Friday 15 March 2013

မြန်မာနိုင်ငံအတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှရဲ၃ဦးနှင့်ကျောင်းသားတစ်ဦး ခိုးဝင်

မိုးဝေ
by Myit Makha Mediagroup on 14 Mar, 2013


မောင်တောမြို့နယ်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရဲတပ်သား၃ဦးနှင့် ကျောင်းသားတစ်ဦး  အရပ်ဝတ် ဖြင့် ခိုးဝင်လာကြောင်း နယ်စပ်လုံခြုံရေးတာဝန်ရှိသူများထံက သိရသည်။
 

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ မတ်လ (၁၃)ရက်နေ့ ညနေ ၇နာရီအချိန်ခန့် က  မောင်တောခ ရိုင်၊ တောင်ပြို(ဝဲ) မြို့နယ်ခွဲသို့ ခွင့်ပြုချက် မရှိဘဲ အရပ်ဝတ်များဖြင့် ဝင်ရောက်လာခြင်းဖြစ်သည်။
 
ခိုးဝင်သူများမှာ ရဲတပ်ကြပ်အဆင့်ရှိသူ မော်ဆီမူလ်၊ (ကူတူပါလောင်-ရဲစခန်း)  မာမောက်တီမန်၊  အယ် ရ နှင့် ကျောင်းသား စိုင်မူရ်တို့ ဖြစ်ကြောင်း သိရသည်။
 
၎င်းတို့မှာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နယ်တွင် နေထိုင်သူများဖြစ်ရာ  နယ်စပ်မှ တဆင့် ခိုးဝင် လာ ဖြစ်သည်။
 
ခိုးဝင်လာတာတော့ ဟုတ်ပါတယ်၊ သူတို့ဝင်လာတဲ့အကြောင်းကို စုံစမ်းနေပါတယ်ဟု မောင်တော နယ် စပ်မှ အရာရှိတစ်ဦးကပြောသည်။
 
မောင်တောနှင့်ဘင်္ဂလားဒေ့ရှ်နယ်စပ်၌  ယခင်ကလည်း ယင်းသို့ခိုးဝင်ခဲ့သည့်ဖြစ်ရပ်များရှိခဲ့ရာ ယခုကဲ့သို့ အရပ်ဝတ်ဖြင့်ဝင်ရောက်လာမှုအပေါ် သက်ဆိုင်ရာမှ စုံစမ်းနေသည်ဟု သိရသည်။
 
http://myitmakhamediagroup.com/detail.php?newid=4232&catid=27

No comments:

Post a Comment