 ရခိုင်ပြည်နယ်
 မြောက်ဦးမြို့သို့  ပြည်ပနိုင်ငံသားများ လာရောက် လည်ပတ်မှုကို 
တားမြစ်ထားခြင်းမှ ပြန်လည် သွားလာခွင့်ပြုရန်နှင့် စပ်လျဉ်းသည့် မေးခွန်း” 
ဦးအောင်ထွန်းသာ (မြောက်ဦး မဲဆန္ဒနယ်) မှ မြေမြန်းရာတွင်-
  ရခိုင်ပြည်နယ်
 မြောက်ဦးမြို့သို့  ပြည်ပနိုင်ငံသားများ လာရောက် လည်ပတ်မှုကို 
တားမြစ်ထားခြင်းမှ ပြန်လည် သွားလာခွင့်ပြုရန်နှင့် စပ်လျဉ်းသည့် မေးခွန်း” 
ဦးအောင်ထွန်းသာ (မြောက်ဦး မဲဆန္ဒနယ်) မှ မြေမြန်းရာတွင်-ရခိုင်ပြည်နယ် မြောက်ဦး ဒေသသည် ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များ စုစည်းတည်ရှိရာ သုတေသ န နယ်မြေ တစ်ခု ဖြစ်ပြီး ၁၄၃၀ ခုနှစ်မှာ စတင်ခဲ့တဲ့ မြို့ရိုး တံတိုင်းများ၊ နန်းတော်ရာ ကုန်းနှင့် သမိုင်း ဝင်ဘု ရား ပုထိုးစေတီများ တည်ရှိနေသော နယ်မြေ ဖြစ်ပါသည်။
ပုဂံကဲ့သို့
 ကမ္ဘာလှည့်ခရီးသည်များ၊ နိုင်ငံတကာ သမိုင်းပညာရှင်များ၊ သုတေသီများ 
အထူးစိတ်ဝင်တစား လာရောက်သော ဒေသ လည်း ဖြစ်သောေ ကြာင့် 
မြောက်ဦးဒေသတိုးတက်ဖွံ့ဖြိုးရေးဟာ ရခိုင်ပြည်နယ် အတွက်သာမက ပြည်ထောင်စုကြီး
 တစ်ခုလုံး အတွက်လည်း အလွန် အရေးကြီးပါကြောင်း၊ ၎င်းနယ်မြေ သည် 
ရခိုင်လူမျိုးများတို့ရဲ့ အနုပညာယဉ်ကျေးမှုနှင့် ဆက်စပ်နေသကဲ့သို့ 
နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတစ် ခုဖြစ်တဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း 
အတွက် အလွန်အရေး ပါနေသော နေရာတစ်ခု လည်းဖြစ်ပါ သည်။ 
 
သို့သော် ၂၀၁၀ ခုနှစ်
 အောက်တိုဘာလအတွင်းက တစ်ကျော့ပြန် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် 
မြောက် ဦးဒေသသို့ ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်မှုကို 
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ တားမြစ်ပိတ်ပင် ထားခဲ့ပါသည်။ 
 လက်ရှိအခြေအနေ၌ မြောက်ဦးမြို့သည် ပဋိပက္ခဖြစ်ပွားရာေ ဒသနှင့် 
ဝေး ကွားသည့်လျှောက် တည်ငြိ မ်အေးချမ်းမှုများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း 
ခရီးသွားလာခွင့်ကို ကန့် သတ်ထားဆဲဖြစ်ရာ တပိုင် တနိုင် လုပ်ကိုင် 
ရှာဖွေစားသောက်နေကြသော ဒေသ ခံပြည်သူများ၊ နိုင်ငံခြား ခရီးသွား 
ဧည့်သည်များအား ဝန်ဆောင်မှုပေးနေသော ဟိုတယ်များ၊ တည်းခိုခန်းများ၊ 
သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ စသည့်လုပ်ငန်း များမှာ 
လုံးဝရပ်ဆိုင်းသွားတော့မည့် အနေအထားကို ရောက်ရှိနေရပါကြောင်း၊ 
အကျိုးဆက်အနေဖြင့် ယ ခုနှစ်သွားလာမှု ပိတ်ပင်ထားမှုကြောင့် နောင်လာမည့် နှစ် 
အတွက်ပါ ကြိုတင်စာရင်းပေးထားမှုများ မရှိတော့ပြီဖြစ်၍ ဒေသခံပြည်သူများ၊ 
လုပ်ငန်းရှင်များ စီးပွားရေး ကျဆင်းသကဲ့သို့ နိုင်ငံတော် အတွက် ပါ 
နိုင်ငံခြားဝင်ငွေလျော့နည်းလာနိုင်သည်ဖြစ်သည့်အတွက် ပဋိပက္ခဖြစ်ပွား ခဲ့သော 
နေရာနှင့်ဝေးကွာ သည့် မြောက်ဦးမြို့သို့ ပြည်ပနိုင်ငံသားများ လာရောက်မှုကို 
ဟန့်တားထားခြင်းမှ ပြန်လည် သွားလာခွင့်ပြု ရန် ဒေသခံပြည်သူများ၊ 
နိုင်ငံခြားခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်များ နှင့် ပို့ဆောင်ရေး 
လုပ်ငန်း လုပ် ကိုင်ကြသူများ ဆန္ဒအရ “ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ 
ပြည်ပနိုင်ငံသားများ လာရောက်လည်ပတ်မှုကို တားမြစ်ထားခြင်းမှ ယခုနှစ်တွင် 
ပြန်လည်သွားလာခွင့်ပြုရန် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ 
အစီအစဉ်ရှိပါသလား။ 
အစီအစဉ်ရှိပါက မည်သည့်လတွင် ပြန်လည်ခွင့်ပြုပေးမည်” ကို
 သိရှိလိုပါေ ကြာင်း မေးမြန်းသွားပါသည်။
 
 
No comments:
Post a Comment