Wednesday 14 November 2012

(ဘီဘီစီ) မြန်မာ့အရေး ကမ္ဘာ့အရေး ဆွေးနွေးခန်း ( စိတ်ဝင်စားစရာ)



နိုဝင်ဘာလ ၁၀ ရက် ၂၀၁၂- စနေနေ့ ညနေပိုင်း (ဘီဘီစီ) မြန်မာ့အရေးကမ္ဘာ့အရေး ဆွေးနွေးခန်း
မောင်တောမြို့နယ် ကြံခိုင်ရေးပါတီ အမျိုးသားလွတ်တော်အမတ်- ဦးဌေးဝင်း၊ ကမန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးတင်ငွေ၊ ရှမ်းဒီမိုကရက်တစ်ပါတီ သီပေါမြို့နယ် လွတ်တော် အမတ် ပြည်သူ့လွတ်တော်အမတ် ဦးရဲထွန်း တို့နဲ့ ဘီဘီစီ မြန်မာပိုင်းမှာ ဦးမောင်မောင်သန်းတို့ ဆွေးနွေးကြသည်။
------------------------------------------ 
BBC-ရခိုင်ပြည်နယ်မှာ အခုပေါက်တောကစပြီးတော့ - လ၀က တို့ဘာတို့က ဦးဆောင်ပြီးတော့ အဖွဲ့ ဖွဲ့ပြီးတော့ နိုင်ငံသားဟုတ်မဟုတ်ဆိုပြီးတော့ ဧည့်စာရင်းတွေ လိုက်ကြည့်နေတယ်ပေါ့နော် အဲတော့ ဒီကိစ္စနဲ့ပတ်သတ်လို့ ကနေ့အမျိုးသားလွတ်တော်မှာလည်း ပြောကြဆိုကြတယ်လို့ သိရ တယ်လေ။ ဦးရဲထွန်းတို့ အမတ်တွေအနေနဲ့ ဘာတွေသိထားလည်းခင်ဗျာ။
ဦးရဲထွန်း- ဒီအရေးအခင်းကိစ္စမှာ ငြိမ်ငြိမ်သက်သက်ဖြစ်သွားဖို့ဆိုတာကာတော့ တရားဥပဒေစိုးမိုးရေး နဲ့ ငြိမ်ဝပ်ပိပြားရေးပေါ့ အဲဒါကို ဆောင်ရွက်တဲ့အချိန်တည်းမှာဘဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ကို ကိုင်စွဲပြီးတော့စီစစ်တာတွေလုပ်မယ်ဆိုရင် နိုင်ငံသားမဟုတ်တဲ့ ခိုးဝင်နေတဲ့ လူတွေကတော့ အလျှိုလျှို ပြန်ပြေးကြလိမ့်မယ်လို့ ကျွန်တော်က ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့  ပြဿနာက တရားဥပ ဒေနဲ့အညီပေါ့ တိတိကျကျဖြစ်တယ်ဆိုရင် တော်တော်လေး အေးအေး ချမ်းချမ်းဖြစ် လိမ့်မယ်လို့ ထင်ပါတယ်။ 

BBC- ၁၉၈၂ ခုနှစ် ဥပဒေအပေါ်မှာ လူတွေက အမျိုးမျိုးယူဆနေကြတယ်။ ဦးဌေးဝင်းတို့ကော ဘယ်လို ယူ ဆလည်း။
ဦးဌေးဝင်း- ကျွန်တော်တို့ လွတ်တော်မှာလည်း ဒီကိစ္စကို ပထမအကြိမ်၊ စတုတ္ထအကြိမ်အစည်းအဝေး မှာပေါ့နော် ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ စစ်တိုင်က ဦး တင်လင်းဆိုတဲ့ ပုဂ္ဂိုလ်ကနိုင်ငံသား ဥပဒေနဲ့ ပတ်သတ်ပြီး လက်ရှိပေါ့နော် နှစ်ပေါင်း ၃၀ နီးပါးလည်းရှိနေပြီး လူ့သက်တမ်းတစ်ခုလောက်ရှိပြီဆိုတော့ ပတ်ဝန်းကျင်နိုင်ငံနဲ့ရော လိုက်လျှောညီထွေမှုမရှိဆိုတာကို တင်ပြပြီးတော့ လွတ်တော်ကနေပြီးတော့ တခဲနက်ထောက်ခံပြီးတော့ ဆွေးနွေးဖြစ်ခဲ့ပါတယ်ခင်ဗျာ။ ဒါကို ဒီကနေ့ကတော့နေပြီးတော့ မှတ်တမ်းအနေနဲ့ထားဖို့ ဆိုပြီးတော့ တခါ ဖြစ်သွားသေးတယ်။
