Thursday 21 February 2013

ဂွမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးကြည်သာအမေးနှင့် ဦးထင်အောင်(ဒုတိယဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန) အဖြေ

Fri, 02/22/2013 - 10:31
မေးခွန်း အကြောင်းအရာ
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ရဲ့ ဘတ်ဂျက်ကို ရေးဆွဲနေသည့်အချိန်ဖြစ်သည့်အတွက် နိုင်ငံတော်က တင်ပြထားသော ဘတ်ဂျက်၏ နောက်ဆက်တွဲ ၃ ဇယား ၅၉ မှာ ဖော်ပြထားသည့် ကိန်းဂဏန်းကိုကြည့်ရင် ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ဓာတ်ဆီ ဂါလန်ပေါင်း ၁၃၁.၆၉၆ သန်း ထုတ်လုပ်မယ်လို့ လျာထားပြီး၊ ၂၀၁၃- ၂၀၁၄ မှာ ဂါလန်သန်းပေါင်း ၇၀၈ သန်းခန့်သာ လျော့ပြီး ထုတ်သည့် အတွက်ေ ကြာင့် ပြောင်းလဲ မှုရာနှုန်းဖြင့် ၄၀.၄ ရာနှုန်း လျော့နည်း ထုတ်မယ်လို့ နောက်ဆက်တွဲ ၃ မှာ အတိအကျဖော်ပြထားပါသည်။

အလားတူ ဒီဇယ်ထုတ်လုပ်မှုမှာ ၂၀၁၂-၂၀၁၃ မှာ သန်းပေါင်း ၄၉.၇၉၉ သန်းကနေ ၂၀၁၃-၂၀၁၄ မှာ ၄၂.၁၉၉ သန်းသို့ ပြောင်းလဲတဲ့အတွက်ကြောင့် ပြောင်းလဲမှု ၁၅.၅ ရာခိုင်နှုန်း လျှော့ပြီး ထုတ်လုပ်မယ် ဆိုပြီးရေးသားထားပါသည်။ ဒီနေ့နိုင်ငံတော်က မော်တော်ကား ထုတ်လုပ်မှုနှုန်းဟာ ၂၀၁၂-၂၀၁၃ မှာ ထုတ်လုပ်တဲ့စီးရေ ၁၄၇၃၀ ကနေ ၂၀၁၃-၂၀၁၄ မှာ ၁၀၄၅၀ ခု ၂၉ ရာခိုင်နှုန်းအထိ လျှော့ သွား တာတွေ့ရပါတယ်။

 မော်တော်ယာဉ်တင်သွင်းမှုဟာ ပဉ္စမကာလတို ၅ နှစ်စီမံကိန်းရဲ့ ဇယား ၈၅ မှာ ဖော်ပြထားတာက ၂၀၁၁-၂၀၁၂ မှာ လူတစ်ထောင်မှာ ကား ၆.၅ စီးထိရှိတယ်။ အကြမ်းအားဖြင့် စီးရေပေါင်း ၃၉၀၀၀၀ လောက်ရှိတယ်။ ဒီနေ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ မော်တော်ကားစီးရေ ၄၅၀၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ လူဦးရေ သန်း ၆၁၀ နှင့်စားကြည့်‌ရင် လူတစ်ထောင်မှာ ၇.၅ စီးနှုန်းဖြစ်ပါတယ်။ ပဉ္စမ ကာလတို ၅ နှစ်စီမံကိန်းရဲ့ ဇယား ၈၅ မှာ ပြတဲ့အတိုင်းပဲ ၂၀၁၅-၂၀၁၆ မှာ လူတစ်ထောင်မှာ ၁၃ စီးအထိ ဖြစ်လာရင် မော်တော်ကား စီးရေ ၇၈၀၀၀၀ ဖြစ်လာမှာပါ။ အဲ့ဒီတော့ တစ်ဘက်မှာ ထုတ်လုပ်မှု ကျသွားတယ်။ မော်တော်ကားတွေမှာသုံးတဲ့ ဒီဇယ်၊ ဓာတ်ဆီလိုတယ်။

 ဒါပေမယ့် မော်တော်ကားစီးရေတွေ အရမ်းများလာပါတယ်။ ဒီနေ့ မြန်မာနိုင်ငံကို အလုံးအရင်းနဲ့ မော်တော် ကားတွေ ဝင်ရောက်လာတာကိုတွေ့ရပါတယ်။ ဒီနေ့မှာ မော်တော်ကားအများအပြားဟာ ကိုယ်ပိုင်စီး ယာဉ်တွေပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့လို မြို့ကြီးတစ်မြို့မှာ ကိုယ်ပိုင်မော်တော်ကားနှင့် ခရီး သွားလို့ရှိရင် လူ တစ်ယောက်တစ်မိုင်သွားဖို့အတွက် BTU ၃၆၇၁  BTU သုံးရပြီးတော့ city bus လို့ခေါ်တဲ့ အများပြည်သူသုံး ဘတ်စ်နဲ့သွားမယ်ဆိုရင် BTU ၈၁၆ BTU ခန့်သာကျတဲ့အတွက်ကြောင့် ကိုယ်ပိုင်မော်တော် ကားနှင့် ခရီး သွားခြင်းဟာ ဘတ်စ်ကားနှင့်သွားတာထက် ဆီ ၄.၅ ဆပိုပြီးတော့ များတယ် ဆိုပြီးတော့ နိုင်ငံတကာ သုတေ သနတွေ ပြုလုပ်ထားတာတွေ့ရပါတယ်။ ကျွန်တော် ယခုလို ဆွေးနွေးခြင်းဟာ နိုင်ငံမှာ ကားစီးရေများလာတယ်။

