စစ်တွေရှိ ၁၀နှစ်ခန့် စွန့်ပစ်ခံထားရသော နန္ဒ၀န် ဥယျာဉ် အဆင့်မြင့်
 
 နှစ်ပေါင်း ၁၀နီးပါး ထိန်သိမ်းခြင်း မရှိခဲ့သော ရခိုင်ပြည်နယ် စစ်တွေမြို့
 ကျားမသောက် ကျေးရွှာအုပ်စုရှိ နန္ဒ၀န်ဥယျာဉ်ကို အများပြည်သူ 
အပန်းဖြေအနားယူနိုင်ရန် အဆင့်မြင့်တင်ကာ လွန်ခဲ့သော ဒီဇင်ဘာက စတင်ကာ 
ပြန်ပြုပြင်နေပြီဖြစ်သည်။
 
 ယင်းဥယျာဉ်တွင် ဒေသတွင်း 
သစ်မျိုး၊ ဝါးမျိုးများနှင့် ပန်းအလှပင်များ  ပျိုးထောင်သွားမည်ဖြစ်ပြီး 
တောရိုင်း တိရစ္ဆာန်ငယ်များအား လည်း မွေးမြူပြသသွားမည်ဖြစ်ကာ 
ပျိုးဥယျာဉ်တစ်ခုကိုပါတည်ဆောက်သွား မည်ဖြစ်သည်။
 
  ရေချိုငါးမွေးမြူရေးနှင့် ရေငန်ပုစွန်မွေးမြူရေးကိုလည်း သရုပ်ပြဆောင်ရွက်
 သွားမည်ဖြစ်ကာ ငရုပ်ကောင်းအပင် ၁ဝဝ ခန့် သရုပ်ပြ စိုက်ပျိုးသွား 
မည့်ဖြစ်သည်။ သစ်တောပြခန်းငယ် တစ်ခုပါ ခင်းကျင်းပြသထားမည့် ယင်းဥယျာဉ်တွင် 
ဝန်ထမ်းများကိုပါ စနစ်တကျ တာဝန်ပေးသွားမည်ဖြစ်သည်။
 
  အလားတူ 
မျိုးသန့် ရော်ဘာပင်တစ်ဧကကိုလည်း စိုက်ပျိုးပြသသွားရန်အတွက် 
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာဌာန ဆိုင်ရာများကိုတာဝန်ပေးထားသည်။
 
 နန္ဒဝန်ဥယျာဉ်ကို အများပြည်သူ အပန်းဖြေအနားယူနိုင်ရန်အတွက် ၁၉၈၉ ခုနှစ်၊ 
ဇန်နဝါရီလ ၁၅ ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ 
နှစ်ကာလကြာမြင့်လာနေပြီဖြစ်သည့်အတွက် ထိန်းသိမ်းစောင့်ရှောက်မှု မရှိသဖြင့် ယိုယွင်းပျက်စီးလာနေပြီဖြစ်သည်။
 
 ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သက်ဆိုင် သည့် ဌာနဆိုင်ရာများကို 
ကြီးကြပ်လမ်းညွှန်မှုဖြင့် အဆိုပါဥယျာဉ်အား ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့
 မှစတင်ကာ ပြန်လည်ပြုပြင်ထိန်းသိမ်း မှုများပြုလုပ်နေခြင်းဖြစ်သည်။
 
 ယင်းဥယျာဉ်မြေကို ယခင်က ရွာသားများလုပ်ကိုင်သော မြေဖြစ်ပြီး ၁၉၈၉တွင် အစိုးရ သိမ်းကာ ဥယျာဉ်အဖြစ် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။
 
 ကိုးကား - မာန်ယုကျော်(ရွှေဝမြေ) 
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment