Wednesday 13 February 2013

ဗမာလူမျိုးထက် ငြိမ်းချမ်းရေးကို ပိုလိုချင်ကြောင်း ဦးနိုင်ငွေသိန်းပြော


ငြိမ်းချမ်းရေးကို ဗမာလူမျိုးတွေထက် ပိုလိုချင်တယ်လို့ မွန်ဒီမိုကရေစီ ပါတီ ဥက္ကဌ ဦးနိုင်ငွေသိန်းက
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျရောက်တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်
နိုင်ငံရေး ပါတီ ၁၃ ခုရဲ ညစာစားပွဲ မှာ ပြောဆိုသွား ပါ တယ်၊ အလားတူ ဒီညစာစားပွဲကို
တက်ရောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင် ကိုကိုကြီးကလည်း ကချင်ဒေသ


ငြိမ်းချမ်းရေးဟာ ပြည်ထောင်စုတစ်ခုလုံးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ ခံယူချက်မျိုး ထားဖို သူက
တိုက်တွန်းခဲ့ပါတယ်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ ( UNA )က ဦးဆောင်
ကျင်းပတဲ့ ဒီညစာစားပွဲကို ရန်ကုန်မြို့ အင်းယားလမ်းနှင့် ဟံသာဝတီလမ်းထောင့်က ရွှေရှမ်းကန်
စားသောက်ဆိုင်မှာ ညနေ ၅း၃၀ နာရီက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၊ မွန်ဒီမိုကရေစီပါတီ နဲ့ ဇိုမီး ၊ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း
စတဲ့တိုင်းရင်းသားပါတီတွေရဲ့ တာဝန်ရှိသူတွေ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ နိုင်ငံခြား
သံတမာန်တွေအပါအဝင် စုစုပေါင်း လူဦးရေ ၁၀၀ ကျော်တက်ရောက်လာခဲ့ကြပါတယ်။

http://www.burmavjmedia.net/?p=19220
 

No comments:

Post a Comment