BBC- ဦးဌေးဝင်းတို့ အရင်တုန်းကတင်ပြတဲ့အထဲမှာ ပြန်ပြီးတော့သုံးသပ်မယ်လို့ဆိုလို့ရှိရင် ဘာတွေ ကိုအဓိက ပြင်ချင်တာလည်း။ အခုဖြစ်နေတဲ့ ပြဿနာနဲ့ ဘယ်လိုဆိုင်လည်း။
ဦးဌေးဝင်း-ဒီ ၈၂ နှစ်နိုင်ငံသား ဥပဒေကျတော့ နှစ်ပေါင်း ၁၀၀ မတိုင်ခင်ကတည်းက တိုင်းရင်းသားမျိုး နွယ်စု တစ်စုအနေနဲ့ ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်နယ်နိမိတ်အတွင်းမှာ ရှိမှဘဲ ဒီလူက တိုင်းရင်းသားဖြစ် တယ်ပေါ့နော်။ နှစ်ပေါင်း ၂၀၀ လောက်ထိ အထောက်အထားတွေ ထားရှိဖို့ ဆိုတာကလည်း တော်တော် အခက်အခဲရှိမှာပေါ့နော် ဥပမာ တိုင်းရင်းသားတစ်ယောက် ဖြစ်ပေမဲ့ လည်း။ ဒီဟာကို ကျွန်တော်က တိုင်းရင်းသားဖြစ်တယ်ပေါ့နော်။ ဒါဆို ခင်ဗျာ တိုင်းရင်းသားဖြစ်တဲ့ အထောက် အထားတခုပြပြဆိုရင် ကိုကိုယ်တိုင် ပြဖို့တော်တော်ခက်ခဲတယ်။ ၈၂ ဥပဒေမှာ အဲလို အခက်အခဲ ရှိတယ်ခင်ဗျာ။
BBC- တိုင်းရင်းသားဖြစ်ဖို့အတွက်က ဘယ်လောက်ထိ အခက်အခဲ ဖြစ်နေပြီလည် ဦးရဲထွန်း မြန်မာ နိုင်ငံမှာက။
ဦးရဲထွန်း- တိုင်းရင်းသားတွေဆိုလို့ရှိရင် ကျွန်တော်တို့က အလွယ်တကူနိုင်ငံသားအဖြစ်နဲ့ အသိအ မှတ် အပြုခံရနိုင်တာပေါ့ အဲဒီဥပဒေမှာ နိုင်ငံသား ဖြစ်ခြင်းဆိုတဲ့ ဥပဒေအခဏ်း ၂ မှာ ကျွန်တော်တို့ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ချင်း၊ ဗမာ၊ ရခိုင်၊ ချမ်း စတဲ့ တိုင်းရင်းသားစုတွေကို မြန်မာနိုင်ငံသားဖြစ် တယ် ဆိုပြီးတော့ သူကအတိအကျ သတ်မှတ်ထားတယ်။ အဲဒီ အထဲမှာ မပါတဲ့ မျိုးနွယ် စုတွေ နဲ့ ပတ်သတ်ပြီးတော့ တိုင်းရင်းသား ဖြစ်တယ် မဖြစ်ဘူးဆိုတာကို နိုင်ငံတော်က ကောင်စီက ဆုံးဖြတ် နိုင်တယ်လို့ပါတယ်။ အဲတော့ အခု ဒီဥပဒေကို ကျွန်တော်တို့ခေတ်နဲ့လျှော်ညီအောင် ပြင်မယ်ဆို တော့ နိုင်ငံတော်ကောင်စီအစား ပြည်ထောင်စုလွတ်တော် ဖြစ်ချင်လည်းဖြစ်လာနိုင်တာပေါ့လေ။ ဒီဥပဒေမှာ ကျွန်တော်တို့လက်ခံတယ်ဆိုတဲ့အကြောင်းက နိုင်ငံခြားသားတစ်ယောက်က လွယ်လွယ် ကူကူနဲ့တော့ နိုင်ငံသားမဖြစ်ဘူး။ ကျွန်တော်တို့ နိုင်ငံသားတစ်ယောက်နဲ့သော်၎င်း၊ ဧည့်နိုင်ငံသား တစ်ယောက်နဲ့သော်၎င်း၊ နိုင်ငံသားပြုခွင့်ရသူ တစ်ယောက်နဲ့သော်၎င်း၊ အဲဒီနိုင် ငံခြားသားက လက် ထပ်လို့ မွေးလာတဲ့သားသမီး ဒါမှမဟုတ် အဲဒီနိုင်ငံခြားသားကတော့ နိုင်ငံသားပြု ခွင့်ရသူဆိုတဲ့ အ ဆင့်ကိုရမယ်။ သူကတော့ အဲဒီနိုင်ငံသားပြုခွင့်ရသူအဆင့်နဲ့ဘဲ တစ်သက်လုံး နေသွားရမှာ။ ခုနက ပြောတဲ့ ဥပဒေအရဆိုတော့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ အဲဒီ မိဘတွေက မွေး ဖွားလာတဲ့ သားသမီးတွေအချင်းချင်း အိမ်ထောင်ပြုပြီး မွေးဖွားလာတဲ့ သားသမီးတွေ တတိယမျိုး ဆက်သစ်မှာ သူက နိုင်ငံသားဖြစ်နိုင်တယ်။

