Sunday 28 April 2013

တိုင်းရင်းသားပါတီများ စုပေါင်းကာ ပါတီတစ်ခုထူထောင်ရေး မေလအတွင်း တွေ့ဆုံဆွေးနွေးပြီး အတည်ပြုနိုင်မည်

နော်စေးဖောဝါး   |   Thursday, 25 April 2013
တိုင်းရင်းသားပါတီများ စုပေါင်းပြီး Federal Union Party အဖြစ် မေလ အတွင်း ဖွဲ့စည်း
တည်ထောင်ရန် ဆွေးနွေး မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး
ဦးစိုင်းလှကျော်က ပြောသည်။


"တိုင်းရင်းသားပါတီက အခု ၁၃ ပါတီ ဆိုပေမယ့် မေလမှာခေါ်မယ့် ၁၅ ကြိမ် မြောက် အစည်း
အဝေးမှာတော့ တိုင်းရင်းသား ၁၅ ပါတီ ဖြစ်လာမယ်။ သို့မဟုတ် ၁၆ ပါတီ ဖြစ်လာမယ်။ အဲဒါ
တွေ အားလုံးပေါင်းပြီး ထပ်ဖွဲ့ဖို့ ရှိပါ တယ်။ တိုင်းရင်းသား သီးသန့်ပေါ့"ဟု ၎င်းက ပြောကြား
သည်။
ထို့သို့ဖွဲ့စည်းရန် စီစဉ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(UNDP) နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ကို ယှဉ်နိုင်ရန်အတွက် တိုင်းရင်းသား တစ်
ပါတီချင်း မည်သို့မှ မဖြစ်နိုင်သော ကြောင့် တိုင်းရင်းသားအဖွဲ့အစည်း တစ်ခုအနေနှင့် တည်ထောင်
ပြီးမှသာ နည်းနည်း စကားပြောနိုင်၊ ယှဉ်ပြိုင်နိုင် မည်ဖြစ်ကြောင်း ၎င်းကပြောသည်။"တစ်ဦးချင်းအ
နေနဲ့ ယှဉ်ဖို့ကမလွယ် ဘူး။ အဲဒါကြောင့် စုပေါင်းဖို့ စီစဉ်တာ ပါ။ မူအားဖြင့် တိုင်းရင်းသားပါတီတွေ
သဘောတူပါပြီ"ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ တိုင်းရင်းသားများ စုပေါင်း ပြီး တစ်ပါတီအဖြစ် ဖွဲ့စည်းခြင်းကို မေလ ၂ ရက်နေခန့်တွင်
အတည်ဖြစ်မဖြစ်ကို ပြောနိုင်မည်ဖြစ်ကြောင်းရခိုင်တိုင်းရင်း သား တိုးတက်ရေးပါတီမှ ဒေါက်တာ
အေးမောင်က ပြောကြားသည်။
လာမည့် ရွေးကောက်ပွဲများတွင် ပါတီ အလိုက် အချိုးကျ ကိုယ်စားပြုမှုစနစ် (ပီအာရ်စနစ်) အဖြစ်
ပြင်ဆင်ခဲ့ပါက တစ်နိုင်ငံလုံးတွင် ယှဉ်ပြိုင်ရန် ပါတီ တစ်ခုလိုအပ်ကြောင်း ၎င်းကပြောသည်။
"အဲဒါကြောင့် တိုင်းရင်းသားရှိတဲ့ နေရာတိုင်းမှာ ကျွန်တော်တို့အင်အားစု တစ်ခုတည်းနဲ့ နေရာတိုင်း
မှာ ပြိုင်ဖို့ မှန်း ထားကြတယ်။ ပီအာရ်စနစ်ကို ထိုး ဖောက်ဖို့ပဲ။ အနည်းဆုံး ဒုတိယ အင်အား စု
လောက်တော့ တိုင်းရင်းသားတွေ ရှိနိုင် တာပေါ့။ လုပ်မယ်ဆို အင်အားကြီးကြီး မားမားဖြစ်အောင်
ကို လုပ်သွားမှာ။ တတိယအင်အားအကြီးဆုံး ပါတီတစ်ခု ဖြစ်အောင်လုပ်သွားမှာ"ဟု ဒေါက်တာ
အေးမောင်က ပြောကြားသည်။
--------------
မူရငိး------------ http://www.myanmar.mmtimes.com/index.php/national-news/4713-2013-04-25-04-56-05.html

No comments:

Post a Comment