Saturday 8 December 2012

ရခိုင်ပြည်အမျိုးသားကောင်စီအေအန်စီ၏ ဥက္ကဌက တာဝန်မှ အပြတ်အ သတ် နှုတ်ထွက်


 


သို့
ရက်စွဲ…  ၁၄ - ၁၁ - ၁၂
သဘာပတိကြီးများ၊
ဗဟိုကော်မီတီများနှင့်
အဖွဲ့ ဝင်များ

အကြောင်းအရာ။      ။ ရခိုင်ပြည်အမျိုးသားကောင်စီအေအန်စီ၏ ဥက္ကဌကတာဝန်မှ အပြတ်အသတ် နှုတ် ထွက်လိုက်ကြောင်းအသိပေးခြင်း။

ရခိုင်ပြည်အမျိုးသားကောင်စီအေအန် စီသည်ယင်း၏ နိုင်ငံရေးရပ်တည်ချက်နှင့် အညီအဖြစ်နိုင်ဆုံး အား သွန်ကြိုးပမ်းကာရှေ့သို့ချီတက်လျှက်ရှိဆဲဖြစ်ပါသည်။ မိမိဥက္ကဌအနေဖြင့်ကားဤမျှကျယ်ပြန့် ကြီး မားသော လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းရွက်ရန် မဖြစ်နိုင်တော့သည့်အထိ ကျန်းမာရေး မကောင်း ဖြစ်လာသည့်အတွက် မိမိအားတင်မြှောက်ပေးအပ်ထားရှိသော တာဝန်နှင့် လုပ်ပိုင်ခွင့်များ အား လုပ်ထုံးလုပ်နည်းနှင့်အညီ ဒုတိယဥက္ကဌအား ယာယီတာဝန်လွှဲအပ်လျှက် မိမိ၏ရာထူး၊ တာဝန်မှ အပြတ်အသတ် အနားယူ နှုတ်ထွက်လိုက်ပါကြောင်း အသိပေးအပ်ပါသည်။


Ven.Ariyawantha
While in Apollo Gleneagles Hospitals, Kolkata, India.

မှတ်ချက်။   ။ယခုကဲ့သို့ နှုတ်ထွက်ခြင်းမှာမည်သူတစုံတယောက်၏ ပယောဂကြောင့်မျှ မဟုတ်၊ မိမိကိုယ်တိုင်၏ ကျန်းမာရေးအခြေနေအရသာဖြစ်၍လောလောဆည်တွင် မည်သည့်ပုံစံဖြင့် စုံစမ်း မေးမြန်းခြင်း မျိုးကိုဖြစ်စေလက်ခံရှင်းလင်းနေမည် မဟုတ်ပါ။

No comments:

Post a Comment