Sunday 28 April 2013

ရခိုင်ကော်မရှင်၏ အစီရင်ခံစာ သမ္မတရုံးသို့ တင်ပြထားပြီးဖြစ်

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအား
နိုင်ငံတော်သမ္မတထံ ယခုလ ၂၂ ရက်နေ့တွင် တင်ပြပြီး ဖြစ်ကြောင်း ကော်မရှင်က အတည်ပြုခဲ့
သော်လည်း အစိုးရမှ ယနေ့တိုင် တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။


နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက် ဖြင့် ဖွဲ့စည်းခဲ့သော အဖွဲ့ဝင် ၂၇ ဦး ပါဝင် သော ကော်မရှင်
သည် အစီရင်ခံစာအား နိုင်ငံတော်သမ္မတထံ နိုဝင်ဘာလ အတွင်း တင်ပြရမည်ဖြစ်သော်လည်း
ကြားဖြတ်အစီရင်ခံစာသာ တင်သွင်း နိုင်ခဲ့ရာအပြီးသတ် အစီရင်ခံစာကို မူလ သတ်မှတ်ရက်
ထက်လေးလနောက်ကျ ကာ မတ်လ ၃၁ ရက်နေ့တွင် တင်ပြရန် အတည်ပြုခဲ့သော်လည်း
ဧပြီလ ၂၃ ရက် နေ့သို့ ထပ်မံရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ သမ္မတရုံးကို ပို့ပြီး ပါပြီ။ သူတို့လည်း ထုတ်ပြန်ဖို့ ပြင်ဆင် နေတယ်လို့ ကြားတယ်။
သေချာတော့ မသိဘူး"ဟု ကော်မရှင်၏ အဖွဲ့ဝင်ဖြစ်သူ ဗဟိုဖွံ့ဖြိုးရေးအဖွဲ့မှ အမှုဆောင် အဖွဲ့ဝင်
ဦးအောင်နိုင်ဦးက ပြောသည်။ စာမျက်နှာ ၁၀၅ မျက်နှာ ပါဝင်သည့် အစီရင်ခံအား အင်္ဂလိပ်၊
မြန်မာ နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ် မတ်လအထိ အကြိမ်ကြိမ်
ကွင်းဆင်းကာ စစ်တမ်းများ ကောက်ယူခြင်း၊ တွေ့ဆုံမေးမြန်းထား သည့် အချက်အလက်များ
အား စိစစ်ကာ ရေးသားခဲ့ကြောင်းသိရသည်။
ယင်းအစီခံစာနှင့် ပတ်သတ်၍ နိုင်ငံတော် သမ္မတရုံးမှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးသော်
လည်း ကော်မရှင်အနေဖြင့် မကြာမီ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ အသိပေးသွား မည်ဖြစ်
ကြောင်း သိရသည်။
"အစီရင်ခံစာကရှည်တော့ သူတို့ လည်း ထုတ်ဖို့ အခက်အခဲဖြစ်နေတာ နေမှာ။ ကော်မရှင်ကတော့
၂၅ နဲ့ ၂၉ ကြားထဲမှာ သတင်းရှင်းလင်းပွဲလုပ်ဖို့ စီစဉ်နေတယ်။ စာအုပ် ၅၀၀ လောက် ရိုက်ပြီးပြီ။
အဲဒီနေ့မှာ ဝေပေးမှာပါ"ဟု ကော်မရှင်၏ ပြန်ကြားရေးအဖွဲ့ဝင် ဦးသူရ(ခေါ်) ဇာဂနာက ပြောသည်။
လတ်တလော ထွက်ပေါ်ခဲ့သွေျွျှာံ အဖွဲ့၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်၏ ပဋိပက္ခများအပေါ်
ပြင်းထန်သော ဝေဖန်ချက်များပေါ်ထွက် လာခဲ့သော်လည်း အစိုးရအနေဖြင့်မူ သမ္မတတာဝန်ပေး
ထားသော ကော်မရှင် ၏ အစီရင်ခံကိုသာ အတည်ပြုမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီးဦးရဲထွဋ်က မီဒီယာများ အား ဖြေကြားခဲ့သည်။

----------
မူရင်း - http://www.myanmar.mmtimes.com/index.php/national-news/4745-2013-04-25-10-34-28.html

No comments:

Post a Comment