BBC- ကမန်တိုင်းရင်းသားတွေအနေနဲ့ကော ဘယ်လိုသဘောထားလည်း။
ဦးတင်ငွေ-ကျွန်တော် နားလည်သလောက်ပြောရရင်တော့ ၁၈၂၃ မတိုင်ခင်မှာ မြန်မာနိုင်ငံမှာ နေထိုင် လာသူတွေ မြန်မာနိုင်ငံသားဖြစ်တယ်ပေါ့။ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်တို့ ၁၉၈၁ နိုင်ငံသားပြုမှု ဥပဒေမှာတော့ ခေတ်အနေအထားနဲ့ အထိုင်အလျှောက် ပြင်ဆင်ဖို့လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိ အနေအထားမှာတော့ ဒီဥပဒေက အတည်ဖြစ်နေတဲ့အတွက် လုံလောက်ပါ တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကတခါ ၁၉၇၄ ကိုကယ်ရီလုပ်တယ်။ ၇၄ ဟာကိုတခါ ကျွန်တော်တို့ ဒီ တွဲထားတဲ့ဟာ နိုင်ငံသား ဥပဒေဖြစ်တဲ့အတွက် ဒီဟာလည်း အထိုက်အလျှောက်တော့ ပြည့်စုံမှုရှိပါ တယ်။ ဒါပေမဲ့ ထပ်မံပြီး ဖြည့်ဖို့ အနည်းအကျဉ်းလိုလိမ့်မယ်လို့တော့ ကျွန်တော်ထင်ပါတယ်။
BBC- အခုဖြစ်နေတဲ့ ပြသနာ နိုင်ငံသားဖြစ်မှု မဖြစ်မှုနဲ့ဘယ်လောက် ဆိုင်လည်း ဦးဌေးဝင်း ဒါကိုဘယ် လိုကိုင်တွယ် ကြမှာလည်း။
ဦးဌေးဝင်း- ကျွန်တော်တို့က ဘယ်လိုပြောမှာလည်း ဒီဒေသမှာရှိတဲ့လူတွေက ၁၉၄၈ ခုနှစ် နိုင်ငံသား ဥပဒေအရ အကုန်လုံးနိုင်ငံသားဖြစ်ပြီးတဲ့ လူတွေဘဲ အဲဒီမှာနေတဲ့လူတွေဘဲ ကျွန်တော်တို့က အမတ ကို အဲဒီမှာ အားလုံးတပြေးညီပေါ့နော် တစ်နိုင်ငံလုံး တိုင်ရင်းသား နိုင်ငံသားတိုင်းရင်းသား အားလုံးက ရခဲ့တာ။ အဲဒီ ရခဲ့တဲ့အပေါ်မှာ ဦးနေ၀င်းအစိုးရ တက်လာတဲ့ နောက်ပိုင်းမှာပေါ့နော် ဒီဟာကြီးကို မျိုးစုံ အကြောင်းပြပြီးပေါ့နော် ဒီဟာကိုမပေးဘူး။ ရခဲ့တဲ့ဟာတွေလည်းရှိတယ်။ အဲဒီ မပေးခဲ့တဲ့အပေါ်မှာ   ဒီပြဿနာ ပေါ်လာတယ်လို့ ကျွန် တော့်တို့ဘက်က ယူဆတယ်။
BBC- မရှင်းတာက ဦးနေ၀င်းတို့လက်ထက်မှာ ခုနက စစ်ဆင်ရေးတို့ဘာတို့လုပ်တယ်။ ဘင်္ဂလာ ဒေ့ခ်ျက ခိုးဝင်တဲ့လူတွေများတယ်။ ပြီးတော့မသမာမှုတွေရှီတယ်။ အဲဒါကြောင့်မို့ ပြန်စီစစ်တယ်လို့ ကျွန်တော်တို့နားလည်းတယ်။ အဲဒီလို မဟုတ်ဘူးလား ဦးဌေးဝင်း။
ဦးဌေးဝင်း- ကျွန်တော်တို့ ဒေသမှာ ၁၉၉၃ ခုကပင်စပြီးပေါ့ ဒီနေ့ ဒီချိန်ကစပြီး နစက တပ်ဖွဲ့ကို တရွာမှာ တစု-တပ်ဖွဲ့ တစ်ခုစီထားပြီးတော့ ဒါထိမ်းသိမ်းခဲ့တာ ၀င်တယ်ဆိုလို့ ကျွန်တော့်အနေနဲ့ ပြော ရရင် တစ်ယောက်မှ မရှိဘူးလို့ ကျွန်တော့်အနေနဲ့ပြောရမယ်။ ဘာဖြစ်လို့လည်းဆိုရင် ရခိုင်ဒေသမှာ ရခိုင်အမျိုးသားတွေတောင် တနိုင်ငံလုံး ကချင်ပြည်နယ်အစ ဟိုထားဝယ်အဆုံး သွားပြီးတော့ စီးပွား ရှာပြီးတော့ ဒီမှာလုပ်ငန်းမရှိတဲ့အတွက် သွားနေတဲ့အခါမှာ ဒီလွတ်လပ်တဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံက ဘင်္ဂလီတွေက ဒီထောင်ကို ၀င်နေပြီး တော့ လာနေတယ်ဆိုတာကတော့ ဘယ်လိုမှယုတ္တိဗေဒအရ ဘယ်လိုမှ ဖြစ်နိုင် ခြေမရှိတဲ့ တစ်ခုကို ကျွန်တော့်အနေနဲ့ ဒီနေရာမှာတင်ပြချင်တယ်။
