Saturday, 17 November 2012

ရခိုင်ပဋိပက္ခ္ခနဲ့ ပတ်သက်တဲ့ အစိုးရလုပ်ဆောင်ချက်ကို ဘန်ကီမွန်း ကြိုဆို

2012-11-17
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခ္ခတွေနဲ့ ပတ်သက်ပြီး မြန်မာခေါင်းဆောင်တွေ ချမှတ်လုပ်ဆောင်နေတဲ့ အစီအစဉ်ဟာ မှန်ကန်တဲ့ လမ်းကြောင်းကို ဦးတည်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ကြိုဆိုလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်က အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းသို့ ရောက်ရှိနေစဉ်။

လူတွေ အများအပြားသေကြေပြီး မိသားစုတွေ အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့သူတွေရဲ့ ရာဇဝတ်ပြစ်မှုတွေကို ရှုတ်ချကြောင်း၊ အပြစ်ရှိသူတွေကို တရားဥပဒေနဲ့အညီ အရေးယူစီရင်သွားဖို့ ကတိပြုကြောင်းဖော်ပြထားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပေးစာကို မနေ့က ရရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပေးစာမှာ ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေ အေးချမ်းသွားတဲ့အခါမှာ နိုင်ငံမဲ့ရိုဟင်ဂျာလူနည်းစုတွေအတွက် လုပ်ပေးနိုင်တဲ့ ရပိုင်ခွင့်တွေ ဖန်တီးပေးသွားဖို့ စဉ်းစားမှာ ဖြစ်ကြောင်း၊  နိုင်ငံသားပြုမှု၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်၊ လွတ်လပ်စွာ ခရီးသွားလာခွင့် စတဲ့ အခွင့်အရေးတွေကို စဉ်းစားပေးသွားနိုင်တယ်လို့ ဖေါ်ပြထားကြောင်းလဲ မစ္စတာ ဘန်ကီမွန်းရဲ့  ကြေညာချက်မှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment