| ရခိုင် နိုင်ငံရေးပါတီနှစ်ခုဖြစ်သည့် ရခိုင်တိုင်းရင်းသားများ 
တိုးတက်ရေးပါတီ နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်တို့ သည် 
ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းရေးအ တွက် နှစ်ဖက်ပါတီအသီးသီး မှ 
ကော်မတီများဖွဲ့စည်း ထားကြောင်း သတင်း ရရှိသည်။ 
 
 ''ကျွန်တော်တို့ပါတီနှစ်ခုကို လူထုကပါတီတစ်ခုတည်းအဖြစ် 
ပူးပေါင်းလုပ်ဆောင်ဖို့ကို ဆန္ဒရှိကြပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို 
စတင်ထူထောင်ကတည်းက ကျွန်တော်တို့ပါတီဖက်ကလည်း ကြိုဆိုခဲ့ပါတယ်။ 
လောလောဆယ်မှာ ကျွန်တော်တို့ပါတီနှစ်ခုတရား ၀င်ပူးပေါင်းမှုမရှိသေးပေမယ့် 
ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ဘင်္ဂါလီကိစ္စ၊ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား 
စတာတွေမှာ အလွတ်သဘော ပူးပေါင်းလုပ်ဆောင်ခဲ့မှုမျိုးတွေ ရှိခဲ့ပါတယ်။ 
ပါတီနှစ်ခု ပူးပေါင်းဖို့ ဆိုရင်တော့ ကျွန်တော်တို့ပါတီဖက်က 
အမြဲကြိုဆိုနေပါတယ်''ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ 
အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောကြားခဲ့သည်။
 '' ပါတီနှစ်ခုပေါင်းစည်းရေးအတွက် ပါတီဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင် ၅ 
ဦးပါကော်မတီတစ်ခုကို  ရခိုင်မှာ ဖွဲ့ထားပါတယ်။ ဒီကိစ္စကို  ဒီကော်မတီဝင်ကပဲ 
ဆုံးဖြတ်မှာပါ။ ကျွန်တော်တို့ပါတီမူဝါဒအတိုင်း အမျိုးသားအကျိုးစီးပွားနဲ့ 
ပတ်သက်လာရင် ဘယ်ပါတီနဲ့မဆို ပူးပေါင်းလုပ်ဆောင်သွားဖို့ အသင့်ပါပဲ။ 
ပါတီနှစ်ခုကြားမှာ အလွတ်သဘောပူး ပေါင်းလုပ်ဆောင်မှုမျိုးတွေ ပြုလုပ်တယ်ဆိုတာ
 ဟုတ်ပါတယ် ''ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်က 
ပြောကြားခဲ့ပါသည်။
 အဆိုပါ ရခိုင်ပါတီနှစ်ခုအား ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်တွင် 
ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်းသွားရန် ရခိုင်ပြည်သူများက 
ဆန္ဒရှိနေကြောင်းသိရသည်။ သို့ရာတွင် ပါတီနှစ်ခုပေါင်းစည်းရေးအတွက် 
နှစ်ဖက်တာဝန်ရှိသူများ တရားဝင် ဆွေးနွေးခြင်းများ မပြုလုပ်ရသေးကြောင်း 
သိရသည်။
 ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် 
ပါဝင်ယှဉ်ပြိုင်ခဲ့သော ပါတီတစ်ခုဖြစ်ကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀
 ရွေးကောက်ပွဲ အနိုင်ရပါတီတစ်ခု ဖြစ်ခဲ့ပြီး ပါတီဖျက်သိမ်းခံခဲ့ရကာ ၂၀၁၂ 
ဧပြီလတွင် ပါတီမှတ်ပုံပြန်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
 http://news-eleven.com/index.php?option=com_content&view=article&id=15435%3A2012-09-12-06-24-17&catid=45%3A2009-11-10-07-45-41&Itemid=113#.UFAtrWPVJVc.facebook
 | 
No comments:
Post a Comment