တီဟီရန်   သြဂုတ်   ၁၉
  အီရန်နိုင်ငံသည် အစ္စရေးနိုင်ငံ၏ ခြိမ်းခြောက်မှုနှင့် တိုက်ခိုက်မှုကို  အလျင်အမြန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင် သတင်းအေဂျင်စီ  IRNA က သြဂုတ် ၁၈ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

 အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုသည်  ယခုနှစ်ဆောင်းဦး ရာသီတွင် အီရန်နျူကလီးယား အဆောက်အအုံ များကို  တိုက်ခိုက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
ထို့အပြင် အစ္စရေးနိုင်ငံ၏  ခြိမ်းခြောက်မှုများသည် ၄င်းနိုင်ငံပျက်စီးခြင်း အကြောင်းသာဖြစ်လိမ့်မည်ဟု  အီရန်ဗိုလ်မှူးချုပ် တစ်ဦးကIRNA သတင်းဌာန သို့ ပြောကြားခဲ့သည်။
တီဟီရန်တွင် ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီးဆွေးနွေးပွဲ  မတိုင်မီနှင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မကျင်းပမီ အစ္စရေးတို့၏  ခြိမ်းခြောက်မှု များသည် စိတ်ဓာတ် စစ်ဆင်ရေးအတွက် ဝါဒဖြန့်မှုတစ်ခုသာ  ဖြစ်ကြောင်း အဆိုပါ အီရန်ဗိုလ်မှူးချုပ်က ပြောကြားခဲ့သည်။

No comments:
Post a Comment