 Mass Repaid Transit ခေါ်တဲ့ MRT System လို့ မရှိသေးဘူး။ အဲ့ဒီတော့ ဆီသုံးစွဲမှုဟာ ပိုများလာတယ်။ ဒါပေ မယ့် ကာလတို ၅ နှစ်စီမံကိန်း ကျွန်တော်တို့ ဆီကို တင်ထားတာကိုကြည့်‌လိုက်ရင် ဒီဇယ်နှင့်ဓာတ်ဆီ ထုတ် လုပ်မှုဟာ ၂၀၁၂-၂၀၁၃ ကထက် တစ်ဖြည်းဖြည်းလျှော့ကျသွားတာတွေ့ရပါတယ်။ တစ်ဘက်က ကဏ္ဍတွေ တိုးတက်အောင် လုပ်လာတယ်။ တစ်ဘက်မှာ ထုတ်လုပ်မှုက လျော့ကျသွားတယ်။ ဒီနှစ်ခုဟာ ဆန့်ကျင် ဘက်ဖြစ်နေတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့နိုင်ငံဟာ ဒီဇယ်၊ ဓာတ်ဆီဆိုတာလည်း တွင်းထဲက ထွက်တဲ့ ရေနံစိမ်းကို ချက်ရတာ သူကိုပိုထုတ်ပါလို့ပြောလို့မရဘူး။ ရှိသလောက်ပဲထုတ်ပြီးတော့ ဒီဇယ်၊ ဓာတ်ဆီ ချက်ရပါတယ်။ အဲဒီတော့ ဒီနေ့ နိုင်ငံခြားကအမြောက်အမြားတင်သွင်းနေရတယ်။ မှောင်ခိုတောင် တင်သွင်းနေရတယ်။ မှောင်ခိုတင်သွင်းသွင်း၊ တရားဝင်ဝယ်ဝယ် ကျွန်တော်တို့နိုင်ငံက ပိုက်ဆံတွေဟာ Cut Flow အနေနဲ့ နိုင်ငံခြားကို ထွက်သွားပါတယ်။

 အဲ့ဒီတော့ ဘယ်ကဲ့သို့ စွမ်းအင် Security ကို ဘယ်လိုလုပ်ထားလဲဆိုတာကို သိချင်ပါတယ်။ အကယ်၍ ကျွန်တော်တို့ရဲ့ စွမ်းအင်သုံးစွဲမှုဟာ နိုင်ငံခြားအပေါ်မှာ အရမ်းမှီတင်းနေရင် တိုင်းပြည်တစ်ပြည်နဲ့ စစ်ဖြစ်လို့ရှိ ရင် စွမ်းအင်လမ်းကြောင်း ကို ဖြတ်ပိတ်လိုက်ရင် ဘာမှ Security မရှိပါဘူး။ ဒီနေ့ နိုင်ငံကထုတ်တဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီဟာ အလွန် နည်းပါးတယ်။ ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ တစ်ဖြည်းဖြည်း လျှော့ကျသွားတဲ့ ဒီဇယ်၊ ဓာတ်ဆီ တစ်ဘက်က သုံးစွဲမှုရှိလာတဲ့ ယာဉ်၊ ရထားတွေ ဒီကိစ္စတွေအပေါ်မှာ မည်ကဲ့သို့သော Energy Security Plan ဟာ ဆောင်ရွက်ထားပါသလဲ ဆိုတဲ့ မေးခွန်းဖြစ် ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
---------------- 
ဖြေကြားချက်
လက်ရှိနိုင်ငံတော်ရဲ့ ပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍနှင့် အခြား စက်မှုကဏ္ဍတွေ အတွက် စက်မောင်းဆီနှင့် သဘာဝဓာတ်ငွေ့ကို စွမ်းအင်ဝန်ကြီးဌာနက ထုတ်လုပ်မှု အပေါ်မူ တည်ပြီး ဖြန့်ဖြူးပေးလျက် ရှိပါတယ်။ လက်ရှိ ပြည်တွင်းထုတ်လုပ် ဖြည့်ဆည်းမှုဟာ တစ်နေ့ကို ရေနံစိမ်းစည် ၂၀၀၀၀ ခန့်နဲ့ သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၆၄ သန်းခန့်ရှိပါတယ်။ လက်ရှိ ပြည်တွင်းစွမ်းအင် လိုအပ် ချက်ဟာ တစ်နေ့ကို ရေနံစိမ်းစည် ၆၀၀၀၀ နဲ့ညီမျှတဲ့ စက်သုံးဆီပမာဏ (Barrel of Oil Equivalent –BOE)နဲ့ သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ မှ ၆၀၀ ခန့်အထိ  ရှိပါ တယ်။

