Thursday 21 February 2013

မအီမြို့နယ်၊ ငရုတ်တောင်ကျေးရွာ သောက်သုံးရေအခက်ကြုံ


ရခိုင်ပြည်နယ်၊ မအီမြို့နယ်အတွင်းရှိ ငရုတ်တောင်ကျေးရွာတွင် ယခင်စစ် အစိုးရလက်ထက်က သိမ်းဆည်း ထားသည့်လယ်ဧက ၅ဝဝ ခန့်ကို ပုစွန်ကန်လုပ်၍ ရေငန်သွင်းသဖြင့် ရွာရှိ သောက်ရေကန်ထဲသို့ ရေငန်များ ဝင်ရောက်လာသည့်အတွက် သောက်သုံး လို့မရဘဲ ဖြစ်နေကြောင်းနှင့် ကျေးရွာသူ၊ ကျေးရွာသား များမှာ သောက်သုံး ရေအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း သတင်း ရရှိသည်။

ငရုတ်တောင်ကျေးရွာသားများ ပိုင်ဆိုင်သည့် လယ်မြေ ဧက ၅ဝဝ ခန့်ကို ဒေသခံစစ်တပ်နဲ့ ပေါင်းပြီး ယင်းကျေးရွာသားနှစ်ဦးတို့က ပုစွန်မွေးမြူရေးလုပ်ကိုင်နေကြရာမှ ယခုကဲ့သို့ ပြဿနာ ဖြစ်ပွား လာ ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

''ပုစွန်ကန်တွေက တာဘောင်မြင့်ပြီး ပုစွန်မွေးဖို့ ရေငန်သွင်းတော့ ရွာသားတွေ သုံးနေတဲ့ ရေကန် ၅ ကန်ထဲက ကန် ၃ ကန်ဆို လုံးဝဆားငန်ရေဖြစ်သွားပြီ။ ကျန်တဲ့ ၂ ကန်က ရေနဲ့ပဲ သုံးနေရတယ်။ ဒါပေမယ့် ၅ ကန်သုံးတဲ့ ရေကို ၂ ကန်တည်းသုံးလို့ရတော့ ရေနဲ့လူနဲ့ မမျှဘူးလေ။ တော်တော် အခက်အခဲ ဖြစ်နေရ တယ်'' ဟု ငရုတ်တောင်ကျေးရွာ သား ဦးကျော်မြင့်က ပြောသည်။

ထိုသို့ ပုစွန်ကန်ကြောင့် ရေကန်များ ပျက်စီးနေသည့်အကြောင်းကို မအီမြို့နယ် အုပ်ချုပ်ရေးမှူးကို စာပို့ တိုင်ကြားသော်လည်း အကြောင်းတစ်စုံတစ်ရာ မပြန်သည့်အတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့ က တောင် ကုတ်မြို့နယ် ဆားပြင်ကျေးရွာသို့ ရောက်ရှိလာသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ထံ ရွာသားများက လက်မှတ်ထိုး တိုင်ကြားခဲ့ကြောင်းလည်း အဆိုပါဒေသခံက ဆိုသည်။      
ဆြာကု

No comments:

Post a Comment