ယမင်း(မြစ်မခ)
by Myit Makha Mediagroup on 15 Mar, 2013
by Myit Makha Mediagroup on 15 Mar, 2013
 မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဘင်္ဂလီများ တရားမ၀င် ၀င်ရောက်မှု မရှိစေ ရန် နယ်စပ်ဂိတ်များအား  အစိုးရနှင့်
 ရခိုင်တိုင်းရင်းသားများပူးပေါင်းကာ တင်းကြပ်စွာပိတ်ထားသင့် သည် ဟု ရခိုင် 
တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။
 ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို 
လုံခြုံစွာပိတ်ထားနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့နှင့် ပြည်သူ့စစ်ကဲ့သို့ 
အဖွဲ့များ ဖွဲ့စည်းကာ သင်တန်းပေးရန် လိုအပ်ကြောင်းကိုသည်ဟု ၄င်းက 
ဆက်ပြောသည်။
 “အနောက်ဖက်တံခါးကို 
ရခိုင်လူမျိုးတစ်မျိုးတည်း ကာကွယ်လို့ မရပါဘူး။ ကျန်တဲ့ တိုင်းရင်းသားတွေပါ
 ပူးပေါင်း ပြီးကာကွယ်မှ အနောက်တံခါးက လုံခြုံမှာပါ။ မလုံဘဲနဲ့ 
ပြိုသွားခဲ့ရင် အမျိုးဘာသာ၊ သာသနာ ဆုံးရှုံးရမှာပါ။ ဒါတွေကို 
အပြည့်အ၀ကာကွယ်ထားဖို့ လိုပါတယ် " ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ 
ရခိုင်တိုင်း ရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောသည်။          
 ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံနှင့်  ဘင်္ဂလားဒေ့(ရှ်)နိုင်ငံအကြားရှိ
 နိုင်ငံဖြစ်သည့်အလျှောက် အနောက်ဘက် နယ်စပ်ဂိတ်အား 
လုံခြုံစွာစောင့်ရှောက်သင့်သည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းများက ဆိုသည်။
 ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူဦးရေ သန်း(၁၆၀)ကျော်ရှိပြီး တရုတ်နိုင်ငံတွင် လူဦးရေသန်း (၁၆၀၀)ကျော် ရှိကြောင်း သိရှိရသည်။
 "ရခိုင်နဲ့ဘင်္ဂလီတွေ 
မငြိမ်းမချမ်းဖြစ်ရတာလည်း လုံခြုံမှု အားနည်းလို့။ အထူးသဖြင့် အစိုးရက 
ရခိုင် လူ မျိုးတွေ အတွက် ပြည်သူ့စစ်ဖွဲ့တာတို့၊ လုံခြုံရေးဖွဲ့တာတို့ 
သင့်တော်တဲ့ သင်တန်းတွေပေးပြီး ကာကွယ် ထား မယ်ဆိုရင် နိုင်ငံခြား သား   
ခိုးဝင်မှုကို အထိုက်အလျောက် တားဆီးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု 
ရခိုင်ပြည်နယ် ဘေးဒုက္ခ ကယ်ဆယ်ရေးကော်မတီမှ အတွင်းရေးမှူး ဦးထွန်းဝင်းက 
ပြောသည်။    
 ၁၈၈၆-၈၇ ခုနှစ်၌ 
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တောသို့ ဘင်္ဂလီလူမျိုး (သုံးသောင်း 
တစ်ထောင်   ခြောက်ရာကျော်  )ရောက်ရှိခဲ့ပြီး ၁၈၇၁ ခုနှစ်မှစ၍ ၂၀ရာစု 
ကျော်အထိ နှစ်(၄၀)အတွင်း၌ ဘင်္ဂါလီလူ ဦးရေမှာ (၁၅၅ %) တိုးလာခဲ့ကြောင်း 
သိရှိရသည်။   
 ၂၀၁၃ခုနှစ်အတွင်းတွင် 
မောင်တော၌ ဘင်္ဂါလီလူမျိုးမှာ (၉၃) ရာခိုင်နှုန်းခန့်ရှိပြီး 
ရခိုင်တိုင်းရင်းသားလူဦးရေ မှာ (၃)ရာခိုင်နှုန်းခန့်သာရှိကြောင်းလည်း 
ရခိုင်ပြည်နယ်ရှိ ဘေးဒုက္ခကယ်ဆယ်ရေးကော်မတီ မှတ်တမ်းများ အရ သိရသည်။       
 ရခိုင်ပြည်နယ်ရှိ 
ဘင်္ဂလီများမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရခိုင်ပြည်နယ်သို့ ၀င်ရောက်လာကာ 
၁၉၄၇ခုနှစ် လွတ်လပ်ရေး ရပြီးနောက် လူဝင်မှုကြီးကြပ်ရေးက အဆိုပါ 
ဘင်္ဂါလီများအပါအ၀င် တိုင်းရင်းသားပေါင်းစုံ   နိုင်ငံသားပေါင်းစုံကို 
မှတ်ပုံတင် ထုတ်ပေးခဲ့ကြောင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာဟု 
ခံယူထားသူတစ်ဦးက ဆိုသည်။
 “ကျွန်တော်တို့က 
ဘင်္ဂါလီမဟုတ်ဘူး ရခိုင် မွတ်ဆလင် ရခိုင် ရိုဟင်ဂျာပါ။ ကျွန်တော်တို့ 
ဒီကိုရောက်တာ   ဝေသာလီခေတ် ကတည်းက ရောက်နေတာပါ။ ၁၉၅၆/၅၇ ခုနှစ်က 
တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသားပေါင်းစုံ ၊ လူမျိုးပေါင်းစုံကို 
မှတ်ပုံတင် ထုတ်ပေးတော့ အဲ့ဒါနဲ့ နေထိုင်ခွင့်ရတယ်လေ။ ၁၉၈၂ခုနှစ် 
နောက်ပိုင်း မှာဆို ရင်  နိုင်ငံသားဥပဒေပြဌာန်းပြီးကတည်းက အခုချိန်ထိ 
ခရီးသွားလာခွင့်တွေ ပိတ်ထားတယ်။ “ ဟု ရခိုင်ပြည် နယ်ရှိ ရိုဟင်ဂျာဟု 
ခံယူထားသူ ဦးအောင်သိန်းက ပြောသည်။
 ၁၉၈၂ခုနှစ် မတိုင်ခင်က ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကဒ် 
white card ရှိသည့် မည်သည့် ဘင်္ဂါလီ လူမျိုးကိုမဆို မြန်မာနိုင်ငံသားအဖြစ် 
ခံယူမည်ဆိုပါက ခံယူနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင် ရီက 
၂၀၁၁ခုနှစ်အတွင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သည့် 
သတင်းစာရှင်းလင်းပွဲ ၌ ပြောကြား ခဲ့သည်။
------------------ 
http://myitmakhamediagroup.com/detail.php?newid=4240&catid=26  
 
 
No comments:
Post a Comment