Wednesday 23 January 2013

မြောက်ဦးမြို့ အရှေ့ မြတန်ဆောင်းဘုရားမှ မြောက်ဦးခေတ်ဆင်းတုတော်အဆူ ၈ဝ တွေ့ရှိ

   ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အရှေ့မြတန်ဆောင်း အရန်စေ တီနှင့် ငွေထီးဆောင်းစေတီ တို့အား ပြုပြင်ထိန်းသိမ်းရန် ပြိုကျနေသော အုတ်ကျိုးများကို ဖယ်ရှားရာ က အောက်ခြေ ပတ်လည် သဲတူးဖော်မှု လုပ်ငန်း ကို ဆောင်ရွက်နေစဉ်အတွင်း အရန်စေတီ ၏အနောက် ဘက်အောက်ခြေမှ အမြင့် ၁ လက်မစီ ရှိသော မြောက်ဦး ခေတ်ဆင်းတုတော် အဆူ ၈ဝ တွေ့ရှိ ခဲ့ကြောင်း မြောက်ဦးဒေသခံ တစ်ဦးက ပြောကြားသည်။ 


ရရှိသော ဆင်းတုတော်များမှာ ခဲဆင်း တုတော် များဖြစ်ပြီးသွန်းလုပ်ထားသည့် မုဒြာမှာဘူမိဖဿမုဒြာများဖြစ်ကြောင်း၊ အဆိုပါဆင်းတုတော် များကို မြောက်ဦး ရှေးဟောင်း သုတေသနပြတိုက် တွင် ခေတ္တသိမ်းဆည်းထားကြောင်း သိရသည်။
     ယခုဆင်းတုတော် တွေ့ရှိသော အရှေ့မြတန်ဆောင်းစေတီ မှာ မြောက်ဦးနန်းတော် ကုန်း ၏ မြောက်ဘက်မိုင်ဝက်ခန့်အကွာတွင် တည်ရှိပြီး အေဒီ ၁၄၃ဝ ပြည့်နှစ်တွင် မြောက်ဦးဘုရင် မင်းစောမွန် တည်ထား ကိုးကွယ်ခဲ့သော စေတီတစ်ဆူဖြစ်ကြောင်း သိရသည်။ အရှေ့မြတန် ဆောင်းစေ တီမှာ မြောက် ဦးမြို့တည် ဘုရားများအနက် တစ်ဆူအပါ အဝင်ဖြစ်ကြောင်း သိရ သည်။

http://www.zaygwet.com/local_news_detail.php?id=5653  
မောင်ကံ

No comments:

Post a Comment