Monday 10 September 2012

စစ်တွေမြို့ မောလိပ်ရပ်ကွက်ရေတွင်းလမ်း၌ပစ်ခ တ်မှုဖြစ်ပွား


၁၀-၉-၂၀၁၂ ခုနှစ် တနင်္လာနေ့ည ၈း၁၀ မိနစ်အချိန်တွင် ဆေးရုံမှ ပြန်လာသော လူငယ်တစ်ယောက်အား

လုံထိမ်းတပ်ဖွဲ့ဝင်(၂) ဦးမှ အချိန်လွန်နေပြီဟုဆိုပြီး ခွေးသေကောင်လိုဝိုင်းရိုက်ကြရာ ရပ်ကွက်တွင်းနေထိုင်
သူများက မမြင်နိုင်၍ ရဲဘော်တို့ဒီကလေးကို အဲလောက်ထိတော့မရိုက်ကြပါနဲ့ဖမ်းရင်ဖမ်းသွားကြပါ လို့ ၀ိုင်း ၀န်းပြောဆိုကြသော်လည်း ထိုလုံထိမ်းတပ်ဖွဲ့ဝင်နှစ်ဦးမှ ဆက်လက်ရိုက်နှက်နေသောကြောင့် အနီးအနားမှ လူများကမကြည့်ရဲသောကြောင့်ဝိုင်းအော်ကြရာ အဆိုပါလူငယ်လေးမှာ အနီးအနားရှိအိမ်တစ်အိမ်သို့ဝင်ပြေးသွားခဲ့သည်။

၎င်းကို ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှ အဆိုပါအိမ်မှ ထွက်လာရန် သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့ရာ သေနတ်
သံကြောင့် ပန်းခြံလမ်းမှ အရာရှိတစ်ဦးထွက်လာပြီး မင်းတို့တွေဘာဖြစ်တာလဲ ဆိုပြီးပြေးလာခဲ့ရာ အဆိုပါ လုံထိမ်းတပ်ဖွဲ့ဝင်နှစ်ဦးမှ မိမိတို့ကိုရိုက်နှက်ပြီး အကောင်လေးတစ်ယောက်ထွက်ပြေးသွားကြောင်း
အရာရှိ အားပြောဆိုရာ ပတ်ဝန်းကျင်အိမ်မှလူများက လူငယ်လေးကရိုက်နှက်တာမဟုတ်ကြောင်း အဆိုပါ လုံထိမ်းတပ်ဖွဲ့ဝင်နှစ်ဦးကသာဝိုင်းထိုးတာဖြစ်ကြောင်းပြောဆိုရာ ထိုအရာရှိမှ ဆဲဆိုပြီး ပစ်သာပစ်လိုက်ကွာ မအေ(လိုး)တွေဆိုပြီးပြောဆိုခဲ့ပါတယ်။ပြီးတော့ခင်ဗျားတို့အိမ်တွေကိုပါ အရေးယူမယ်လို့ပြောသွားခဲ့ ပါတယ်။

No comments:

Post a Comment