BBC- ဒါပေမဲ့ ဦးဌေးဝင်း ဖြစ်နေတာက ရိုဟင်ဂျာလို့ သူတို့ကို သူတို့ခေါ်နေတဲ့လူတွေက မြန်မာ ပြည်မှာ ၈ သိန်းလောက်ရှိတယ်။ နောက်ပြီးတော့ အခု ဘင်္ဂလာဒေ့ခ်ျ ဒုက္ခသည် စခန်းမှာလည်း ရှိတယ်။ ကမ္ဘာကလည်း အသိအမှတ်ပြုထားတယ်လေ အဲဒီလူတွေက ဘယ်ကရောက်လာတာလည်း။
ဦးဌေးဝင်း- ခေတ်အဆက်အဆက်အရပေါ့နော် ဒါကတော့ ကျွန်တော်ထင်တာပေါ့နော် လက်ရှိက အားလုံး ပြည်ထဲရေးဝန်ကြီးကလည်း ပြီးခဲ့တဲ့ ကျွန်တော်တို့ ၂၄ ရက်နေ့မှာ ကျွန်တော်တို့ အမျိုးသား လွတ်တော် မှာလည်း ရခိုင်အမျိုးသားကိုယ်စားလှယ် ၂ ယောက်တင်ပြတဲ့ မေးခွန်းတွေအပေါ်မှာ ပြန်လည်ပြီးတော့ ဖြေကြားခဲ့တာတွေ ရှိတယ်ခင်ဗျာ။ အဲဒီမှာ နိုင်ငံခြားသားဘယ်လောက် ရခိုင်အမျိုး သားဘယ်လောက် ပြီးတော့မှပေါ့နော် တခါ ဒေသခံ မူဆလင် အစိုးရအသိမှတ်ပြုတာ ဘင်္ဂလီဆိုတာ ပေါ့နော် တင်ပြခဲ့တာ ရှိတယ်။ နိုင်ငံခြားသားဆိုလို့သာ စစ်တွေခရိုင်မှာ ၅၀၀ ကျော်နဲ့ မောင်တော ဘူးသီးတောင်ဒေသမှာ မောင်တောခရိုင်မှာ ၂၉၀ ကျော်ရှိတယ်ဆိုပြီးတော့ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အတိအလင်းပြောသွားတယ်။
BBC- အဲဒီတော့ ဦးငွေတို့ တိုင်းရင်းသားတွေအနေနဲ့ ကမန်တိုင်းရင်းသားတွေအနေနဲ့ ရခိုင်ပြည် ထဲမှာ နေကြတဲ့အနေအထားတွေနဲ့ကော အခု ဦးဌေးဝင်းတို့ တွေ့ရှိချက်တွေက ဟုတ်သလား။ ဒီမှာ ပြည်ပက၀င်လာတဲ့ အခု သတင်းတွေထဲမှာရောပြောနေကြတယ်။ ဘင်္ဂလီတွေ ရှိတယ်။ရှိတယ်ဆိုတာ လွတ်တော်က ထွက်ချက်နဲ့ တလွဲစီဖြစ်မနေဘူးလား ဦးတင်ငွေ။
တင်ငွေ- ကျွန်တော်တို့သိတာက ဒီ အပြင်က၀င်လာတဲ့ လူတွေလည်းရှိပါတယ်။ ဒီမှာ နိုင်ငံသားဖြစ်မှု မဖြစ်မှု ဆိုတဲ့အပိုင်းမှာ ကျွန်တော်တို့ ကမန်တိုင်းရင်းသားတွေကို နိုင်ငံသားစီစစ်ရေးကပ်ပြား ထုတ် ပေးတဲ့အပေါ်မှာ ကမန်မဟုတ်တဲ့လူတွေကလည်း သက်ဆိုင်ရာ လ၀ကတွေနဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ဒီကတ်ကိုင်ထားတာတွေလည်း တွေ့နေရပါတယ်။
BBC- ဦးတင်ငွေ အဲတာ တော်တော်များလား ပြဿနာဖြစ်လောက်အောင် ဖြေရှင်းလောက်အောင် အဲဒါ မသမာပြီးတော့ တိုင်းရင်းသားလုပ်ထားတာ။
ဦးတင်ငွေ- ကျွန်တော်တို့ ကမန်လူဦးဦးရေက ကျူးဝါးကမန်က ကျွန်တော် ၃၀၀၀၀ ၀န်းကျင် လောက်ဘဲ ရှီမယ်လို့ထင်ပါတယ်။ ကမန်မဟုတ်ဘဲ နိုင်ငံသား လက်မှတ်ကိုင်ဆောင်ထားတာက ၂ သိန်းကျော်လောက်ရှိမယ်လို့ ခန်းမှန်းပါတယ်။
