Thursday 21 February 2013

စစ်တွေ-ဘူးသီးတောင်-မောင်တော လမ်းကြောင်းတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှုများပြားနေသည့်အတွက် ခရီးသွားများကို တင်းကျပ်စွာစစ်ဆေး

  စစ်တွေ-ဘူးသီးတောင်-မောင်တောလမ်းကြောင်းတွင် သွားလာ နေကြသည့် ခရီးသွားတချို့ထံမှ မူး ယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှု များပြား နေသည့်အတွက် ခရီးသွားများကို သက်ဆိုင်ရာကားဂိတ်၊ သင်္ဘော ဆိပ်ကမ်းများတွင် တင်းကျပ်စွာစစ်ဆေးနေကြောင်း သတင်းရရှိသည်။
  ''မောင်တော-ဘူးသီးတောင်ကားလမ်းရှိ ဂိတ်တွေမှာရော၊ ဘူးသီးတောင်သင်္ဘောဆိပ်ကမ်း၊ အမြန် ဆိပ်ကမ်းနဲ့ စစ်တွေ သင်္ဘောဆိပ် ကမ်း၊ အမြန်ဆိပ်ကမ်း အားလုံးမှာ စစ်ဆေးနေတာ ဖြစ်ပါတယ်။ ပါလာတဲ့ အထုပ်အားလုံးကို မွှေပါတယ်။ မောင်တောမှာဆိုလို့ရှိရင် ရွှေဇားတံတား ဂိတ်မှာတောင် စစ်ဆေး မှုတွေပြုလုပ်နေပါတယ်'' ဟု မောင်တောမြို့မှ စစ်တွေမြို့သို့ မကြာမီ ရက်ပိုင်း အတွင်းက သွားရောက်ခဲ့သူ ခရီးသည် တစ်ဦးက ပြောပြသည်။

  ယင်းသို့ ခရီးသည်များအား လမ်းတစ်လျှောက်စစ်ဆေးခြင်း၊ ခရီးသည်တိုင်း စစ်ဆေးခြင်းတို့ကြောင့် အချိန်ကြန့်ကြာမှု အနည်းငယ် ရှိနေသော်လည်း လက်ရှိခေတ်စားနေသည့်မူး ယစ်ဆေးဝါးလုပ်ငန်း ကိုတိုက်ဖျက်ခြင်းဖြစ်သည့်အတွက်ကျေနပ်မှုရှိကြောင်း ရန်ကုန်မြို့မှ မောင်တောသို့ အလည်လာရောက်သူ တစ်ဦးက ပြောကြားသည်။ ယခုလ ဇန်နဝါရီလအတွင်းက စစ်တွေမြို့ အမြန်ရေ ယာဉ်ဆိပ်ကမ်းတွင် ဘူးသီး တောင်သို့ လိုက်ပါမည့် ခရီးသည်များထံမှ မူးယစ်ဆေးဝါးပမာဏများစွာကို သက်ဆိုင်ရာမှ ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမှု တင်းကျပ်လာခြင်း ဖြစ်ကြောင်း သိရသည်။
မောင်ကံ ဈေးကွက်ဂျာနယ်- 

No comments:

Post a Comment