Wednesday 13 February 2013

လေးမြို့စီမံကိန်းမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများအား ဘင်္ဂလားဒေ့ရှ်သို့ ရောင်းမည်

 
    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် တည်ဆောက်လျက် ရှိသည့် လေးမြို့ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးစီးပါက ယင်းမှထွက်ရှိမည့် လျှပ်စစ်ဓာတ်အားများကို အိမ်နီးချင်းဘင်္ဂ လားဒေ့ရှ်နိုင် ငံသို့ ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုအခါ အဆိုပါ စီမံကိန်း လုပ်ငန်းဆောင်ရွက်မှုအား အရေး အခင်း ဖြစ်ပွားစဉ်မှ စတင်ကာ ရပ်နား ထားကြောင်းနှင့် ယင်းစီမံကိန်း အား တည်ဆောက်လျှင် ယင်းနှင့်အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြ သည့် ကျေးရွာပေါင်း ၁၅ဝ အနက် ၇ဝ ကျော် မှာ ပြောင်းရွှေ့ တည်ဆောက်ရ ဖွယ်ရှိကြောင်းကို လည်း ဒေသခံများက ပြောသည်။
    ''ဇွန်လအတွင်း ဆူပူအကြမ်းဖက်မှုတွေ စဖြစ်ပြီးတဲ့ နောက်ပိုင်း တော့ အဲဒီစီမံကိန်းကို ရပ်ထားတာ ကို တွေ့ရတယ်။ ဘယ်အချိန်ထလုပ် လာမယ်တော့ မသိဘူး။ အဲဒီစီမံကိန်းကို လုပ်ရင်တော့ အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ကျေးရွာပေါင်း ၁၅ဝ ကျော်မှာ ၇ဝ ကျော်လောက်က အဲဒီနေရာ မှာ နေလို့မရတော့ပါဘူး။ ပြောင်းရွှေ့သွားရမယ့် အနေအထား မှာ ရှိပါတယ်။ ပြီးတော့ လေးမြို့မြစ်ရေ ကိုပဲ သောက်သုံးရေအဖြစ် အသုံး ပြုကြတဲ့ စီမံကိန်းရဲ့ အောက်ဘက်မှာရှိကြ တဲ့ ကျေးရွာတွေက လည်း ရေခန်းခြောက်မှုကြောင့် တော်တော်လေး အခက် ကြုံလာနိုင်ပါတယ်'' ဟု လေးမြို့စီမံကိန်း အား လေ့လာ ကြည့်နေသူ တစ်ဦးက ပြောသည်။
   ယင်းအပြင် အဆိုပါစီမံကိန်းအား တည်ဆောက်ပါက လေးမြို့ ဒေသ၏ သဘာဝအလှအပများကို ထိခိုက်ပျက်စီးသွားစေမည်ဖြစ် သည့်အပြင် ဒေသခံများ၏လူမှုစီးပွားဘဝကိုလည်း ထိခိုက်လာမည်ဖြစ် သည့်အတွက် လေးမြို့ဒေသခံများအနေဖြင့် အဆိုပါ စီမံကိန်း အား ရပ်ဆိုင်း ပေးစေလိုကြသည်။
   
 လေးမြို့ဒေသ၏ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံ ရခိုင်တိုင်း ရင်းသားများ၏ လူမှုစီးပွားဘဝကို ထိခိုက်ပျက်စီးစေနိုင်သော လေး မြို့ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်များတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ကျင်းပ ခဲ့သော ရခိုင်တစ်မျိုးသားလုံးအား ကိုယ်စား ပြုသည့် ရခိုင်ဒေသ လူထုအစည်း အဝေးပွဲကြီးမှလည်း ကန့်ကွက်ခဲ့ကြ သည်။
  
အဆိုပါ စီမံကိန်းကို မြောက်ဦးမြို့နယ် ဖပြိုချေကျေးရွာအနီး တွင် ၂ဝဝ၈ ခုနှစ်မှစတင်၍  Shwe Taung Hydropower Co. Ltd နှင့် China Datang Over-scas Investment Co.Ltd-CDOIC  တို့မှ စမ်းသပ်ဆောက် လုပ်နေ ကြခြင်းဖြစ် ပြီး လေးမြို့ချောင်းသည် အကြီးစား ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သည့်နေရာ တစ်ခုဖြစ်သည့်အတွက် လျှပ် စစ်ဓာတ်အား ၅ဝဝ မဂ္ဂါဝပ် တပ်ဆင်နိုင်မည်ဖြစ်ကာ စီမံကိန်းမှ တစ်နှစ် လျှင် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ပမာဏ စုစုပေါင်း ၄၁၁၅ ကီလိုဝပ်နာရီ သန်းအထိ ထုတ်ယူရရှိနိုင် မည်ဖြစ်ကြောင်းနှင့် စတင်တည်ဆောက်ချိန်မှ ငါးနှစ်အတွင်း ပြီးစီးမည်ဟုလည်း သိရသည်။

http://www.zaygwet.com/local_news_detail.php?id=5737
ဆြာက

No comments:

Post a Comment