 မြန်မာနိုင်ငံရဲ့ အနာဂတ်ကာလ အတွက် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက်များကို ခန့်မှန်းတွက် ချက်ရာမှာ လူမှုစီးပွားစံများ (Socio Economic Indicators) ဖြစ်တဲ့ GDP တိုးတက်မှု နှုန်း၊ လူဦးရေတိုးတက် မှုနှုန်း၊ စက်မှုကဏ္ဍတိုးတက်မှု အခြေ အနေများ၊ လယ်ယာကဏ္ဍတိုးမြှင့်မှု အခြေအနေများစတဲ့ စံနှုန်း (Standards) များအပေါ်မှာ အခြေခံပြီး ခန့်မှန်းတွက်ချက်တာဖြစ်တဲ့ အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အ ထိ ရေနံစိမ်းလိုအပ်ချက်ဟာ နှစ်စဉ်တိုးတက်မှု ၇.၃ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက် ဟာ နှစ်စဉ် တိုးတက်မှုနှုန်း ၄.၅ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းတွက်ချက် ရရှိပါတယ်။ စွမ်းအင်လိုအပ်ချက်ဟာ နိုင်ငံတကာ တွက်ချက်မှုများအရ GDP ရဲ့ ၁.၅ ဆခန့် သုံးစွဲရ တယ်လို့ လေ့လာသိရှိရပါတယ်။

ဒါကြောင့် ဦးကြည်သာရဲ့မေးခွန်းမှာဖော်ပြထားတဲ့ မိမိတို့နိုင်ငံ အနေနဲ့ ကာလတိုငါးနှစ်အတွင်းမှာပင် စွမ်းအင်သုံးစွဲမှု တိုးတက်လာမယ်ဆိုတာ အမှန်ပင်ဖြစ်ပါတယ်။ အဲ့ဒီလို  လိုအပ်ချက်တွေကို အမြန်ဆုံးဖြည့် ဆည်းနိုင်ဖို့အတွက် စွမ်းအင်ဝန်ကြီးဌာနဟာ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၁ ခုနှစ်က ကုန်းတွင်းပိုင်းမှာရှိတဲ့ လစ်လပ်လုပ်ကွက်တွေမှာ နိုင်ငံတကာရေနံကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းပြီး ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်ချုပ်ဆိုကာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ဖို့ ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ တင်ဒါ ခေါ်ယူခဲ့ပြီး ယခုအခါ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိ တဲ့ကုမ္ပဏီများ က ရေနံရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း ကုန်းတွင်းပိုင်း လုပ်ကွက် ၁၈ ကွက်မှာ နိုင်ငံတကာရေနံ ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ဖို့ ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာတင်ဒါခေါ်ယူခဲ့ပြီးလည်း ဖြစ်ပါ တယ်။ မကြာမီကာလမှာ လစ်လပ်နေတဲ့ ကမ်းလွန်လုပ် ကွက်အချို့ကိုလည်း ပထမအကြိမ် အပြည်ပြည် ဆိုင်ရာတင်ဒါခေါ်ယူဖို့ဆောင်ရွက်လျက်ရှိပါတယ်။

စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ စက်သုံးဆီဖြန့်ဖြူးဖို့ ကို ၂၀၁၀ ခုနှစ် ဇွန်လမှ စပြီးတော့ နိုင်ငံတော်ပိုင်ကဏ္ဍ အတွက်ကိုသာ တာဝန်ယူဖြန့်ဖြူးပြီး ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်စေဖို့ ပုဂ္ဂလိကကုမ္ပဏီများကို စက်သုံး ဆီဖြန့်ဖြူးရောင်းချခွင့်ပြုခဲ့ပါတယ်။ အရောင်းဆိုင်အသစ်များ ကိုလည်း ဖွင့်လှစ်ရောင်းချခွင့်ပေး ခဲ့ပြီးတော့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း MPTA ရဲ့ ကြီးကြပ်မှု၊ ဆောင်ရွက် မှုနဲ့ စက်သုံးဆီ ပိုမိုတင်သွင်းဖြန့်ဖြူး ရောင်းချနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါတယ်။

