Friday 15 February 2013

ရွာပြင်ရှိ ကွမ်းခြံစောင့် ယာတဲ ၂ လုံးတွင် ညအိပ်စောင့်နေသူ ၄ ဦးအား ဘင်္ဂါလီ ၁၀ ဦးခန့်မှ တုတ်၊ ဓါးများ ကိုင်ဆောင်ကာ ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မြောက်ဦးမြို့နယ်၊ ဘူးတစ်လုံးကျေးရွာ အုပ်စု၊ ဒုံဘွေကျေးရွာနေ ဦးသာထွန်း (၆၈နှစ်) နှင့် ဇနီး ဒေါ်ဖြူမချေ (၅၈နှစ်)၊ ဦးမောင်ရွှေသန်း (၂၂နှစ်) နှင့် ဇနီး ဒေါ်ဝင်းဝင်းဖြူ (၂၂နှစ်) တို့သည် ရွာအရှေ့မြောက်ဘက် ကွမ်းခြံရှိ ယာတဲ ၂ လုံး၌ ညအိပ်စောင့်နေစဉ် ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် အမည်မသိ ဘင်္ဂါလီ ၁၀ ဦးခန့်မှ တုတ်၊ ဓားများ ကိုင်ဆောင်ကာ ဦးသာထွန်းနှင့် ဒေါ်ဖြူမချေ တို့၏ တဲသို့ ရောက်ရှိလာပြီး ဦးသာထွန်းနှင့် ဒေါ်ဖြူမချေတို့ကို လက်ပြန်ကြိုးတုပ်၍ တိုင်တွင် ချည်နှောင် ထားခဲ့ပါသည်။


အဆိုပါ အမည်မသိ ဘင်္ဂါလီ ၁၀ ဦးသည် ထပ်မံ၍ ဦးမောင်ရွှေသန်းနှင့် ဒေါ်ဝင်းဝင်းဖြူတို့၏ တဲသို့ သွားရောက်စဉ် ဦးမောင်ရွှေ သန်းနှင့် ဘင်္ဂါလီအဖွဲ့တို့ ခိုက်ရန်ဖြစ်ပွားပြီး ဒေါ်ဝင်းဝင်းဖြူ မှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြသည်။

ထို့နောက်တွင် ဒေါ်ဝင်းဝင်းဖြူမှ ဒုံဘွေကျေးရွာရှိ ရွာသားများအား ခေါ်ဆောင်ကာ နံနက် ၈ နာရီ ၃၀ မိနစ် အချိန်တွင် ယာတဲသို့ သွားရောက်ကြရာ ဘင်္ဂါလီများ ထွက်ပြေးသွားပြီး ဦးသာထွန်း၊ ဒေါ်ဖြူမချေ၊ ဦးမောင်ရွှေသန်းတို့ ၃ ဦးကို လက်ပြန်ကြိုးတုပ်၍ ပါးစပ်များကို အဝတ်ဖြင့် ပိတ်နှောင်ထားသည်ကို တွေ့ရှိရ ကြောင်း သတင်းရရှိပါသည်။

ထိုဖြစ်စဉ်တွင် ဦးသာထွန်း၏ ဘယ်ဘက်လက်တွင် ကြိုးဖြင့်ချည်နှောင် ထားသဖြင့် စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဦးရွှေမောင်သန်း၏   နှာခေါင်းတွင် ထိုးကြိတ်ဒဏ်ရာ ၁ ချက်စီရရှိကာ ယာတဲ ၂ လုံးအတွင်းမှ ဓာတ်မီး ၆ လက်၊ လက်ပတ်နာရီ ၁ လုံး၊ ဓားရှည် ၂ ချောင်း၊ ပိုက်ကွန် ၁ ခု၊ ငွေကျပ် ၅ ထောင်ကို ဘင်္ဂါလီများ ဘင်္ဂါလီများမှ ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှန် ပေါ်ပေါက်ရေးအတွက် အမှတ်(၂၆၃) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူး နေလင်းထွဋ် ဦးစီး ၇ ဦးနှင့် မြောင်းဘွေရဲစခန်းမှ ဒုရဲအုပ် စိုးရွှေ ဦးစီး ၆ ဦးတို့ ပူးပေါင်း၍ သတင်းစုံစမ်းဖော်ထုတ်ခဲ့ရာ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ အချိန်တွင် ဝိုင်းဝန်းရိုက်နှက် မှု ဖြစ်စဉ်တွင် ပါဝင်သော အောက်ပါ ဘင်္ဂါလီ ၄ ဦးကို ဆီသည်ရွာအနီးတွင် ဖမ်းဆီးရမိခဲ့ ပါသည် -

(၁) မောဇိရာမောက်၊ ၂၀ နှစ် (ဘ)ဦးအာတီရာမက်၊ ရှမ်းတောင်ရွာ၊ မြောက်ဦးမြို့နယ်။
(၂) အဒူဂျာဇိ၊ ၃၇ နှစ် (ဘ) ဦးမားဒူ၊ လက်မရွာ၊ မင်းပြားမြို့။
(၃) ဒူမာမောက် ၊ ၃၀ နှစ် (ဘ)ဦးဇူလတန်၊ လက်မရွာ၊ မင်းပြားမြို့။
(၄) ဒူဒူလာဖိ၊ ၂၅ နှစ် (ဘ) ဦအာဇန်မာ၊ လက်မရွာ၊ မင်းပြားမြို့ တို့ ဖြစ်ကြပါသည်။

ပါဝင်သူများကို စစ်ဆေးချက် အရ ငါးရှာထွက်လာရာမှ အစာရေစာပြတ်လပ်၍ ကွမ်းခြံထဲသို့ အစား အစာများ ဝင်ရောက်ရောက် ရှာဖွေစဉ် တဲရှင်များရှိနေ၍ အန္တရာယ်မပြုနိုင်ရေး ကြိုးဖြင် ချည်နှောင်ကာ ရိုက်နှက်ခြင်း ဖြစ်ကြောင်း ဝန်ခံ ထွက်ခိုခဲ့ကြပါသည်။

ဖမ်းဆီးရမိသူများကို အရေးယူနိုင်ရေး အမှုဖွင့် ဆောင်ရွက်လျက်ရှိောကာင်းနှင့် ကျန်ရှိသူများအား ဆက်လက် ဖမ်းဆီးနိုင်ရေး နယ်မြေခံ တပ်မတော်နှင့် နယ်မြေခံ ရဲတပ်ရင်းတို့မှ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment