Wednesday 13 March 2013

ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ပံတောင်းအစီရင်ခံစာ

ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ပံတောင်းအစီရင်ခံစာ
**************************************
လက်ပံတောင်းတောင် အစီရင်ခံစာ ထွက်လာပြီးနောက်မှာ ရေးချင်တာ လေးတွေ ပေါ်လာတာရှိလို့ စာနည်းနည်း ရေးပါဦးမယ်။ အစီရင်ခံစာမှာ ပြည်သူတွေ ဘက်ကနေ ဘက်စုံတွေးပြီး ရေးထားတယ် ဆိုတာ သံသယ ဖြစ်စရာမရှိအောင် ပြည့်စုံတယ်လို့ ကျွန်မတော့ ထင်မြင် မိပါတယ်။ အဲ လူတစ်ချို့ လိုချင်တဲ့ စီမံကိန်းကြီး အပြီး ရပ်ဆိုင်းရေး ဆိုတာကို ထည့်မရေးထားတာက လွဲရင်ပေါ့နော်။ အစီရင်ခံစာမှာ စီမံကိန်းကို ဆက်လုပ်မယ်ဆိုရင် ဒေသခံတွေ အတွက်လည်း အဘက်ဘက်က စဉ်းစားပြီးမှ ပြုပြင်စရာတွေ အများကြီး ပြုပြင်ပြီးမှ ဆက်လုပ်ဖို့ ရေးထားတာကိုလည်း သေချာ တွေ့ရမှာပါ။ ဒေသခံတွေ အတွက် သေချာကို စဉ်းစားပြီးမှ ရေးထားတယ်ဆိုတာ သံသယ ရှိစရာမလိုအောင် ပြည့်စုံတယ်လို့ ထင်မိပါတယ်။ အချို့ကတော့လည်း ထွက်လာတဲ့ အစီရင်ခံစာဟာ စီမံကိန်း လုံးဝ ရပ်ဆိုင်းပစ်ရမယ်လို့ မပါတဲ့အတွက် တရုတ်ကို ကြောက်ပြီး ဝမ်ပေါင်အကျိုးကိုကြည့်တယ်။ ဦးပိုင် ဝင်ငွေ မရမှာကို စိုးပြီး စီမံကိန်းကို ရပ်ပစ်ဖို့ ထည့်မပြောထားဘူး ဆိုဘူး ဝေဖန်ကြတာတွေ တွေ့မိပါတယ်။ မနေ့က ထွက်လာတဲ့ ကြေးနီစီမံကိန်း အစီရင်ခံစာမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကလည်း ဦးပိုင်နဲ့ ဝမ်ပေါင် အကျိုးကိုကြည့်ပြီး စီမံကိန်းကို ရပ်ဖို့ မပြောတာ သက်သက်မဟုတ်ပါဘူး။ လူနည်းစုအကျိုးထက် နိုင်ငံရဲ့ အကျိုးကို ကြည့်တာပါ။ 

ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ အများကြီး မကြာခင်မှာ ကျွန်မတို့တိုင်းပြည်ကို ဝင်လာဖို့ ရှိပါတယ်။ သို့ပေမဲ့ နိုင်ငံ အသီးသီး၊ စီးပွားရေး လုပ်ငန်းစု အသီးသီးက ရင်းနှီးမြုပ်နှံမဲ့သူတွေဟာ တိုင်းပြည်ထဲ ဝင်မလာခင်မှာ နိုင်ငံရေး အခြေအနေ တည်ငြိမ်မှု ရှိမရှိ၊ ဥပဒေတွေ ခိုင်မာမှု ရှိမရှိ စောင့်ကြည့်နေကြတုန်း ရှိပါသေးတယ်။  အခုလက်ရှိ ဖြစ်ပွားနေတဲ့ ကြေးနီစီမံကိန်းရဲ့ အခြေအနေကိုပါ စောင့်ကြည့်နေကြတာ သေချာပါတယ်။  စီးပွားရေး စီမံကိန်းတွေ စလုပ်ကြပြီးတဲ့နောက်မှ အကြောင်း အမျိုးမျိုးဖြစ်လာပြီး စီမံကိန်းတွေကို လွယ်လွယ်နဲ့ ရပ်ပစ်လိုက်ရင် အဲဒီ နိုင်ငံမျိုးကို တစ်ခြားနိုင်ငံတွေက လာရောက်ရင်းနှီးမြုပ်နှံဖို့ လက်တွန့်သွားမှာ သေချာပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ရောက်မလာရင် တိုင်းပြည် တိုးတက်ဖို့ဆိုတာလည်း နှောင့်နှေးသွားမှာ၊ တိုင်းပြည်နစ်နာသွားမှာပါ။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာမှာ စီမံကိန်းရပ်ပစ်ဖို့ မပြောဘဲ အကောင်းဆုံး ဖြစ်နိုင်မဲ့ လမ်းကို ရွေးချယ်ခဲ့တယ်လို့ ထင်ပါတယ်။  

