Thursday 21 February 2013

မောင်တော၊ စစ်တွေ နယ်စပ်ကုန်သွယ်ရေး လတ်တလောအခြေအနေ

 
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်နေသည့် စစ်တွေနှင့်မောင်တော နယ်စပ်ကုန် သွယ်ရေးစခန်းများတွင် တစ်ဦးချင်း ကုန်သွယ်ရေးကတ်ပြားများထုတ်ပေးရန် အစီအစဉ် မရှိသေးကြောင်း သက်ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ 


တစ်ဦးချင်း နယ်စပ်ကုန်သွယ်မှုကတ်များကို နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် တမူး၊ မူဆယ်နှင့် မြဝ တီနယ်စပ်ကုန်သွယ်ရေးစခန်း များတွင်သာ ထုတ်ပေးထားရှိကြောင်း၊ တမူးနယ်စပ်တွင် ၅၆ ဦး၊ မူဆယ်နယ်စပ်တွင် ၉၈ ဦးနှင့် မြဝတီနယ်စပ်တွင် ၁၃ ဦးကိုသာ ထုတ်ပေး ထားရှိကြောင်းလည်း သိရသည်။ မောင်တောနှင့် စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းများတွင် ထုတ်ပေးနိုင်ရေး အတွက် လေ့ လာဆဲရှိနေ ကြောင်း၊ လက်ရှိတွင် ကုမ္ပဏီအဖွဲ့အစည်းများကသာ နယ်စပ်ကုန်သွယ် မှုလုပ် ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကာ ရေချိုငါး၊ ရေငန်ပုစွန်၊ ငါးစုံကလေးခြောက်၊ ဆီးယိုထုပ် စသည် များကို တင်ပို့ရောင်းချနေကြောင်း လည်းသိရသည်။ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်တွင် စစ်တွေနှင့် မောင် တော နယ်စပ်မှ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ သန်း လျာ ထားဆောင်ရွက် လျက်ရှိသော်လည်း  အမေရိကန်ဒေါ်လာ ၇ သန်းခန့် ကိုသာ ဆောင်ရွက်နိုင်သေးကြောင်းလည်း သိရသည်။        
ကိုကြီးမန်း

No comments:

Post a Comment