The Myanma Age
    မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံသည
 
 အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ မြန်မာ့ရေတပ်မှ ဖရီးဂိတ်စစ်သင်္ဘောတစ်စီးနှင့် အငယ်စားစစ်သင်္ဘောတစ်စီး
 တို့သည် အိန္ဒိယမှ ဗီဆက်ခါ ပတ်ထနမ်ဆိပ်ကမ်းသို့ မနက် ဖြန်တွင် ဆိုက်ရောက်မည်ဖြစ်ကာ ထိုနောက်ရက်အနည်းငယ်
 အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်မည်ဟု ဆိုသည်။
 
 မြန်မာနှင့် အိန္ဒိယတို့ သည် မကြာမီကပင် စစ်ရေး၊ စီးပွားရေး ဆက်ဆံမှုများ တိုးမြှင့်လာခဲ့ပြီး ၂၀၁၂ နိုဝင်ဘာနှင့် ဒီဇင်ဘာလ အတွင်း နိုင်ငံခြား ရေးဝန်ကြီး ဆယ်လ်မန် ခါရှစ်၊လေတပ်ဦးစီး ချုပ် အန်၊ အေ၊ကေ ဘရောင်း တို့ လည်းလာရောက်လည်ပတ်
 ခဲ့ကြသည်။
 
 ယင်းနောက် အိန္ဒိယသည် မြန်မာတပ်မတော် စွမ်းရည်မြှင့်တင်ရေး အတွက် မြန်မာလေတပ်ပိုင်းလော့များအား အိန္ဒိယသို့ခေါ်ယူကာ
 ရုရှားလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယဉ်များနှင့် လေ့ကျင့် ပေးရေးကိုလည်း သဘောတူခဲ့သည်။
 
 အိန္ဒိယသည် မြန်မာသို့ စစ်သုံးလက်နက်များကိုလည်း  ရောင်းချပေးနေပြီး ယင်းတွင် ကုန်းတွင်းပိုင်းသုံး ရေတပ် ကင်းလှည့်လေ ယဉ်များ၊ ရေ တပ်သုံး စက်သေနတ်တင်  မော်တော်ဘုတ်များ၊ ၁၀၅ မီလီမီတာ အပေါ့စားသေနတ် များ၊ မော်တာစိန်ပြောင်း များ၊ လောင်ချာများနှင့် ရိုင်ဖယ် သေနတ်များလည်းပါဝင်သည်။
 
 ထို့ပြင် မြန်မာသည် ၎င်း၏ရေတပ်သင်္ဘောများအတွက် Bharat Electronics Ltd ကထုတ်လုပ်သော ရေဒါ စနစ်များလည်း ဝယ်ယူရ ရှိ ထားကြောင်း သိရသည်။
 
 Ref: Times of India

No comments:
Post a Comment