ချက်ပြုတ်ရေးလုပ်ငန်းများမှာ အသုံးအများဆုံး ဖြစ်တဲ့ ထင်းမီးသွေး အစားထိုးနိုင်ဖို့အတွက် ရေနံဓာတ်ငွေ့ ရည် LPG တင်သွင်းသိုလှောင်ဖြန့်ဖြူး ရောင်းချတဲ့ လုပ်ငန်းများ ဆောင်ရွက်ဖို့ ရေနံဓာတ်ငွေ့ရည် အရောင်း ဆိုင်သစ် သိုလှောင်ကန်အပါအဝင်တည်ဆောက်ဖို့၊ ရေနံဓာတ်ငွေ့ရည်စခန်းအသစ်များနှင့် ရေနံဓာတ်ငွေ့ ရည်ဆိပ်ကမ်းအသစ်တွေ တည်ဆောက်ဖွင့်လှစ်ဖို့ အဆိုပြုလွှာတွေကို နေ့စဉ်ထုတ် သတင်းစာများမှာ ၃-၂-၂၀၁၃ ရက်နေ့မှာ ထည့်သွင်းကြော်ငြာခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ပုဂ္ဂလိက ကုမ္ပဏီအဖွဲ့အစည်း ၅ ခုကို ခွင့်ပြုမိန့်လိုင်စင်များ ထုတ်ပေးနိုင်ခဲ့ပြီးဖြစ် လို့ ပြည်နယ်နှင့်တိုင်းဒေသကြီးမှာ LPG တင်သွင်းဖြုန့်ဖြူး တဲ့လုပ်ငန်းများ စနစ်တကျလုပ်ကိုင် လျက် ရှိနေပြီ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့လိုအပ်တဲ့ စက်မောင်းဆီ (Liquid Fuel) ပြည်ပမှတင်သွင်းရ မှုလျှော့ ချရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက်အကူဖြစ်စေတဲ့ အစားထိုးလောင်စာ သုံးစွဲရေးနှင့်စပ်လျဉ်း၍ ဓာတ်ဆီနှင့် ဒီဇယ်ဆီသုံး မော်တော်ယာဉ်များကို CNG သုံးမော်တော်ယာဉ်များ အဖြစ်ပြောင်းလဲပေးခဲ့ရာမှာ လက်ရှိအခြေအနေ မှာ မော်တော်ယာဉ် ၂၇၄၇၂ စီး ပြောင်းလဲအသုံးပြုနေပြီး CNG ၄၆ ဆိုင် ဖွင့်လှစ်ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါတယ်။

 ပြည်တွင်းအသုံးပြုဖို့အတွက် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု အခြေအနေအရ CNG အရောင်းဆိုင်နှင့် CNG သုံးမော်တော်ယာဉ်ထပ်မံခွင့်ပြုနိုင်ခြင်းမရှိသေးပေမယ်။ နောက်ထပ် ကုန်းတွင်းသဘာဝဓာတ်ငွေ့ မြေ အသစ်များ ထပ်မံတွေ့ရှိလာတဲ့အခါမှာ ထုတ်လုပ်နိုင်မယ့် ပမာဏပေါ် မူတည်ပြီး စီံမံဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။

စွမ်းအင်ဝန်ကြီးဌာနဟာ နိုင်ငံတော်ရဲ့လိုအပ်တဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့စွမ်းအင်ကို ပြည့်မီအောင် ဖြည့်ဆည်း ပေးနိုင်ဖို့အတွက် နည်းလမ်း ပေါင်းစုံနဲ့ ရှာဖွေကြိုးပမ်းဆောင်ရွက်လျက်ရှိသလို စွမ်းအင်ခြိုးခြံချွေတာရေးနှင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးကိုလည်း အဓိကထားဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ပြန်ပြည့်မြဲ စွမ်းအင် များဖြစ်တဲ့ လေအား၊ ရေအား၊ နေရောင်ခြည်အား ဘူမိအပူစွမ်းအားစတာတွေကိုလည်း ပိုမို ကျယ်ပြန့်စွာ အ သုံးပြုကြရန် လိုအပ်လျက်ရှိပါတယ်။ ဒါ့အပြင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးက မိမိတို့ဒေသအတွင်း ရရှိနိုင်မယ့် စွမ်းအင်အရင်းအမြစ်တွေကို အခြေခံကာ ဒေသတွင်းစွမ်းအင်ဖူလုံ စေရေးအတွက် နည်းလမ်း များရှာဖွေဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံရဲ့ ထင်းသုံးစွဲမှု ၇၀ ရာခိုင်နှုန်းကျော်ဟာ သဘာဝတောများက ထုတ်ယူသုံးစွဲတာဖြစ်ပြီး ထင်းမီးေ သွးထုတ်လုပ်မှုပမာဏ ကို လေ့လာပါက လူဦးရေတိုးပွားလာမှုကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြီးထုတ် လုပ်သုံးစွဲမှုများပြား လာကြောင်းတွေ့ရှိရပါတယ်။ ပြည်သူများ ထမင်းဟင်းချက်ရာမှာ ထင်းမီးသွေးကို ရာခို င်နှုန်းအများ အပြားအသုံးပြုလျက်ရှိနေပြီး သစ်တောများ နှစ်စဉ်လျော့ပါးလာမှုအပေါ် ပတ်ဝန်းကျင်ထိန်း သိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာနက သစ်တောပြုန်းတီးမှုများလျော့ပါးလာစေဖို့နှင့် အစားထိုး စိုက် ပျိုးဖို့ စီမံဆောင်ရွက်ထားမှုအခြေအနေတွေကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနဟာ ထင်းအလွန်အကျွံခုတ်ယူသုံးစွဲမှုများကြောင့် သစ်တောများပြုန်းတီးမှု မဖြစ်စေရေး အတွက်ကြိုးပမ်းနေတဲ့အပြင် သစ်တောပြုန်းတီးမှုများ လျော့ပါးလာစေဖို့နဲ့ အစားထိုးစိုက်ပျိုးနိုင်ဖို့ စီမံဆောင် ရွက်လျက်လည်းရှိပါတယ်။

  ၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁  ခုနှစ်ကာလအတွင်း အမျိုးသား သစ်တောကဏ္ဍပင်မစီမံကိန်းမှာ ထင်းလောင်စာစွမ်းအင်နဲ့ ပတ်သက်တဲ့ သီးခြားအခန်းတစ်ခု ပါဝင် ရေးဆွဲထားပြီး ထင်းမီးသွေးသုံးစွဲမှုကို ၂၀၂၀ ခုနှစ်မှာ ၅၈ ရာခိုင်နှုန်းနဲ့ ၂၀၃၀ ခုနှစ်မှာ ၄၆ ရာခိုင်နှုန်း အထိ လျော့ချသွားဖို့ ရည်မှန်းဆောင်ရွက် လျက်ရှိပါတယ်။ မြန်မာနိုင်ငံထင်းမီးသွေးထုတ်လုပ်မှုကို အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်း ၅ နှစ် စီမံကိန်းများနှင့် ထိန်းညှိထားပြီး ကုန်သွယ်ရေးအတွက် သင့်တင့်တဲ့ ပမာဏကို သာစိစစ်ခွင့်ပြုပေး လျက် ရှိပါတယ်။ ကျေးလက်နေပြည်သူလူထုများအတွက် လည်း ကိုယ်ပိုင်သုံးရန်အတွက် ထင်းထုတ်ယူ ခွင့်ပြုထား ပါတယ်။
သစ်တောဦးစီးဌာနအနေနဲ့ တိုးပွားလာတဲ့ လူဦးရေနှင့်အညီနေ့စဉ်သုံး စွဲနေသော လောင်စာလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ သဘာဝသစ်တောများမှ ထုတ်ယူသုံးစွဲမှုလျော့နည်း လာစေဖို့အ တွက် ကျေး ရွာသုံးထင်းစိုက်ခင်းများကို တည်ထောင်ထားရှိပြီး အဲ့ဒီစိုက်ခင်းများအနက်မှ ၅ နှစ်ပြည့်တဲ့ ကျေးရွာသုံးစိုက် ခင်းစုစုပေါင်း ၄၆၃၂၁ ဧကကို ကျေးရွာများသို့ လွှဲပြောင်းပေးပြီးလည်းဖြစ် ပါတယ်။ ကျေးရွာသုံးထင်းစိုက် ခင်းများက ထွက်ရှိ လာတဲ့ ထင်းများကိုလည်း ကျေးလက်နေပြည်သူများသို့ ဝေငှပေးတဲ့လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထင်း၊ တိုင်၊ မျောရရှိဖို့အတွက် ပြည်သူလူထုမှ ကိုယ်တိုင်စိုက်ပျိုး ပြုစုစီမံအုပ်ချုပ်တဲ့ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတွေကိုလည်း တည်ထောင်လျက် ရှိပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ၁၁၇၀၆၄ ဧကကို ကျေးရွာပေါင်း ၇၂၁ ရွာရှိ အသုံးပြုသူများ အဖွဲ့ဝင်ဦးရေ ၂၉၉၈၅ ဦးက စီမံအုပ်ချုပ်အသုံးပြု လျက်ရှိ ပါတယ်။ ထို့အတူပဲ ကျေးလက်နေပြည်သူတွေရဲ့ ကျေးလက်အိမ်ရာ တည်ထောင်ရေးနဲ့ အခြေခံလိုအပ်ချက် များ ဖြည့်ဆည်းပေးဖို့အတွက် ၂၀၀၈-၂၀၀၉ ခုနှစ်မှစပြီး တစ်အိမ်ထောင် သစ်မာ ၂၀ ပင်နှင့် တစ်ရွာ တစ် ဧက ကျေးရွာပိုင်စိုက်ခင်းများစတင်တည်ထောင် စိုက်ပျိုးခဲ့ရာ ၂၀၁၂-၂၀၁၃ ခုနှစ်အထိ သစ်မာပင်ပေါင်း ၂.၁ သန်းနှင့် စိုက်ခင်းဧကပေါင်း ၁၃၄၆၈ ဧက တည်ထောင်ပြီး ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှစ၍ တစ်ရွာတစ် ဧက ကျေးရွာပိုင်စိုက်ခင်းများက ပင်ကျပ်နှုတ်ခြင်း၊ ကိုင်းချိုင်ခြင်းတို့မှ ထင်းလိုအပ်ချက် ကို ဖြည့်ဆည်းေ ပးနိုင်မှာ ဖြစ်ပါတယ်။
  
