| ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းရေး ကော်မရှင်ထံမှ အကြံပြုချက်များ 
မရရှိသေးကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နေပြည်တော် 
မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ 
 "အခုဆိုရင် ကြားအဖွဲ့အစည်းတစ်ခုအနေနဲ့ ၂၇ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့
 သွားပြီးစုံစမ်းနေပါတယ်။ ဒီအဖွဲ့လည်း တော်တော်လည်း 
ဦးနှောက်ခြောက်နေပုံရပါတယ်။ ဒီနေ့ အထိ ကျွန်တော့်ဆီကို အကြံပေး တာတွေ 
ဘာမှမလုပ်နိုင်သေးပါဘူး။ သူတို့ရဲ့ အကြံပေးချက်ပေါ်မူတည်ပြီး 
အကောင်းဆုံးဖြစ်အောင် အကောင်အထည် ဖော်သွားဖို့ရှိပါတယ်"ဟု နိုင်ငံတော် သမ္မတ
 ဦးသိန်းစိန်က ပြောပါသည်။
 
 
 ရခိုင်အရေးကိစ္စသည် အစိုးရအဖွဲ့သစ်ကို တာဝန်ယူပြီးနောက် မမျှော်လင့်ဘဲ 
ကြုံတွေ့ခဲ့ရသည့် အခက်အခဲတစ်ခု ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောပါသည်။  
"ရခိုင်အရေးကိစ္စကတော့ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ 
ကျွန်တော်တို့အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်းမှာ အောင်မြင်မှုတွေလည်း 
ရှိပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေလည်းရှိပါတယ်။ အဲဒီကြားထဲမှာမှ 
မမျှော်လင့်ဘဲ ဖြစ်ပေါ်လာ တာက ရခိုင်ပြည်နယ်အရေးကိစ္စပဲ ဖြစ်ပါတယ်။
 
 ကမ္တာကတချို့လည်း ကျွန်တော်တို့အပေါ်မှာ နားလည်မှုတွေ၊ စာနာမှုတွေ ရှိကြပါတယ်။ 
တချို့လည်းဖြစ် ရပ်မှန်တွေကို အမှားဖြစ်အောင် လုပ်ကြံဖန်တီးပြီးတော့ 
စွပ်စွဲတာတွေ၊ ကမ္ဘာ့အလယ်မှာ မျက်နှာ ပျက်အောင် လုပ်တာတွေလည်း ကျွန်တော်တို့ 
ကြုံတွေ့ရပါတယ်။ ဒီလူ့အဖွဲ့အစည်းနှစ်ခုဟာ တစ်နေရာ တည်းမှာ 
နေနေကြတာဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုနည်းမျိုးတွေနဲ့မှအတူ 
ယှဉ်တွဲပြီးနေနိုင်သလဲ ဆိုတဲ့အချက်က အရေးအကြီးဆုံးဖြစ်ပါတယ်။ 
အတူယှဉ်တွဲပြီး နေနိုင်ဖို့ လုပ်ရမယ့်လုပ်ငန်းတွေက အများကြီးရှိပါတယ်။ 
အခြေခံကျတာက ပညာရေးပါပဲ။
 
 အဲဒီဒေသမှာ နေတဲ့သူတွေဟာ အသိပညာကြွယ်ဝဖို့လိုတယ်၊ 
အမြင်တွေ ကျယ်ဖို့လိုပါတယ်" ဟု နိုင်ငံတော်သမ္မတက ပြောပါသည်။
 
 http://www.news-eleven.com/index.php?option=com_content&view=article&id=16090:2012-10-21-23-33-01&catid=42:2009-11-10-07-36-59&Itemid=112
 | 
No comments:
Post a Comment