
ဆင်တူသော သတ္တုပုံစံ တောက်ပသည့် အရာဝတ္ထု တစ်ခုကို ဓာတ်ပုံ ရိုက်ယူ နိုင်ခဲ့ 
ကြောင်း သိရသည်။ Curiosity ယာဉ်သည် ရှေ့ခေတ်လူမှု အဖွဲ့အ စည်း၏ သက်သေ 
အထောက်အထား တစ်ရပ်ကို
ရယူနိုင်ခဲ့ခြင်း မဟုတ်သော်လည်း ယင်းအရာဝတ္ထု သည် လေတိုက် စားမှုကြောင့် ယခုကဲ့သို့ တံခါးလက်ကိုင် ပုံစံ 
ဖြစ်ပေါ်လာသော ကျောက်တုံးတစ်တုံးသာ ဖြစ်ကြောင်း သိပ္ပံပညာရှင် များက ပြောကြား
 ခဲ့သည်။ 
ယင်း အရာဝတ္ထုသည် အရည်အသွေး ကောင်းမွန်ပြီး ကျစ်လျစ်မာကျောသော 
ကျောက်တုံး တစ်တုံး သာ ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၃ဝ ရက်က ဓာတ်ပုံရိုက်ယူ 
နိုင်ခဲ့သော ယင်းပုံရိပ်သည် လေ၏ တိုက်စား မှုကြောင့် ချောမွေ့သော 
မျက်နှာပြင်များ ရရှိထားသည့် မာကျော၍အရည်အသွေး ကောင်း မွန် သော 
ကျောက်တုံးသာ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင် များက ဖေဖော်ဝါရီ ၁၁ ရက်တွင် 
ရေးသား ဖော်ပြ ခဲ့သည်။ 
ယင်းကဲ့သို့ ကျောက်တုံးများကိုကမ္ဘာ မြေပြင်တွင်တွေ့ရှိနိုင်ပြီး အထူးသဖြင့် ခြောက်သွေ့ သော ဒေသနှ င့် လေထန်သော အန္တာတိ က 
မြေပြန့်လွင်ပြင် ဒေသများ တွင် တွေ့နိုင်ကြောင်း သိပ္ပံ ပညာရှင်များက 
ထပ်လောင်း ပြောကြား ခဲ့သည်။ ယခုထပ်မံ တွေ့ရှိသော ကျောက်တုံးသည် 
အင်္ဂါဂြိုဟ်ပေါ်တွင် Curiosity ယာဉ် ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့သော ပထမဆုံး 
ရရှိခဲ့သည့် တောက်ပသော အရာဝတ္ထုနှင့် မတူညီကြောင်း သိရသည်။ Curiosity 
ယာဉ်သည် အောက်တိုဘာလ နှောင်းပိုင်းက မြေကြီး ကော်ယူမှု ပြုလုပ်စဉ်မြေကြီး 
တွင်းများ အနက် တစ်တွင်းမှ တောက်ပသော အပိုင်းအစများကို ရှာဖွေ 
တွေ့ရှိခဲ့သည်။ ယင်း အပိုင်းအစ များသည် Curiosity ယာဉ် ဒီဇင်ဘာလက ဓာတ်ပုံ 
ရိုက်ယူခဲ့သော "Mars Flower" ဟု ခေါ်သော အင်္ဂါဂြိုဟ် ၏ သဘာဝအလျောက် 
ဖြစ်ပေါ်နေသော တွင်းထွက် ဓာတ်သတ္တုများနှင့် ဆင်တူကြောင်း သိရသည်။
 Curiosity 
ယာဉ်၏ အဓိကလုပ်ငန်းစဉ်သည် အဏုဇီဝသက်ရှိများ အတွက် ထောက်ပံ့ပေး စွမ်းနိုင်သော မြေနေရာရှိ၊ မရှိကို လေ့လာစူးစမ်း မှုများပြုလုပ်ရန် 
ဖြစ်သည်။ Curiosity ယာဉ် တွင် ကျောက် တုံးများကို ထွင်းဖောက်နိုင်သော ကိရိယာ
 အပါအဝင် အခြား သိပ္ပံ စမ်းသပ်ကိရိယာ ၁ဝ မျိုးနှင့်အတူ ကင်မရာ ၁၇ခု 
တပ်ဆင်ထားသည်။ ၎င်းယာဉ်သည် ကျောက်တုံးများကို ထွင်းဖောက်သည့် ကိရိယာကို 
အသုံးပြု၍ ပြီးခဲ့ သည့် သီတင်းပတ် အကုန်က အဂါင်္ ဂြိုလ်ပေါ်ရှိ ကျောက်သားကို ၂
 ဒသမ ၅ လက်မ ထိုးဖောက်၍ ပထမ ဆုံး အကြိမ်အဖြစ် ကျောက်သား နမူနာ များကို 
ရယူခဲ့ကြောင်း သိရသည်။ ။
http://www.myawady.net.mm/knowledge/incredibleworld/item/7022-2013-02-15-12-09-33 
 
 
      
No comments:
Post a Comment