BBC- အဲဒါနဲ့ ပတ်သတ်လို့ရော ဦးရဲထွန်းတို့ လွတ်တော်အမတ်တွေထဲမှာ ဒါတွေနဲ့ ပတ်သတ်ပြီး တော့ စီစစ်တွေ့ရှိလား။
ဦးရဲထွန်း- ကျွန်တော်တို့ အခုပြောတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ စီစစ်လိုက်မယ်ဆိုလို့ ရှိရင် ဘာသွားတွေ့နိုင်သလဲဆိုရင် အဲဒီလို နိုင်ငံသားဖြစ်ခွင့်မရှိတဲ့ သူတွေကို ဘယ်သူတွေက လက်မှတ်တွေ ထုတ်ပေးထားသလဲ ဆိုတဲ့ဟာပါ ကျွန်တော်တို့ စစ်ဆေးစေချင်တယ်။ အဲဒီလို နိုင်ငံသား ဖြစ်ခွင့်မရှိသူကို ကူညီတဲ့သူကို ထောင် ၇ နှစ်နဲ့ဒဏ်ငွေ ၁ သောင်း ချနိုင်တယ်ဆိုပြီးတော့ ဒီဥပဒေမှာ ဆိုထားတယ်။ အကျင့်ပျက်ခြစားနေတဲ့ နိုင်ငံဝန်ထမ်းတွေကိုလည်း ဒီစစ်ဆင်ရေးမှာလည်း သူတို့ကိုပါ ဖော်ထုတ်ပြီးတော့ အရေးယူစေချင်တယ်။ ဒါ မှသာလျှင် ဒီကျွန်တော်တို့နောင်မှာ အနောက်ဘက် တံခါးက လုံခြုံမှု စိတ်ချမှုရလိမ့်မယ်လို့ ကျွန်တော်တို့ယူဆတယ်။
BBC-အဲဒီမှာ ဥပဒေကြောင်းနဲ့သာလုပ်မယ်လို့ နယ်စပ်ရေးရာ ပြည်ထောင်းစုဝန်ကြီးပြောသွားတော့ ဥပဒေက ဘယ်လောက်ခိုင်မာမှုရှိသလည်း ဦးဌေးဝင်းပြောပြပါဦး။
ဦးဌေးဝင်း - ၈၂ ဥပဒေကို ဒါ ဥပဒေကကျယ်ပြန့်တဲ့ အလျှောက်ပေါ့နော် ၀န်ကြီးဌာနအဖွဲ့စည်းက ပေါ့နော် ဒီအပေါ်မှာ မျိုးစုံ အဲကစားလို့ရတဲ့ အခွင့်အရေးအပေါ်မှာ လူတွေက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ ရသင့်ရထိုက်တဲ့ ကတ်ပြားတွေကို မှန်မှန်ကန်ကန်မရရှိတဲ့ အပေါ်မှာပေါ့နော် တစ်ဘက်ကလည်းတခါ ချိန်ကိုက်ပြီးတော့ စွပ်စွဲလာတဲ့အပေါ်မှာပေါ့နော် ဒီပြဿနာရော- ဒီဇာတ်လမ်းတွေရော ကျွန်တော်ဖြစ်တယ်လို့ဘဲ အဲလိုဘဲ ကျွန်တော်ယူဆပါတယ် ခင်ဗျာ။
BBC- ခုနက ပြောတဲ့အထဲမှာ မသာမှုတွေကြောင်းမို့ ဒီတိုင်းရင်းသားခံထားတဲ့လူတွေက ၂သိန်း လောက်ကဘဲ ဒီကတ်ပြားတွေ ကိုင်ဆောင်ထားတယ်လို့ ကမန်အဖွဲ့က ဦးတင်ငွေကပြောနေပြီလေ အဲဒီဟာကော။
ဒီသုံးသောင်းရှိတဲ့ ကမန်လူမျိုးက ၂ သိန်းလောက် ဒီနိုင်ငံသားကတ်ပြားရတယ်ဆိုတာ နိုင်ငံတော် အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေတောင် ပြောဖို့တော်တော်ခက်ခဲတဲ့ အခြေအနေမှာရှိပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ အဲဒီ ၂ သိန်းဂဏန်းကို ယုံလည်းမယုံပါဘူးလို့ ကျွန်တော် အဲလိုပြောချင်ပါတယ်။
BBC- ဦးတင်ငွေတို့က ဒါကို ဘယ်လိုပြောနိုင်တာလည်း။
ဦးတင်ငွေ- ကျွန်တော်တို့ကတော့ ဒီမှာ တွေ့နေရတာတွေရှိတယ်ပေါ့လေ။ ဒီမှာ ကျွန်တော်တို့ ကိုး ကွယ်တာကလည်း အစ္စလာမ်ဘာသာ ဖြစ်နေတယ်။ ဒီအပေါ်မှာ အခါကျတော့ အထူးသဖြင့်တော့ ဖြစ်သွားတဲ့ အနေအထားတွေအပေါ်မှာ ကျွန်တော်တို့ ရမ်းဗြဲဆိုရင် နှစ်ကြိမ်တိတိ မီးရှို့ခံရပါတယ်။ ကျွန်တော်တို့ကမန်ကို ခုတုံးလုပ်ပြီးတော့ ဒီအပေါ်မှာ ထွက်ပေါက်တခုအနေနဲ့ အသုံးပြုနေကြတယ် ဆိုတဲ့ ဒီဘက် နိုင်ငံရေးအသိုင်းအ၀ိုင်းတွေထဲမှာ ကြားနေရပါတယ်။ ကျွန်တော်တို့က။ ဒေါက်တာ အေးမောင်တို့ဘာတွေ ပြောထားတာတွေလည်းတွေ့ရပါတယ်။
BBC- ဘာပြောလည်း ဒေါက်တာအေးမောင်တို့က
ဘင်္ဂလီတစ်ယောက်က ကမန်ဖြစ်သွားတယ်ပေါ့လေ။ တရားဥပဒေအရ လာဒ်ပေးလာဒ်ယူ ပုံစံမျိုးနဲ့ လုပ်ယူသွားကြတယ်လို့ဘဲ ကျွန်တော်တို့ယူဆပါတယ်။ ဆိုလိုတာကတော့ ဒီအပေါ်မှာ ကမန်တိုင်း ရင်းသားတွေအနေနဲ့က နစ်နာတာပေါ့။ ရခိုင်ပြည်နယ်မှာ တိုင်းရင်းသား ၇ခုထဲမှာ ကျွန်တော်တို့က ရခိုင်ပြီးရင် ကမန်ပါ။ တချို့ ရခိုင်တိုင်းရင်းသားတွေကလည်းကမန် မှတ်ပုံတင်ကို ကမန်မဟုတ်တဲ့ လူတွေ ယူထားတာနဲ့ ပတ်သတ်ပြီးတော့ သံသယဖြစ်တယ်ဆိုတဲ့ သဘောတွေ တွေ့နေရတယ်ဆိုတဲ့ သဘောကို ဆိုလိုတာပါ။
BBC- ဦးရဲထွန်း ဒေါ်စုတို့နဲ့ ဒီ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ တော့ ဒီ ရိုဟင်ဂျာဆိုတဲ့ အသုံး အနှုန်းတို့ ဒီပြသနာတို့ကို အခြေခံအားဖြင့် ဘယ်လိုကိုင်တွယ်ကြမယ်လို့ ပြောကြလည်း။
ဦးရဲထွန်း- ကျွန်တော်တို့ ဆွေးနွေးတာမှာ ထူးခြားတာတစ်ခုကတော့ အခု ရခိုင်မှာ ဖြစ်နေတဲ့ကိစ္စဟာ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ကိစ္စတခုတည်း မဟုတ်ဘဲ ပြည်ထောင်စုအရေးဖြစ်တယ်ဆိုတဲ့ အချက်။ နောက်တစ်ချက်က ဒီဟာကို ကျွန်တော်တို့ဘင်္ဂလာဒေ့ခ်ျနိုင်ငံက အမြဲလိုလိုဘဲ သူတို့နဲ့ မဆိုင်ဘူး ဆိုပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းရင်းသားအရေးဆိုပြီးတော့ ပုံစံမျိုးဖြစ်အောင် အမြဲတမ်း ပုတ် ထုတ်လေ့ရှိတယ်။ ဒါနဲ့ပတ်သတ်လို့ ဒေါ်အောင်ဆန်းစုကြည် မနေ့က ဆွေးနွေးသွားတဲ့ ရပ်တည် ချက်နဲ့ ပတ်သတ်ပြီးတော့ ဒါ နှစ်နိုင်ငံ နယ်စပ်ပြဿနာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဘင်္ဂလာဒေ့ခ်ျ အစိုးရကလည်း အရေးတယူ တာဝန်ယူသင့်တယ် ပေါ့နော်။
BBC- ဦးဌေးဝင်းတို့က ဒါကိုလက်ခံလား။
ဦးဌေးဝင်း- ဒါကတော့ အားလုံးက ၀ိုင်းဝန်းပြီးတော့ အကောင်းဆုံး အဖြေတခုရအောင် ဖြေရှင်းရမယ် လို့ ကျွန်တော်တို့က ခံယူပါတယ်။
BBC- အခု နယ်ဆင်းပြီးတော့ ပေါက်တော်မှာဆိုရင် သန်ခေါင်စာရင်းကောက်ပြီးတော့ လူစာရင်းတွေ စစ်နေပြီးလေ အဲသလိုလုပ်ရင် ပြဿနာဟာ ဥပဒေနဲ့အညီဖြစ်သွားနိုင်လား ပိုပြီးတော့ ပြေလည်သွားနိုင်လား။