ကြေးနီ စီမံကိန်းကို ရပ်ဆိုင်းဖို့ အစီရင်ခံစာမှာ ထည့်ရေးလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုကို ပိုရမှာကို သူမသိဘဲ မနေပါဘူး။ သို့သော်လည်း လူထုရဲ့ ထောက်ခံမှုပိုရဖို့ မရဖို့ထက်၊ သူနေရာရဖို့ မရဖို့ထက် တိုင်းပြည်ကောင်းဖို့ကို ကြည့်ပြီး ဆုံးဖြတ်တယ်ဆိုတာ အစီရင်ခံစာမှာ ထင်ရှားပါတယ်။ လူအများ အကြိုက်ကို မလိုက်နိုင်ဘဲ တိုင်းပြည် ဘယ်လိုအကျိုးရှိအောင် လုပ်မလဲ ဆိုတာကို ပိုစဉ်းစားပြီး ပညာတတ်ပီပီ အဆင်ပြေ ချောမွေ့အောင် အမြင်ကျယ်ကျယ်နဲ့ လုပ်ဆောင်တယ်လို့ ထင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမြင်ကျယ်သလို ကျွန်မတို့ ပြည်သူတွေ ကရော အမြင်ကျယ်ဖို့ မလိုအပ်ဘူးလားနော်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒီအစီရင်ခံစာကို လူတိုင်းတော့ လက်ခံနိုင်မှာ မဟုတ်ဘူး ဆိုတာ ကြိုသိနေပုံရပါတယ်။ ဒါကြောင့်လည်း အစီရင်ခံစာကို မကျေနပ်ရင် ဥပဒေဘောင်အတွင်းက တောင်းဆိုကြလို့ ထည့်ပြောခဲ့တာ ဖြစ်ပါတယ်။ 


