Sunday 28 April 2013

ကိုရဲမင်းဦးကို တတိယမြောက် တရားရုံးတွင် တရားစွဲဆို

ကိုရဲမင်းဦးအား ဧပြီလ ၂၂ ရက်နေ့က ရုံးထုတ်လာစဉ်။ အောင်ဌေးလှိုင်ကိုရဲမင်းဦးအား ဧပြီလ ၂၂ ရက်နေ့က ရုံးထုတ်လာစဉ်။ အောင်ဌေးလှိုင်
ဗဟန်းတရားရုံးနှင့် ကျောက်တံတား တရားရုံး နှစ်ရုံးတွင် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး
ပျက်ပြားစေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခြင်း ခံနေရသော ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်
(ဖြစ်မြောက်ရေး ကော်မတီ) အတွင်းရေးမှူး ကိုရဲမင်းဦးကို ဧပြီလ ၂၂ ရက်နေ့ နံနက်က သာကေတ
တရားရုံးတွင် ပုဒ်မ ၁၅၄ ဖြင့် ထပ်မံ တရားစွဲဆိုခဲ့သည်။


ထိုသို့ တရားစွဲရာတွင် ကိုရဲမင်ဦး သာမက မည်သူမျှ သာကေတ တရားရုံးသို့ သွားမည်ကို မသိရှိရ
ဘဲ ရုံးချိန်းရှိသော ဗဟန်း တရားရုံးသို့ လာမည်ဟုပင် ထင်ခဲ့ကြ ကြောင်း ညီဖြစ်သူကိုရဲမင်းအောင်
က မြန်မာတိုင်း(မ်) ကိုပြောသည်။
"ဒီမနက်မှ ကိုရဲမင်းဦးကို သာကေတ တရားရုံးခေါ်သွားမှန်းသိတယ်။ ဘယ် သူ့ကိုမှလည်း
အကြောင်းမကြားဘူး။ သူ့ကို ပုဒ်မ ၁၅၃ နဲ့ အဲ့ဒီ တရားရုံးမှာ စွဲထားတယ်ပြောတယ်" ဟု ၎င်းက
ပြောကြားသည်။
ကိုရဲမင်းဦး၏ ရှေ့နေဦးကျော်ဟိုးက ပုဒ်မ ၁၅၃ဆိုသည်မှာ ပုဒ်မ ၅၀၅ (ခ)နှင့် အလားသဏ္ဌာန်တူ
ကြောင်း၊ အများ ပြည်သူကို စည်းရုံးလှုံ့ဆော်မှုဖြစ်ကြောင်း ပြောသည်။
"ဘယ်လိုပြောရမှန်းတောင် မသိဘူး။ ရဲမှူးကြီးထွက်ဆိုသွားတာက ဘာမှ ရေ ရေရာရာကိုမရှိဘူး။
ဘာမှရေရေရာရာ တိတိကျကျ ထွက်ဆိုထားတာ မရှိဘူး။ ပြီးတော့ သက်သေတွေက အများပြည်
သူ တစ်ယောက်မှမပါဘူး။ ရှင်းရှင်းပြောရင် လွတ်လပ်တဲ့ သက်သေတွေ မဟုတ်ဘူး။ အစိုးရ
ဝန်ထမ်းတွေ၊ သူ့လက်အောက်က ရဲအရာရှိတွေဖြစ်တယ်။ သူတို့ပြောတော့ အများပြည်သူကို
လှုံ့ဆော်တယ်ဆိုရင် လှုံ့ဆော်ခံရတဲ့ သူတွေကို သက်သေ လုပ်ရမှာပေါ့။ သူတို့ဘက်က တင်ပြ
ထား တာတွေကမခိုင်လုံဘူး"ဟု ၎င်းက ပြောသည်။
ကိုရဲမင်းဦးအား ရုံးသုံးရုံးလုံးတွင် အာမခံပေးရန်တောင်းဆိုခဲ့ရာ ရုံးချိန်းကို မေလ ၂ ရက်နေ့သို့
ထပ်ချိန်းခဲ့ကြောင်း ဦးကျော်ဟိုးက ပြောသည်။
"သူ့ကို ကျောက်တံတားမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးပြီးရင် အာမခံ လျှောက်တယ်။
အာမခံရရင် ကျန်တဲ့ ရုံးတွေလျှောက်မယ်။ ဘာလို့လဲ ဆိုတော့ သူ့ကို သုံးရုံးမှာ ဖမ်းထားတော့
နှစ်ရုံးပေးပြီး တစ်ရုံးမပေးရင် ထွက်လို့ မရဘူး။ သုံးရုံးစလုံး အာမခံရမှရမယ်။ ဥပဒေအရတော့
အာမခံပေးလို့ မရပေမယ့် ဥပဒေမှာ ဘာပါလဲဆိုတော့ စွပ်စွဲချက်က မခိုင်လုံဘူးဆိုရင် အာမခံပေး
လို့ ရပါတယ်"ဟု ဦးကျော်ဟိုးက ပြောသည်။
နောက်ထပ် ရုံးချိန်းအနေဖြင့် ဗဟန်း တရားရုံးတွင် မေလ ၃ ရက်နေ့၊ သာကေတတရားရုံးတွင်
မေလ ၆ရက် နေ့ဖြစ်ကြောင်းသိရသည်။
ဗဟန်းတရားရုံးတွင် ကိုရဲမင်းဦး အမှု စစ်ကြားနားပြီးချိန် လာရောက် အားပေး သော သံဃာတော်
များနှင့် ၎င်း၏ မိသားစုဝင်အချို့တွေ့ခွင့်ရသော်လည်း မီဒီယာများကို တွေ့ခွင့်မပေးခဲ့ပေ။
ကျောက်တံတားမြို့နယ် တရားရုံးတွင်လည်း ကိုရဲမင်းဦးက မီဒီယာများနှင့် တွေ့ခွင့်တောင်းခဲ့သော်
လည်း ရဲမှူးယုကြည်မှ အထက်က မီဒီယာနှင့် တွေ့ခွင့်မပေးကြောင်း ပြောသည်ဟုဆိုသည်။
"ဒီတိုင်းပြည်က ဒီမိုကရေစီနဲ့ မယဉ်ပါးသေးဘူး။ ဒီမိုကရေစီ ဒီမိုကရေစီပြောတာဟာ လူ့အခွင့်
လူသားတိုင်းရဲ့ ဂုဏ်သိက္ခာကို လေးစားနိုင်တဲ့ အနေအထား မရောက်ပဲ ဒီမိုကရေစီစနစ် ဘယ်လိုမှ
သွားလို့မရဘူး။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီကိုသွားဖို့ မီဒီယာ လွတ်လပ်ခွင့်ပေးရမယ်။
ဒါအင်မတန် အရေးကြီးတယ်"ဟု တရားစွဲဆိုခံထားရသူ ကိုရဲမင်းဦးက မြန်မာတိုင်း(မ်) ကို ပြော
သည်။
----------------
မူရင်း --  http://www.myanmar.mmtimes.com/index.php/national-news/4751-2013-04-25-11-54-56.html

No comments:

Post a Comment