ဦးဌေးဝင်း- နိုင်ငံသား ကိစ္စကိုတော့ အမြန်ဆုံးဖြေရှင်းတာဟာ ကောင်းတဲ့အချက်ပါဘဲ။ ကျွန်တော်တို့ ဒါ ပြသနာတွေက တောက်လျှောက် ဟိုကလေးတွေကပေါ့နော် ပညာသင်လို့မရ၊ သွားလို့လာလို့မရ ဆိုတာ ခေတ်အဆက်ဆက်မှာပေါ့နော် ၆၅-၇၀ နောက်ပိုင်းမှာ ကျွန်တော်တို့ အဲဒီဒေသမှာရှိတဲ့ ဒေသခံ မူဆလင်တွေက ပေါ့နော် ရသင့်ရထိုက်တဲ့ ကပ်ပြားလေးတွေမရတဲ့ အပေါ်မှာပေါ့နော် အဲဒီအပေါ်မှာ တမျိုးထင်လာတယ် အဲဒီအပေါ်မှာ နိုင်ငံသားတွေ ဘာတွေ ရသင့်ရထိုက်တဲ့အပေါ်မှာ အဲဒီနိုင်ငံသား ပေးလိုက်လိုက်ရင် အဲဒီအခြေအနေတွေက ဒီကိစ္စတွေ အဲဒီအချိန်ကတည်းက ပြေလည်သွားမယ်။ တစ်ဘက်ကလည်း ဘာမှ အမြင်စောင်းစရာမရှိတော့ဘူးပေါ့နော်။
BBC- အဲလို စီစစ်လို့ရှိရင် သူတို့မှာ အထောက်အထားတွေ ပြစရာ အခက်အခဲရှိတော့ သူတို့ရပါမ လား လို့လည်းပြောတယ်။ ဒါသူတို့ ကနိုင်ငံသားတွေလို့လည်း ပြောတယ်ဆိုတော့ ဘယ်အချက်အ ပေါ်မှာ အခြေခံပြီး နိုင်ငံသားတွေလို့ ပြောတာလည်း။
ဦးဌေးဝင်း- အထောက်အထားနဲ့ နိုင်ငံသားနဲ့တော့ တခါတလေ မဆိုင်ဘူးခင်ဗျ နိုင်ငံသားဆိုတာ ဒီလူတွေက ဥပမာ ပေါက်တောတို့ မြောက်ဦးတို့မှာ ၁၉၄၂ ခု နှစ်ကတည်းကတခါ ဒီပြသနာတွေ အကြီးအကျယ်တက်ပြီးတော့ အဲဒီဒေသကလူတွေ အများကြီး ဒီဘူးသီးတောင် မောင်တောမှာ ရောက်သွားတဲ့လူတွေ အများကြီးရှိခဲ့တယ်။ အဲဒိခေတ်က လွတ်တော်ကိုယ်စားလှယ်တွေကတောင် မေးခဲ့တာရှိတယ်။ ပါလီမာန်ခေတ်မှာ မေးခဲ့တာ။ ဒီဒေသက လူတွေက ကျောက်တော်၊ မြောက်ဦး၊ မင်းပြားက ဒီဘူးသီးတောင် မောင်တောကို ရောက်လာတာရှိတယ်။ ဒီလူတွေကို ဘယ်တော့ နဂိုနေရပ်ကို ပြန်ခေါ်သွားမှာလည်းလို့ မေးခဲ့တာရှီတယ်။ အဲဒီတော့ အဲဒီအချိန်မှာ ဖြေခဲ့တာက ဒေသတည်ငြိမ်အေးချမ်းမှဘဲ ပြန်ခေါ်သွားမယ်ဆိုပြီးတော့ ဖြစ်သွားသေးတယ်။
BBC- ဒါပေမဲ့လို့ မောင်တောမှာ အခု နိုင်ငံတကာသတင်းတွေထဲမှာပါတယ်။ လှေတွေနဲ့ထွက်ပြေးကြ တယ်။ လှေစီးပြေးဒုက္ခသည်တွေဟာ ရိုဟင်ဂျာတွေပါဆိုပြီးတော့ မလေးရှားရောက် ယိုးဒယားရောက် အဲဒီဟာတွေကကော ဘာလူမျိုးတွေလည်း ဘာကြောင့်မို့လို့ ဒီပြဿနာတွေဟာ ဖြစ်နေတာလည်း။
ဦးဌေးဝင်း- ဒေသခံမူဆလင်တွေက နှစ်ပေါင်း ၂၀ -၃၀ လုံးလုံး မျှော်လင့်ချက်မရှီဘဲ ပညာလည်း သင် လို့မရတော့ ရရာလမ်းကြောင်းမှာ သေမယ်ဆိုတာ သိရဲ့သားနဲ့ ထွက်ပြေးတဲ့ လူတွေဘဲ ဖြစ်ကြပါ တယ်။
BBC- အဲဒါဆိုရင် အခုဒီဟာတွေကို စီးစစ်လိုက်ရင်တော့ အဲဒီလူတွေက ဘာဖြစ်လာမှာလည်း။
ဦးဌေးဝင်း- ထွက်ပြေးတဲ့လူတွေက ဟိုဘက်ကို ထွက်ပြေးနေပြီလေ သူတို့ရဲ့ မိဘတွေ ဆွေမျိုးသား ချင်းတွေက ကျွန်တော်တို့နဲ့အတူအဲဒီဒေသမှာရှိနေတာဘဲ။