ကျွန်မတို့ ပြည်သူတွေဟာ အမြင်မကျယ်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တော့လည်း တိုင်းပြည် ဆင်းရဲတာ သူတို့ အမြင်မကျယ်လို့ ခေါင်းဆောင် ညံ့လို့ဆိုပြီး ပြောခဲ့ကြတယ်။ အမြင်ကျယ်တဲ့သူတွေရဲ့ ဦးဆောင်မှုတွေ၊ ဆုံးဖြတ်ချက်တွေကို ကျပြန်တော့လည်း လက်မခံပြန်ဘူး ဆိုရင် ဘယ်လို ခေါင်းဆောင်မှု မျိုးကို လိုအပ်ပါသလဲလို့ မေးရမှာ ဖြစ်ပါတယ်။ ကိုယ့်ဒေသအကျိုးကို ကြည့်တာလည်း ကြည့်ပါ။ သို့သော်လည်း ပိုအရေးကြီးတဲ့ တိုင်းပြည်တစ်ခုလုံးရဲ့ အရေးကိုလည်း ကြည့်ကြဖို့လည်း လိုပါသေးတယ်။ မိမိတို့ ဖြစ်ချင်တာ သက်သက်ထက်၊ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိက ခံစားချက်ထက်လည်း တိုင်းပြည် တစ်ခုလုံးရဲ့အရေးက ပိုအရေးကြီးပါတယ်။ ကျွန်မ အခုလို ရေးလို့ “ခင်ဗျားက အဲဒီဒေသမှာ နေတာ မဟုတ်တော့ ဒေသခံတွေကို ဘယ် ကိုယ်ချင်းစာတတ်မလဲ။ ခုလို ပြောမှာပေါ့”လို့ စွပ်စွဲမယ် ဆိုရင်လည်း ခံရမှာပါဘဲ။ သို့သော် တစ်ခု ပြောချင်တာက ကျောက်စိမ်းတွေ မြေလှန်တူးလို့ သောက်လို့ သုံးလို့မရတော့ဘဲ နောက်ကျိ ဝင်းဝါနေတဲ့ ချောင်းကလေးတစ်ခုရဲ့ ဘေးက စွန့်ပစ်မြေစာပုံတွေ ပတ်လည်ဝိုင်းနေတဲ့ ဖားကန့်ဒေသရဲ့ ရွာကလေးတစ်ခုမှာ ကျွန်မရဲ့အိမ် ရှိပါတယ် ဆိုတာပါဘဲ။ သယံဇာတ ထွက်ရှိတဲ့ နေရာတစ်ခုရဲ့ ဆိုးကျိုးတွေကို ငယ်ငယ်ကတည်းက ခံစားခဲ့ဖူးပြီး ခုလက်ရှိလည်း စစ်ဒဏ်ရော ပတ်ဝန်းကျင် ပျက်စီးမှု ဒဏ်ရော ခံစားနေရတဲ့ နေရာကလေးမှာဘဲ ကျွန်မ မွေးဖွားကြီးပြင်းခဲ့တာ။ မိသားစုတွေ နေထိုင်ဆဲပါလို့ ပြန်ပြောပါရစေ။ တောင်တန်းကြီးတွေ ပျောက်ဆုံးသွားပြီး သစ်ပင်တွေ မရှိတော့တဲ့ ဖားကန့်ဆိုတဲ့ နေရာဟာ သဘာဝ ပတ်ဝန်းကျင်ရော လူနေ ပတ်ဝန်းကျင်တွေပါ ပျက်စီးနေခဲ့တာ ကြာပါပြီ။ နှစ်စဉ် ရေကြီးလို့ မြို့ရွာတွေ ရေမြုပ်ကြတာ၊ တောင်တွေ ပြိုပြီး အသက်အိုးအိမ်တွေ ဆုံးရှုံးရတာတွေ စတဲ့ ဒုက္ခတွေ အများကြီးကို ခံစားနေရတာပါ။ 

သို့ပေမဲ့ သဘာဝ ပတ်ဝန်းကျင်ပျက်စီးလို့ ဖားကန့်မှာ ကျောက်တွေ လာမတူးကြပါနဲ့။ ကျောက်စိမ်းလုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းကြပါလို့ ကျွန်မတို့အနေနဲ့ တောင်းဆိုမှာ မဟုတ်ပါဘူး။ ရှိနေတဲ့ သယံဇာတကို မတူးဖော်ဘဲ ထားထားဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမို့ပါ။ ဒါကြောင့် ဖြစ်နိုင်တဲ့ နည်းလမ်းတွေဖြစ်တဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု နည်းနိုင်သမျှ နည်းဖို့၊ ဒေသခံတွေရဲ့ မြို့ရွာ အိုးအိမ်တွေ မပျက်စီးဖို့ ၊ သယံဇာတ ထွက်တဲ့နေရာတွေ အတွက် လုံခြုံရေး၊ တိုးတက် ဖွံ့ဖြိုးရေးတွေကို ထည့်သွင်း လုပ်ဆောင်ပေးကြဖို့ စတာတွေကို တောင်းဆိုရမှာ ဖြစ်ပါတယ်။ 

ကျွန်မတို့နိုင်ငံဟာ ကမ္ဘာမှာ သယံဇာတ အပေါများဆုံး နိုင်ငံပါ။
သို့သော်လည်း သယံဇာတတွေကို သဘာဝပတ်ဝန်းကျင် ပျက်စီး ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် ဘယ်လို တူးဖော်ရမယ်ဆိုတာ မသိဆုံးနဲ့ ဒေသခံတွေရဲ့ လုံခြုံရေး၊ တိုးတက်ရေးကိုတော့ လစ်လျူ အရှုဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ သယံဇာတတွေ ရှိတဲ့ နိုင်ငံ အနေနဲ့ သယံဇာတပုံကြီးပေါ် ထိုင်ပြီး မထုတ်လုပ်ဘဲ နေဖို့တော့ မဖြစ်နိုင်ပါဘူး။ ထုတ်တော့ ထုတ်ရမှာပါဘဲ။ သို့သော် တိုင်းပြည်ရဲ့ သယံဇာတတွေကို ထုတ်ယူရာမှာ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင်၊ နိုင်ငံခြားကုမ္ပဏီများနဲ့ ဖက်စပ် လုပ်ကိုင်မယ်ဆိုရင် ကိုယ့်တိုင်းပြည်က ဝင်ငွေ ပိုရအောင်၊ ဒေသခံတွေလည်း အကျိုး ခံစားခွင့်ရအောင်၊ ဘယ်လိုပြုပြင်ရမယ် ဘယ်လို အချက်တွေ ထည့်သွင်း စဉ်းစားသင့်တယ်ဆိုတာ လက်ပံတောင်းတောင် စီမံကိန်းကနေ သင်ခန်းစာယူကြပြီး နောက်ထပ် စီမံကိန်းတွေ၊ သယံဇာတ တူးဖော်မဲ့ နေရာတွေမှာတော့ အကောင်းဆုံး လုပ်ဆောင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်မတို့ ပြည်သူတွေကလည်း တိုင်းပြည်အကျိုးကို မျှော်ကိုးပြီး နောက်ဝင်လာမဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ မျှော်ကိုးပြီး လျှော့သင့်တာတွေ လျှော့သင့်တယ်လို့ ထင်မြင်မိပါကြောင်းရှင်။ ဒီစာရေးလို့ သဘောမတူ၊ မကျေနပ်သူများ ဆဲမယ်ဆို ဆဲနိုင်ပါပြီ။ လက်ညောင်းခံ အမုန်းခံ၍ ရေးလိုက်ပြီဖြစ်ပါကြောင်း။
 လက်ပံတောင်းတောင် အစီရင်ခံစာ ထွက်လာပြီးနောက် မှာ ရေးချင် တာ လေးတွေ ပေါ်လာတာရှိလို့ စာနည်းနည်း ရေးပါဦးမယ်။ အစီရင်ခံစာမှာ ပြည်သူတွေ ဘက်ကနေ ဘက်စုံတွေးပြီး ရေးထားတယ် ဆိုတာ သံသယ ဖြစ်စရာမရှိအောင် ပြည့်စုံတယ်လို့ ကျွန်မတော့ ထင်မြင် မိပါတယ်။ အဲ လူတစ်ချို့ လိုချင်တဲ့ စီမံကိန်းကြီး အပြီး ရပ်ဆိုင်းရေး ဆိုတာ ကို ထည့်မရေးထားတာက လွဲရင်ပေါ့နော်။ အစီရင်ခံစာမှာ စီမံကိန်းကို ဆက်လုပ်မယ်ဆိုရင် ဒေသခံတွေ အတွက်လည်း အဘက်ဘက်က စဉ်း စားပြီးမှ ပြုပြင်စရာတွေ အများကြီး ပြုပြင်ပြီးမှ ဆက်လုပ်ဖို့ ရေးထား တာ ကိုလည်း သေချာ တွေ့ရမှာပါ။ ဒေသခံတွေ အတွက် သေချာကို စဉ်း စားပြီးမှ ရေးထားတယ်ဆိုတာ သံသယ ရှိစရာမလိုအောင် ပြည့်စုံတယ်လို့ ထင်မိပါတယ်။ အချို့ကတော့လည်း ထွက်လာတဲ့ အစီရင်ခံစာဟာ စီမံ ကိန်းလုံးဝ ရပ်ဆိုင်းပစ်ရမယ်လို့ မပါတဲ့အတွက် တရုတ်ကို ကြောက်ပြီး ဝမ်ပေါင်အကျိုးကိုကြည့်တယ်။ ဦးပိုင် ဝင်ငွေ မရမှာကို စိုးပြီး စီမံကိန်းကို ရပ်ပစ်ဖို့ ထည့်မပြောထားဘူး ဆိုဘူး ဝေဖန်ကြတာတွေ တွေ့မိပါတယ်။ 
 
မနေ့က ထွက်လာတဲ့ ကြေးနီစီမံကိန်း အစီရင်ခံစာမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကလည်း ဦးပိုင်နဲ့ ဝမ်ပေါင် အကျိုးကိုကြည့်ပြီး စီမံကိန်းကို ရပ်ဖို့ မပြောတာ သက်သက်မဟုတ်ပါဘူး။ လူနည်းစုအကျိုး ထက် နိုင်ငံရဲ့ အကျိုးကို ကြည့်တာပါ။

ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ အများကြီး မကြာခင်မှာ ကျွန်မတို့တိုင်းပြည်ကို ဝင်လာဖို့ ရှိပါတယ်။ သို့ပေမဲ့ နိုင်ငံ အသီးသီး၊ စီးပွားရေး လုပ်ငန်းစု အသီးသီးက ရင်းနှီးမြုပ်နှံမဲ့သူတွေဟာ တိုင်းပြည် ထဲ ဝင်မ လာခင်မှာ နိုင်ငံရေး အခြေအနေ တည်ငြိမ်မှု ရှိမရှိ၊ ဥပဒေတွေ ခိုင်မာမှု ရှိမရှိ စောင့်ကြည့်နေကြ တုန်း ရှိပါသေးတယ်။ အခုလက်ရှိ ဖြစ်ပွားနေတဲ့ ကြေးနီစီမံကိန်းရဲ့ အခြေအနေကိုပါ စောင့်ကြည့်နေကြ တာ သေချာပါတယ်။ စီးပွားရေး စီမံကိန်းတွေ စလုပ်ကြပြီးတဲ့နောက်မှ အကြောင်း အမျိုးမျိုးဖြစ်လာပြီး စီမံ ကိန်းတွေကို လွယ်လွယ်နဲ့ ရပ်ပစ်လိုက်ရင် အဲဒီ နိုင်ငံမျိုးကို တစ်ခြားနိုင်ငံတွေက လာရောက်ရင်းနှီးမြုပ်နှံဖို့ လက်တွန့်သွားမှာ သေချာပါတယ်။
 
 နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ရောက်မလာရင် တိုင်းပြည် တိုးတက်ဖို့ဆိုတာလည်း နှောင့်နှေးသွားမှာ၊ တိုင်းပြည်နစ်နာသွားမှာပါ။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ရဲ့ အစီရင် ခံစာမှာ စီမံကိန်းရပ်ပစ်ဖို့ မပြောဘဲ အကောင်းဆုံး ဖြစ်နိုင်မဲ့ လမ်းကို ရွေးချယ်ခဲ့တယ်လို့ ထင်ပါတယ်။

ကြေးနီ စီမံကိန်းကို ရပ်ဆိုင်းဖို့ အစီရင်ခံစာမှာ ထည့်ရေးလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည် လူထုရဲ့ ထောက်ခံမှုကို ပိုရမှာကို သူမသိဘဲ မနေပါဘူး။ သို့သော်လည်း လူထုရဲ့ ထောက်ခံမှုပိုရဖို့ မရဖို့ထက်၊ သူနေရာရဖို့ မရဖို့ထက် တိုင်းပြည်ကောင်းဖို့ကို ကြည့်ပြီး ဆုံးဖြတ်တယ်ဆိုတာ အစီရင်ခံစာမှာ ထင်ရှားပါ တယ်။ လူအများ အကြိုက်ကို မလိုက်နိုင်ဘဲ တိုင်းပြည် ဘယ်လိုအကျိုးရှိအောင် လုပ်မလဲ ဆိုတာကို ပိုစဉ်း စားပြီး ပညာတတ်ပီပီ အဆင်ပြေ ချောမွေ့အောင် အမြင်ကျယ်ကျယ်နဲ့ လုပ်ဆောင်တယ်လို့ ထင်မိပါတယ်။
 
