မင်းပြားမြို့ နယ် ထောင့်ချေရွာအား ဘင်္ဂလီတစ်စုက အကြမ်းဖက်မီးရှို့ တိုက်ခိုက်ခဲ့
 Friday, February 15, 2013 
 (၁၄.၂.၂၀၁၂)နေ့ ညအချိန်(၁၁)နာရီခန့် တွင် မင်းပြားမြို့ နယ် ၊ ငဇင်ရိုင်းချောင်းအုပ်စု ထောင့်ချေရွာအား
 ဘင်္ဂလီတစ်စုက အကြမ်းဖက်မီးရှို့ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
 အခင်းဖြစ်ပွားပုံမှာ မနေ့ ည(၁၁)နာရီအချိန်လောက်တွင် 
ဘင်္ဂလီအကြမ်းဖက်(၄၊၅)ယောက်ခန့် သည် ငဇင်ရိုင်းချောင်းအုပ်စု ၊ 
ထောင်ချေရွာ(ရခိုင်တိုင်းရင်းသားရွာ)သို
့ဖြင့်လောင်စာစိမ်ထားသည့် ဘင်္ဂလီတံဆိပ်ပါ ခေါင်းအုံးတစ်လုံးအား 
ရခိုင်တိုင်းရင်းသား နေအိမ်တစ်လုံး၏ခေါင်မိုးပေါ်သို့   စတင်မီးရှို 
့တိုက်ခိုက်ခဲ့ သည်ဟု သိရသည်။
 ထိုဘင်္ဂလီတို့ ၏အကြမ်းဖက်ရှို့ မီးကြောင့် နေအိမ်ခေါင်မိုးမှာ မီးလောင်ကျွမ်းခဲ့ရပြီး အနီးအနားမှာ
 ရွာသားများက မီးလောင်မှုကို မြင်တွေ့ ၍စုဝေးရောက်ရှိလာရာ ထို့ ဘင်္ဂလီအကြမ်းဖက်များ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
 ထိုဘင်္ဂလီအကြမ်းဖက်များမှာ ငဇင်ရိုင်းချောင်းကျွန်းအနီးရှိ ဘင်္ဂလီစမ္ဘလေကုလားရွာမှ ဘင်္ဂလီကုလား
 အကြမ်းဖက်များဖြစ်နိုင်ကြောင်း ထောင့်ချေရွာမှ ရွာသားကိုမောင်ညီ၏ပြောကြားချက်အရ သိရသည်။
 ထိုသို့ အတိအကျပြောဆိုနိုင်ခြင်းမှာ ငဇင်ရိုင်းချောင်းကျွန်းအနီးတွင် ဘင်္ဂလီရွာဟူ၍ ထိုစမ္ဘလေရွာ
 တစ်ရွာသာ ရှိကြောင်းကိုလည်း ကိုမောင်ညီကဆက်လက်ပြောကြားခဲ့ပါသည်။
ယခုအခါ တရားခံများကိုရွာသားများနှင့် ဌာနဆိုင်ရာများက စုံစမ်းဖေါ်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါသည်။
 ယခုကဲ့သို့ မင်းပြားမြို့ နယ်အတွင်းတွင် အကြမ်းဖက်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွားလျက်ရှိနေ ရခြင်းမှာ စမ္ဘေလေ ရွာမှဘင်္ဂလီအကြမ်းဖက်ခေါင်းဆောင် ကျော်ဇံလှ၏နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားမှုကြောင့် ဖြစ်သည်ဟု သိရသည်။
ထိုဘင်္ဂလီအကြမ်းဖက်ခေါင်းဆောင် ကျော်ဇံလှသည် မကြာသေးမီကဖြစ်ပွား ခဲ့သော သေကန်ရွာမှ ရခိုင်တိုင်းရင်းသားတစ်ဦးအား အပြင်းအထန်ဒါဏ်ရာရစေခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုတွင်လည်း ဦးစီး၊ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခုအချိန်ထိ အာဏာပိုင်များက ဖမ်းဆီးအရေးယူခြင်းမပြုဘဲ လွတ်မြောက်နေဆဲ ပင်ဖြစ်ကြောင်း ကိုညီမောင်၏ဆက်လက်ပြောပြချက်များအရ ကြားသိရပါသည်။
        မာရုသူရ
 (လေးမြို့ သတင်းမီဒီယာ)
No comments:
Post a Comment