  ထို့အတူပဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အပူပိုင်းဒေသ စိမ်းလန်း စိုပြေေ ရးဦးစီးဌာနအနေနဲ့လည်း ၁၉၉၇-၁၉၉၈ ခုနှစ်မှ ယနေ့ကာလအထိ စွမ်းအင်မြှင့်မီးဖို ၄၈၁၃၉၇ လုံး ဖြန့်ဖြူးေ ပးနိုင်ခဲ့ပြီး ထင်းအစားအခြားလောင်စာ တောင့် ၂.၄ သန်း ဖြန့်ဖြူးနိုင်ဖို့လည်း စီစဉ်ဆောင်ရွက် လျက်ရှိပါ တယ်။ နှမ်းရိုး၊ ပဲရိုး၊ ဝါဂွမ်းရိုး၊ မြေပဲခွံစတဲ့ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတန် ၂ သိန်းကျော်ကိုလည်း ထင်းအစား ထိုးလောင်စာအဖြစ် အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ကျေးလက် မီးလင်းရေးနှင့် အိမ်သုံးစွမ်းအင် ရရှိနိုင်စေဖို့ ရည်ရွယ်ပြီး ဇီဝဓာတ်ငွေ့စွမ်းအင်ကို သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနကလည်းကောင်း၊ ဇီဝဒြပ် ထုနှင့် ဇီဝလောင်စာကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးေ ရးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက လည်းကောင်း၊ လေအားနှင့် နေရောင်ခြည် စွမ်းအင်တို့ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်တာနှင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနများနှင့် Independent Power Producer များကလည်း ကောင်း၊ ရုပ်ကြွင်းလောင်စာနေရာမှာ ပြန်ပြည့်မြဲစွမ်းအင်နဲ့ အစားထိုးအသုံးပြုနိုင်ဖို့အတွက် အသီးသီး တာဝန်ယူဆောင်ရွက်နေကြပါတယ်။

 ဒါ့အပြင် အားလုံးသိကြ တဲ့အတိုင်းပါပဲ ၉-၁-၂၀၁၃ ရက်နေ့မှာ နိုင်ငံတော်စွမ်းအင်ကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ဒုတိယသမ္မတဦးဆောင်တဲ့ အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီက စွမ်းအင်ကဏ္ဍအားလုံးနဲ့ အကျုံးဝင်တဲ့ ကိစ္စရပ်တွေကို ကြီးကြပ်ကွပ်ကဲဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီကော်မတီအနေနဲ့ အမျိုးသားစွမ်း အင် မူဝါဒ အမြန်ဆုံးရေးဆွဲနိုင်ဖို့၊ စွမ်းအင် ကဏ္ဍနှင့်လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့နှင့် အပြန်အလှန်အချိတ် အဆက်မိစေဖို့ ဆောင်ရွက်မယ့်အပြင် ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေမှာ နိုင်ငံတော်ရဲ့ လတ်တေ လာကြုံတွေ့ရင်ဆိုင်နေရတဲ့ အကြပ်အတည်းသာမက ရေရှည်နှစ်ပေါင်းများစွာ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ဘဝကိုပါ လွှမ်းခြုံစေ နိုင်မယ့် အမျိုးသားစွမ်းအင်လုံခြုံရေးမဟာဗျူဟာ (National Energy Security Strategy) တစ်ရပ် ကို ရေးဆွဲအကောင်အထည်ဖော်ဖို့ဆိုတဲ့ အချက်တစ်ချက်ကို ထည့်သွင်းရေးဆွဲထားပြီး အဆင့်လိုက် အကောင်အထည်ဖော်လျက်ရှိပါတယ်။

 ယခုအခါ အမျိုးသားစွမ်းအင်မူဝါဒ အမြန်ဆုံးရေးဆွဲနိုင်ရေး စတင်ဆောင်ရွက်လျက်ရှိနေပြီဖြစ် ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။ ဒါ့အပြင် ဦးကြည်သာ၊ ဂွမဲဆန္ဒနယ်ကမေးသွားတဲ့ ရေနံနှင့် သဘာ ဝဓာတ်ငွေ့ကိစ္စနှင့်ပတ်သက်ပြီး ဓာတ်ဆီ၊ ဒီဇယ်ဟာလည်း ကျွန်တော်တို့ အမျိုးသားစီမံကိန်းထဲမှာထည့်‌ ထားတာကတော့ လက်ရှိအခြေအနေပေါ်မှာ ရရှိနိုင်မယ့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့အခြေအနေပေါ် မှာမူ တည်ပြီးတော့ ထုတ်လုပ်နိုင်မယ့် အနေအထားကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ရှင်းပြတဲ့ အထဲမှာလည်း စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ နောက်ထပ်လိုအပ်လာတဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ဒီဇယ်၊ ဓာတ်ဆီ၊ အခြားရေနံထွက်ပစ္စည်းတွေ ဖြည့်ဆည်းနိုင်ဖို့အတွက်လည်း နိုင်ငံခြားရေနံကုမ္ပဏီတွေနဲ့ ရှာဖွေ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွေ ကို ဆောင်ရွက်လျက်ရှိပါတယ်။

 အဲ့ဒီကနေထွက်လာလို့ရှိရင်တော့ ထပ်မံဖြည့်ဆည်းနိုင်မယ့် အနေအထား ရှိပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ရဲ့ ထုတ်လုပ်နေတဲ့ ကုန်းတွင်းပိုင်းရေနံမြေတွေ ကလည်း ကျွန်တော်တို့ နှစ်ကြာလာတာနှ င့်အ မျှ Declime ဖြစ်လာတဲ့အတွက်ထုတ်လုပ်မှုလည်း ကျဆင်းနေပါတယ်။ ကျွန်တော်ခုနကတုန်းကလည်း ရှင်းပြ တဲ့အထဲမှာလည်း ပါပါတယ်။

တိုင်းပြည်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တာ အပြည့်အဝဖြည့်ဆည်းနိုင်ခြင်းမရှိသေးပါဘူး။ Declime ကောက် အရဆိုရင် ကျသွားနိုင်မယ့်အနေအထားဖြစ်တဲ့အတွက် အဲ့ဒါကို ပြန်လည်ကာမိစေ ဖို့အ တွက် အခု နိုင်ငံခြားရေနံကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ရှာဖွေတူးဖော်ခြင်းလုပ်ငန်း များ ကို ဆောင်ရွက်လျက် ရှိပါတယ်။ နောက်တစ်ခုကလည်း ဦးကြည်သာကပြောတယ် စွမ်းအင်ဝန်ကြီးဌာနက ဒုတိယဝန်ကြီး လာဖြေတဲ့အတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကိုပဲ မေးမယ်လို့ သူကပြောသွား ပါတယ်။

ကျွန်တော်တို့ စွမ်းအင်ဝန်ကြီးဌာနဟာ မြန်မာနိုင်ငံ နိုင်ငံတကာရေနံနှင့်ပတ်သက်လို့ စွမ်းအင် ပတ်သက်ြ ပီးတော့ ပူးပေါင်းဆောင်ရွက်နေတဲ့ Focal Point တစ်ခုလည်း ဖြစ်ပါတယ်။ နောက်တစ်ခါ မကြာခင်ကဖွဲ့စည်း ခဲ့တဲ့ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီမှာလည်း ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်ပြီးေ တာ့ ကျွန်တော်က အတွင်းရေးမှူးအဖြစ်ဆောင်ရွက်လျက်ရှိတဲ့အတွက် Energy Security နှင့်ပတ် သက်ပြီးေ တာ့လည်း အလေးထားပြီးတော့နိုင်ငံတော်အတွက် လိုအပ်တဲ့ ကိစ္စရပ်ဖြစ်တဲ့အ တွက် ဆောင်ရွက်နေတြာ ဖစ်ကြောင်းကို ဖြေကြားခြင်းဖြစ်ပါကြောင်း တင်ပြအပ်ပါ တယ်။

         

ဦးကြည်သာ(ဂွမဲဆန္ဒနယ်)။       ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် မူလ မေးစဉ်က ထင်းလောင်စာဆီကိစ္စလည်းထည့်မေးပါတယ်။ ဒီနေ့ မပြောရခြင်းကတော့ မနေ့က အမျိုးသားလွှတ်ေ တ်ာမှာ ဦးမျိုးမြင့်က ထင်းလောင်စာအစား ရေနံဆီသုံးစွဲဖို့ကိစ္စကို အဆိုတင်သွင်း ပြီးတော့ အကျေအ လည် ဆွေးနွေးသွားပြီး ဖြစ်တဲ့အတွက်ကြောင့်‌ ကျွန်တော်မူလထည့်သွင်းရေးထားတဲ့ ထင်းလောင်စာ အကြောင်း မဆွေးနွေးခြင်းဖြစ်ပါတယ်။

 တစ်ဆက်တစ်စပ်တည်း စွမ်းအင်ဝန်ကြီးဌာနက အမျိုးသားစွမ်းအင်ကော်မတီမှာ Focal Point အနေနဲ့ ဆောင်ရွက်တဲ့အတွက်ကြောင့် တစ်ဆက်တည်း မေးခွန်းတစ်ခုမေးချင်ပါတယ်။ အဲ့ဒါဘာလဲဆိုတော့ တချို့တိုင်းပြည် အထူးသဖြင့် အိန္ဒိယမှာ ကိုယ်ပိုင်ကားတွေသုံးတဲ့ ဓာတ်ဆီက ဈေးကြီးပါတယ်။ အများပြည်သူတွေသုံးတဲ့ ကုန်ကားတို့၊ သ‌င်္ဘော တို့၊ မီးရထားတို့သုံးတဲ့ဒီဇယ်ဆီကို အစိုးရက suspensory လုပ်ပြီးတော့ ဈေးလျှော့ပါတယ်။ အဲ့ဒီလို လုပ်တဲ့ ရည်ရွယ်ချက်က ကုန်စည်ပို့ဆောင် မှုဈေးကျအောင်ဖြစ်ပါ တယ်။ အဲ့တော့ ကော်မတီမှာ အတွင်းရေးမှူးဖြစ်တဲ့ ဒုတိယဝန်ကြီးကို ကြုံလို့မေးချင်တာ က မြန်မာနိုင်ငံ မှာကော ဒီလိုကုန်ဈေးနှုန်း သယ်ယူပို့ဆောင်ရေးကျဆင်းအောင် ဒီဇယ်ကို အများပြည်သူနဲ့ပတ် သက်တဲ့လုပ် ငန်းတွေ သုံးတဲ့ အတွက်ကြောင့် Government ဆပ်စပက်ဆီ  လုပ်မယ့်အစီအစဉ်ရှိပါသလားဆိုတဲ့ မေးခွန်းကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် ထပ်မံမေးခြင်းဖြစ်ပါတယ်ခင်ဗျား။ အားလုံးကျေးဇူးတင်ပါတယ်။

