Friday, 16 November 2012

ဝါးကိုအဓိကသုံးသည့် မိုင်းရှင်းဘောလုံး အာဖဂန်နွယ်ဖွားတစ်ဦး တီထွင်





29mt6
ဝါး၊ သံ၊ ပလတ်စတစ်တို့ဖြင့် ပြုလုပ်ထားသော ကုန်ကျစရိတ် သက်သာသည့် မြေမြှုပ် မိုင်းရှင်းကိရိ ယာ တစ်မျိုးကို အာဖဂန်နွယ်ဖွား လူငယ်တစ်ဦးက ဖန်တီးခဲ့သည်။ သိပ္ပံဇာတ်ကားများမှ ထူးခြား သည့်အရာ ၀တ္ထု တစ်ခုခုဟု အမှတ်မှားနိုင်သည့် ဘောလုံးပုံ မိုင်းရှာကိရိယာတစ်ခု လျှင် နေရာအနေ အထားပေါ် လိုက်ပြီး မိုင်းလေးလုံးအထိ ဖျက်စီးပစ်နိုင်သည်ဟု သိရသည်။

စစ်ပွဲဒဏ်ခံနေရသော အာဖဂန်နစ္စတန်မှ အသက် ၁၄ နှစ်အရွယ်တွင် ထွက်ပြေးခဲ့သူ မာဆွတ်ဟက်ဆာနီက မိုင်းရှင်းဘောလုံးကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဟက်ဆာနီသည် အာဖဂန်မှ ပါကစ္စတန်၊ ယင်းမှတစ်ဖန် ရုရှား သို့ တိမ်းရှောင်ခဲ့ပြီး နောက်ဆုံးတွင် ဟော်လန်နိုင်ငံရှိ Design Academy Eindhoven တွင် ဒီဇိုင်းပညာကို သင်ယူခွင့် ရခဲ့သူဖြစ်သည်။
Mine Kafon ဟုခေါ်သော မိုင်းရှင်းကိရိယာတွင် မည်သည့်ဧရိယာတွင် မိုင်းရှင်းသွားပြီကို ဖော်ပြသော ၀က်ဘ်ဆိုက်နှင့် ချိတ်ဆက်ထားသည့် ဂျီပီအက်စ်စနစ်ပါ ပါရှိသည်ဟု ဆိုသည်။
အာဖဂန်တွင် နေထိုင်စဉ်က အစ်ကိုဖြစ်သူနှင့်အတူ ပြုလုပ်ဆော့ကစားခဲ့သည့် ကစားစရာတစ်မျိုးကို အခြေခံပြီး ဖန်တီးထားခဲ့ခြင်းဖြစ်သည်ဟု ဟက်ဆာနီက ဆိုသည်။ လူဦးရေ ၂၆ သန်း ရှိသော အာဖဂန်တွင် မြေမြှုပ်မိုင်းအရေအတွက်မှာ ၁၀ သန်းမှ သန်း ၃၀ အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။
ပုံမှန်အားဖြင့် မိုင်းရှင်းလင်းရေးသည် ကုန်ကျစရိတ်များပြီး အန္တရာယ်ရှိသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ စစ်ဘက်တွင် စက်ရုပ်များသုံးပြီး မိုင်းရှင်းလင်းရေးကို လုပ်လေ့ရှိကြသော်လည်း များသောအားဖြင့် စစ်သားများကသာ မိုင်းရှင်းရလေ့ရှိပြီး အသေအပျောက် ဖြစ်နိုင်သည်အထိ အန္တရာယ်ကြီးသော ကိစ္စဖြစ်သည်။
Dutch Explosive Disposal Ordnance တပ်ဖွဲ့နှင့် ပူးပေါင်းကာ သူ၏ မိုင်းရှင်းကိရိယာကို မော်ရိုကို ကန္တာရအတွင်း စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ စမ်းသပ်မှုများအရ အသုံးဝင်ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့ရသော်လည်း စစ်ဘက်တွင်သုံးရန်မူ သင့်တော်သည့် အနေအထားတွင် မရှိသေးဘဲ ထပ်မံလေ့လာ မွမ်းမံမှုများလုပ်ရန် လိုအပ်နေဆဲဖြစ်သည်။
Ref;Daily Mail 

http://www.news-eleven.com/index.php?option=com_content&view=article&id=16197:2012-10-29-05-44-44&catid=76:miscellanous&Itemid=145

No comments:

Post a Comment