အာရကန်ကိုကို-မောင်တော (မြစ်မခ)
by Myit Makha Mediagroup on 21 Feb, 2013
by Myit Makha Mediagroup on 21 Feb, 2013
 အနာဂတ်ရေရှည်
 ဘ၀များတိုးတက်ရာ တိုးတက်ကြောင်း မျှော်လင့်ချက်များဖြင့် 
ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်သူများပြာလာမှုများကြောင့် 
ရခိုင်ပြည်နယ်အတွင်း လုပ်သားယိုစီးမှုပြဿနာမှာ  တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့လာရမှုများပြားလာကြောင်း သိရသည်။
 “
 ကျွန်တော်တို့ ကူတောင်၊ ဟိုတစ်ဖက်ကမ်းက လောင်းချောင်းကျေးရွာတွေမှာတော့ 
မလေးရှား၊ ထိုင်း ကိုတောင်တော် သွားကြတယ်။ ဒီလိုသွားကြတော့ 
မကြီးပွားမချမ်းသာပေမဲ့ ပုံမှန်ထမင်းတစ်နပ် ကို ကောင်းကောင်းမွန်မွန် 
စားနိုင်တဲ့ မိရိုးဖလားလယ်ယာ ကောက်ပဲသီးနှံစိုက်ပျိုးရေး လုပ်ငန်းတွေ 
အခု ဆိုရင် လုပ်သားတွေရှားပါးလာလို့   ရေရှည်ရ ပ် တည်နိုင်ဖို့တောင် 
အခက်တွေ့လာပါတယ်“ ဟု ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာမှ တောင်သူကြီး ဦးမောင်အေးလှိုင်ကပြောကြားသည်။
 ထိုသို့သွားရောက်ကြသူများမှာ
 မြို့ပြဒေသများထက် ကျေးလက်ဒေသများမှ ပိုများပြီး မလေးရှားနှင့် 
ထိုင်းနိုင်ငံ များကို 
အများဆုံးရွေးချယ်သွားရောက်အလုပ်လုပ်ကိုင်မှုများကြောင်း၊ 
ရန်ကုန်နှင့်ချိတ်ဆက်၍ လုပ်ကိုင်နေသည့် တရားဝင်ပြည်ပ 
အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုအေဂျင်စီများမှ သိရသည်။
 “
 ကျွန်တော်တို့ ပို့ပေးနေတာက အကြွေးစနစ်နှင့်ပါ။ မလေးရှားနှင့် 
ထိုင်းနိုင်ငံကိုပေါ့။ လူတစ်ဦးကို အ ခုလောလောဆယ် လက်ငင်း(၄၀၀၀၀၀)ယူပြီး 
အလုပ်အကိုင် နှင့် ဗီဇာကိစ္စများကို လုပ်သားမှ ရရှိလာတဲ့ လုပ်ခလစာမှ 
ပြန်လည်ခုနှိမ်ပြီး   ဖြတ်တောက်ယူပါတယ်။ ဒီမှာကသွားတဲ့လူတွေက ရသေ့တောင်၊ 
ဘူး သီးတောင်နှင့် စစ်တွေနယ်လောက်ကပါ။ ပျဉ်းမျှအားဖြင့် တစ်လ၊တစ်လကို (၂၀)မှ
 (၂၅)ဦးအထိ ရှိမှာ ပါ“ဟု စစ်တွေမြို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 ရခိုင်ပြည်နယ်တွင်း
 မိရိုးဖလားလုပ်ငန်းများဖြစ်သည့် လယ်ယာမြေလုပ်ငန်းနှင့် 
ပင်လယ်ပြင်ငါးဖမ်းလုပ် ငန်း များမှ လွဲပြီး 
စက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးမှု နည်းပါးနေသည့်အတွက် 
အလုပ်အကိုင်အခွင့် အလမ်းများ ရှားပါးမှုနှင့် လုပ်ခလစာ နည်းပါးမှုများကြောင့်
 ဒေသတွင်းလုပ်သားယိုစီးပြန်းတီးမှုအား အဓိကဖြစ်စေသည့် အကြောင်းအရင်းများ 
ဖြစ်ကြောင်း   ဒေသတွင်းမှ လူမှုစီးပွားပညာရှင်တို့က သုံးသပ်သည်။
http://www.myitmakhamediagroup.com/detail.php?newid=4033  
 
 
No comments:
Post a Comment