Thursday 21 February 2013

စစ်တွေမြို့ မီးလင်းရေး ဆိုလာစနစ်ဖြင့် ဆောင်ရွက်ရန် အမေရိကန်ကုမ္ပဏီကမ်းလှမ်း

 (ကိုကြီးမန်း)   
စစ်တွေမြို့နှင့် မကြာမီ တည်ဆောက်မည့် ပုဏ္ဏားကျွန်း စက်မှုဇုန် များအတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ် အားပေးရန် အမေရိကန် ကုမ္ပဏီတစ်ခုက ကမ်းလှမ်းလာကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စစ်တွေမြို့ မှ လုပ်ငန်းရှင် များနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။ 


ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး ပေးရာ၌ တစ်ယူနစ်လျှင် ကျပ် ၁၅ဝမှ ၁၇ဝ ကျပ်ခန့်သာ ကျသင့် မည် ဖြစ်ကြောင်း၊ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုများကို သက်ဆိုင်ရာ ကုမ္ပဏီမှ ကျခံသွား မည်ဖြစ်ကြောင်း လည်း သိရသည်။ ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ရိုးမအရှေ့ဒေသရှိ မဟာဓာတ်အား လိုင်းဖြင့် သွယ်တန်းရယူမည်ဖြစ်ကာ လျှပ်စစ်ဓာတ်အား သွယ်တန်းရေးအတွက် မီးလိုင်းများ၊ ဆက် သွယ်ရေး လျှပ်စစ်တာဝါတိုင်များ တည်ဆောက်လျက်ရှိပြီး ဓာတ်အားခွဲစက်ရုံများကိုပါ တည်ဆောက်နြေ ပီဖြစ် ကြောင်းလည်း သိရသည်။

 ထို့အတူ ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့ အား အသုံးပြု၍ ကျောက်ဖြူမြို့တွင် လျှပ်စစ်တာဘိုင် တည်ဆောက်ကာ လျှပ်စစ်ဓာတ်အားများကိုလည်း ရခိုင်ပြည်နယ်အတွက် အသုံးပြုသွား မည်ဖြစ်ကြောင်း လည်း သိရသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တည် ဆောက်လျက်ရှိသည့် စစ်တွေ ပင်လယ်ကူးဆိပ် ကမ်းနှင့် ပုဏ္ဏားကျွန်း စက်မှုဇုန်အတွက်  လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ မြင့်မားလာမည်ဖြစ် ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိပါက အခြားစက်မှုလက်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း ဒေ သခံများ မျှော်လင့်နေကြ သည်။
  
ရခိုင်ပြည်နယ်အတွင်း ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး ထုတ်လုပ်ဖြန့်ဖြူး ရေးလုပ်ငန်းများ၊ ဟိုတယ်ဆောက် လုပ်ရေး လုပ်ငန်းများ၊ နေပူတောင် ကျောက်ပြား ထုတ်လုပ်ရေးလုပ်ငန်း၊ ဆားချော ထုတ်လုပ်ရေးလုပ် ငန်း၊ ရေငန်ပုစွန် သားပေါက်ထုတ် လုပ်ရေး လုပ်ငန်း စသည်များတွင် ရင်းနှီး မြှုပ်နှံ လုပ်ကိုင်နိုင်မည့် အခွင့် အလမ်းများကို  ဗီယက်နမ်၊ ဂျာမနီ၊ အမေရိကန်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်သည်များ လာရောက်လေ့လာ မှုများရှိကြောင်းသိရပြီး ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့် လာရောက်ဆွေးနွေးမှု များရှိကြောင်း ကုန်သည်စက်မှုအသင်း တာဝန်ရှိသူ တစ်ဦး က ပြောသည်။
 ------------------------
ဈေးကွက်ဂျာနယ်။

No comments:

Post a Comment