Saturday 30 March 2013

ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိ ၆၀ ခန့်အား ဌာနလွှဲပြောင်းခြင်း၊ အငြိမ်းစားပေးခြင်း၊ တာဝန်မှရပ်စဲခြင်းများ ပြုလုပ်

 7Day News Journal
 အစိုးရ၀န်ကြီးဌာနအချို့မှ ညွှန်ကြားရေးမှူးချုပ်များ အပါအ၀င် အဆင့်မြင့်အရာရှိများအား အပြောင်းအ လဲပြုလုပ်ခြင်း၊ အငြိမ်းစားပေးခြင်း၊ တာဝန်မှရပ်စဲခြင်းများအား ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


"မှန်ပါတယ်။ ညွှန်မှူးကနေ ဒုညွှန်ချုပ်အထိ အရာရှိများကို ၀န်ကြီးဌာနများအတွင်းမှာ အပြောင်းအရွှေ့ပြု လုပ်ခဲ့ပါတယ်။ ဒါ့အပြင် ညွှန်ချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးကဲ့သို့သော အဆင့်မြင့်အရာရှိကြီး တချို့ကို လည်း အငြိမ်းစားယူခွင့် ပြုခဲ့ပါတယ်။ ဒါတွေဟာ သမ္မတကြီး ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးဆိုင် ရာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အရ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်" ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အတည်ပြုပြောကြားသည်။

နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် လိုက်ပါဆောင်ရွက်နိုင်ခြင်းမရှိသော အရာရှိများကို အငြိမ်း စားပေးခြင်း၊ ဌာနလွှဲပြောင်း တာဝန်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

"ညွှန်ချုပ်ကနေ ညွှန်မှူးအဆင့်ထိ ၅၀ ကျော် ၆၀ လောက်ရှိမယ်။ အတိအကျတော့ မသိရသေးဘူး။ မတ် ၂၇ ရက်ကစပြီး စာထွက်နေတာ ဆက်တိုက်လည်း အရာရှိကြီးတွေ အပြောင်းအရွှေ့လုပ်တာ။ တချို့တွေ ကိုပြောင်း၊ တချို့တွေကို အနားပေးတာပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

No comments:

Post a Comment