  ဒေါ်အောင်ဆန်းစုကြည် အမြင်ကျယ်သလို ကျွန်မတို့ ပြည်သူတွေ ကရော အမြင်ကျယ်ဖို့ မလိုအပ်ဘူး လားနော်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒီအစီရင်ခံစာကို လူတိုင်းတော့ လက်ခံနိုင်မှာ မဟုတ်ဘူး ဆိုတာ ကြိုသိနေပုံရပါတယ်။ ဒါကြောင့်လည်း အစီရင်ခံစာကို မကျေနပ်ရင် ဥပဒေဘောင်အတွင်း က တောင်းဆိုကြလို့ ထည့်ပြောခဲ့တာ ဖြစ်ပါတယ်။

ကျွန်မတို့ ပြည်သူတွေဟာ အမြင်မကျယ်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တော့လည်း တိုင်းပြည် ဆင်းရဲတာ သူတို့ အမြင်မကျယ်လို့ ခေါင်းဆောင် ညံ့လို့ဆိုပြီး ပြောခဲ့ကြတယ်။ အမြင်ကျယ် တဲ့သူတွေရဲ့ ဦးဆောင်မှုတွေ၊ ဆုံးဖြတ်ချက်တွေကို ကျပြန်တော့လည်း လက်မခံပြန်ဘူး ဆိုရင် ဘယ်လို ခေါင်းဆောင်မှု မျိုးကို လိုအပ်ပါသလဲလို့ မေးရမှာ ဖြစ်ပါတယ်။ ကိုယ့်ဒေသအကျိုးကို ကြည့်တာ လည်း ကြည့်ပါ။ သို့သော်လည်း ပိုအရေးကြီးတဲ့ တိုင်းပြည်တစ်ခုလုံးရဲ့ အရေးကိုလည်း ကြည့်ကြဖို့ လည်း လိုပါသေးတယ်။ မိမိတို့ ဖြစ်ချင်တာ သက်သက်ထက်၊ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိက ခံစားချက်ထက်လည်း တိုင်းပြည် တစ်ခုလုံးရဲ့အရေးက ပိုအရေးကြီးပါတယ်။ ကျွန်မ အခုလို ရေးလို့ “ခင်ဗျားက အဲဒီဒေသ မှာ နေ တာ မဟုတ်တော့ ဒေသခံတွေကို ဘယ် ကိုယ်ချင်းစာတတ်မလဲ။
 
 ခုလို ပြောမှာပေါ့”လို့ စွပ်စွဲမယ် ဆိုရင်လည်း ခံရမှာပါဘဲ။ သို့သော် တစ်ခု ပြောချင်တာက ကျောက်စိမ်းတွေ မြေလှန်တူးလို့ သောက်လို့ သုံးလို့မရတော့ဘဲ နောက်ကျိ ဝင်းဝါနေတဲ့ ချောင်းကလေးတစ်ခုရဲ့ ဘေးက စွန့်ပစ်မြေစာပုံတွေ ပတ်လည်ဝိုင်းနေတဲ့ ဖားကန့်ဒေသရဲ့ ရွာကလေးတစ်ခုမှာ ကျွန်မရဲ့အိမ် ရှိပါတယ် ဆိုတာပါဘဲ။ သယံဇာတ ထွက်ရှိတဲ့ နေရာတစ်ခုရဲ့ ဆိုးကျိုးတွေကို ငယ်ငယ်ကတည်းက ခံစားခဲ့ဖူးပြီး ခုလက်ရှိလည်း စစ်ဒဏ်ရော ပတ်ဝန်းကျင် ပျက်စီးမှု ဒဏ်ရော ခံစားနေရတဲ့ နေရာကလေးမှာဘဲ ကျွန်မ မွေးဖွားကြီးပြင်းခဲ့တာ။ မိသားစုတွေ နေထိုင်ဆဲပါလို့ ပြန်ပြောပါရစေ။ တောင်တန်းကြီးတွေ ပျောက်ဆုံးသွားပြီး သစ်ပင်တွေ မရှိတော့တဲ့ ဖားကန့်ဆိုတဲ့ နေရာဟာ သဘာဝ ပတ်ဝန်းကျင်ရော လူနေ ပတ်ဝန်းကျင်တွေပါ ပျက်စီးနေခဲ့တာ ကြာပါပြီ။ နှစ်စဉ် ရေကြီးလို့ မြို့ရွာတွေ ရေမြုပ်ကြတာ၊ တောင်တွေ ပြိုပြီး အသက်အိုးအိမ်တွေ ဆုံးရှုံးရတာတွေ စတဲ့ ဒုက္ခတွေ အများကြီးကို ခံစားနေရတာပါ။