BBC- တိုင်းပြည်ရဲ့အရေး ပြည်ထောင်စုအရေးကို တကယ်ဘဲ ဦးစားပေးပြီးတော့ ပြောကြမယ်ဆိုရင် ဦးရဲထွန်းတို့က ဒါတွေကို လွတ်တော်မှာဆွေးနွေးလား ပြည်ထောင်စုအရေး ဆိုရင် ဘယ်လိုလုပ်ကြ မှာလည်း။
ကျွန်တော်တို့အခု အစိုးရက ၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ ဆောင်ရွက်မယ်ဆိုရင်-တိတိ ကျကျ လုပ်မယ်ဆိုရင် တကယ်တမ်းနိုင်ငံသားဖြစ်တဲ့လူတွေကိုလည်း သွားခွင့်လာခွင့် ပညာသင်ခွင့် ကိုလည်း တကယ်ပေးဖို့လိုတယ်။ အဲဒီဘက်က နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူဖြစ်စေ၊ မကိုင်ထားသူဖြစ်စေ ပြည်မကိုလာဖို့မှာလည်း သိပ်အခက်အခဲရှိတယ်။ ပညာသင်ဖို့မှာလည်း သွားခွင့်လာခွင့် လက်မှတ်ကလေးယူရတာကအစ အခက်အခဲရှိတယ်ဆိုတာကို ကျွန်တော်တို့ကြား နေရတယ်။ မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေနဲ့ စီစစ်ပြီးတဲ့အခါမှာ တိတိကျကျပြတ်ပြတ်သားသား သိ လာတဲ့အခါမှာ နိုင်ငံသားမဟုတ်တဲ့သူတွေကိုလည်း ခိုးဝင်လာတဲ့သူအဖြစ်နဲ့ ထောင်ဒဏ် အပြစ်ပေး သင့်တာ ပေးမှာဖြစ်သလို ဒီနိုင်ငံသားလက်မှတ်ကို အထောက်အထားမရှီဘဲနဲ့ ကိုင်ဆောင်ထားတဲ့  ကိစ္စတွေနဲ့ ပတ်သတ်ရင်လည်း ဘယ်သူကထုတ်ပေးသလည်း ဆိုတဲ့ဟာကို စီစစ်ဖော်ထုတ်ပြီးတော့ တာဝန်ရှိတဲ့သူတွေကို ပုဂ္ဂိုလ်များကိုလည်း အရေးယူဖို့ နောက်တခါ နိုင်ငံသားလက်မှတ် ရပြီးတော့ တစ်ကဲ့အထောက်အထားရှိတဲ့ ပုဂ္ဂိုလ်များကိုလည်း သူရဲ့အခွင့်အရေးအရ သွားခွင့်လာခွင့် ပညာသင်ခွင့်ကိုလည်း ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာပေးဖို့ ရွေ့ပြောင်းနေထိုင်ခွင့် ပေးဖို့ အဲသလို ကျွန်တော်တို့အနေနဲ့ ဖြစ်စေချင်တာပေါ့လေ အဲဒီဆိုတော့ ဒီနေရာမှာဘဲ စုပြုံပြီးတော့ ရခိုင်တိုင်း ရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပြသနာလည်းလျှော့သွားလိမ့်မယ်လို့ ယူဆရတာပေါ့။
BBC- ဦးတင်ငွေ ခုနက ပြောတာလေ ဘာသာရေးအရ ခွဲခြားဖိနှိပ်မှုရှိနေတယ်သဘောလား။
ဦးတင်ငွေ -ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကအထိက ကျွန်တော်တို့ကမန်တွေရော သွားလို့လာလို့ မရကြပါဘူး။ တခြားတခြား မူဆလင်တွေရောပေါ့လေ။ ကျွန်တော်အနေနဲ့ ပြောချင်တာက ဒီဟာက တရားဥပဒေ စိုးမိုးမှုရဲ့ အားနည်းချက်ကြောင်းလို့ ယူဆပါတယ်။
BBC- အဲတော့ ဦးဌေးဝင်း နောက်ဆုံးသုံးသပ်ပေးပါ။
ဒီဟာ နိုင်ငံတော်အစိုးရကဘဲနေပြီးတော့ ဒါကို အဓိကထားပြီးတော့ စီမံဆောင်ရွက်ဖို့လိုတယ်လို့ ကျွန်တော်က ဒါပေါ့နော် ထင်မြင်ယူဆတယ်။

No comments:

Post a Comment