         

ဦးထင်အောင်(ဒုတိယဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန)။                  ။ ကျွန်တော်တို့ လောလောဆယ် သွားနေတဲ့ Trent ကတော့ အရင်ကတည်းက ဒီမိုကရေစီနိုင်ငံတော်ဖြစ်လာတဲ့အချိန်ကျလို့ရှိရင် အားလုံးက Public Private Partnership အနေနဲ့ ပြည်သူတွေအပိုင်းကလည်း သူ့အပိုင်းနဲ့သူ Logo Entrepreneur  တွေ ကတာဝန်ယူတဲ့ အပိုင်းအနေနဲ့ ၂၀၁၀ ခုနှစ် ဇူလိုင်လကနေစပြီးတော့ နိုင်ငံတော် ရဲ့ အစီအမံနဲ့ စွမ်းအင် ဝန်ကြီးဌာနအောက်မှာရှိတဲ့ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရဲ့ ဆိုင်ပေါင်း ၂၆၁ ဆိုင်ကို ပုဂ္ဂ လိကကို လွှဲပြောင်းပေးခဲ့ရပါတယ်။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရဲ့ အစီအစဉ်နဲ့ ပြည်ထောင်စု အစိုးရ ကို မြန်မာနိုင်ငံပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူဆုံးဖြတ်ချက် နဲ့ လွှဲပြောင်းပေးခဲ့ရခြင်း ဖြစ်ပါတယ်။

အဲ့ဒါက ဘာလဲဆိုရင် ကျွန်တော်တို့က အရင်တုန်းကတော့ စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံတော်အပိုင်းကော၊ ပုဂ္ဂလိကအပိုင်းရော ပြည်ပမှကနေတင်သွင်းတယ်၊ ပြည်တွင်းကနေထုတ်လုပ်တယ်။ နှစ်မျိုးရောင်းချပေးပါတယ်။ ရောင်းချပေးတဲ့အခါမှာလည်း အရင်တုန်းကတော့ subsidize Price နဲ့ ရောင်းချခဲ့ပါတယ်။ ရောင်းချတဲ့အခါမှာလည်း နိုင်ငံတော် က အရှုံးေ တ်ာတော်ခံခဲ့ရပါတယ်။

အရှုံးခံလာရတဲ့အလျှောက် တစ်ဖြည်းဖြည်းနဲ့ ဒီမိုကရေစီဖြစ်လာလို့ ရှိရင်တော့ ပြည်သူတွေ လွတ်လွတ် လပ်လပ်နဲ့လုပ်ကိုင်နိုင်မယ့် ရည်ရွယ်ချက်နဲ့ တဖြည်းဖြည်းနဲ့ ဆိုင်ပေါင်း ၂၆၁ ဆိုင်ကို ပုဂ္ဂလိကကို လွှဲပြောင်းပေးခဲ့ပြီးတော့ ဒီပုဂ္ဂလိကကို လွတ်လွတ်လပ်လပ်နဲ့ တင်သွင်းရောင်းချစေခဲ့ပါတယ်။

အဲ့ဒီအခါမှာလည်း ဈေးနှုန်းကို ပထမပိုင်းမှာတော့ ထိန်းကျောင်း ပေးခဲ့ပြီးတော့ တဖြည်းဖြည်းနဲ့ Mark et ဈေးနှုန်းတဖြည်းဖြည်းနဲ့ သူတို့ဟာသူတို့ ပြောင်းလဲပြီးတော့ ရောင်းချလာခြင်းဖြစ်ပါတယ်။ ဦးကြည် သာ ပြောတဲ့မေးခွန်းလည်း ကောင်းပါတယ်။ နိုင်ငံတကာမှာ တချို့အိန္ဒိယတို့ဘာတို့ဆိုတာ ဒီမိုကရေစီနိုင် ငံဆိုပေမယ့်လည်း အချို့အပိုင်းတွေမှာ subsidize လုပ်တဲ့ဟာလေးတွေ ရှိတယ်ဆိုတာလည်း သိပါ တယ်။ ဒါကတော့ စွမ်းအင်စီမံခန့်ခွဲမှုကော်မတီအနေနဲ့ နောင်ကျလို့ရှိရင် Price mechanism တွေလုပ်လာတဲ့ အခါ ကျလို့ရှိရင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့အပိုင်းကို ထည့်စဉ်းစားပြီးတော့ လိုအပ်ရင်လိုအပ်သလို ဆောင်ရွက် ပါမယ်။

ဒီနေ့ Market Economic System အနေနဲ့ပဲ ဆက်သွားမယ်ဆိုရင်လည်း Market Economic System အရ လွတ် လပ်တဲ့ ယှဉ်ပြိုင်တဲ့ဈေးနှုန်းနဲ့ ရောင်းချမယ့်အနေအထားဖြစ်နိုင်ပါတယ်။ ဒါကတော့ Price mechanism  ဆွဲတဲ့အချိန်ကျလို့ရှိရင်တော့ ထည့်သွင်းစဉ်းစားမယ်ဆိုတဲ့အကြောင်း တင်ပြအပ်ပါ တယ်ခင်ဗျား။

No comments:

Post a Comment