သို့ပေမဲ့ သဘာဝ ပတ်ဝန်းကျင်ပျက်စီးလို့ ဖားကန့်မှာ ကျောက်တွေ လာမတူးကြပါနဲ့။ ကျောက်စိမ်းလုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းကြပါလို့ ကျွန်မတို့အနေနဲ့ တောင်းဆိုမှာ မဟုတ်ပါဘူး။ ရှိနေတဲ့ သယံဇာတကို မတူးဖော်ဘဲ ထားထားဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမို့ပါ။ ဒါကြောင့် ဖြစ်နိုင်တဲ့ နည်းလမ်းတွေဖြစ်တဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု နည်းနိုင်သမျှ နည်းဖို့၊ ဒေသခံတွေရဲ့ မြို့ရွာ အိုးအိမ်တွေ မပျက်စီးဖို့ ၊ သယံဇာတ ထွက်တဲ့နေရာတွေ အတွက် လုံခြုံရေး၊ တိုးတက် ဖွံ့ဖြိုးရေးတွေကို ထည့်သွင်း လုပ်ဆောင်ပေးကြဖို့ စတာတွေကို တောင်းဆိုရမှာ ဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံဟာ ကမ္ဘာမှာ သယံဇာတ အပေါများဆုံး နိုင်ငံပါ။
သို့သော်လည်း သယံဇာတတွေကို သဘာဝပတ်ဝန်းကျင် ပျက်စီး ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် ဘယ်လို တူးဖော်ရမယ်ဆိုတာ မသိဆုံးနဲ့ ဒေသခံတွေရဲ့ လုံခြုံရေး၊ တိုးတက်ရေးကိုတော့ လစ်လျူ အရှုဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ သယံဇာတတွေ ရှိတဲ့ နိုင်ငံ အနေနဲ့ သယံဇာတပုံကြီးပေါ် ထိုင်ပြီး မထုတ်လုပ်ဘဲ နေဖို့တော့ မဖြစ်နိုင်ပါဘူး။ ထုတ်တော့ ထုတ်ရမှာပါဘဲ။ သို့သော် တိုင်းပြည်ရဲ့ သယံဇာတတွေကို ထုတ်ယူရာမှာ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင်၊ နိုင်ငံခြားကုမ္ပဏီများနဲ့ ဖက်စပ် လုပ်ကိုင်မယ်ဆိုရင် ကိုယ့်တိုင်းပြည်က ဝင်ငွေ ပိုရအောင်၊ ဒေသခံတွေလည်း အကျိုး ခံစားခွင့်ရအောင်၊ ဘယ်လိုပြုပြင်ရမယ် ဘယ်လို အချက်တွေ ထည့်သွင်း စဉ်းစားသင့်တယ်ဆိုတာ လက်ပံတောင်းတောင် စီမံကိန်းကနေ သင်ခန်းစာယူကြပြီး နောက်ထပ် စီမံကိန်းတွေ၊ သယံဇာတ တူးဖော်မဲ့ နေရာတွေမှာတော့ အကောင်းဆုံး လုပ်ဆောင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်မတို့ ပြည်သူတွေကလည်း တိုင်းပြည်အကျိုးကို မျှော်ကိုးပြီး နောက်ဝင်လာမဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ မျှော်ကိုးပြီး လျှော့သင့်တာတွေ လျှော့သင့်တယ်လို့ ထင်မြင်မိပါကြောင်းရှင်။ ဒီစာရေးလို့ သဘောမတူ၊ မကျေနပ်သူများ ဆဲမယ်ဆို ဆဲနိုင်ပါပြီ။ လက်ညောင်းခံ အမုန်းခံ၍ ရေးလိုက်ပြီဖြစ်ပါကြောင်း။
 --------------------------
 
ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြသသည်.

No comments:

Post a Comment